ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, December 10, 2010

တရုတ်သို့တစ်ခေါက်

နိုဝင်ဘာလ ၁၀ ရက်နေ့က ပထမဦးဆုံးအကြိမ် ကိုယ့်နိုင်ငံအပြင်ဘက်ထွက်ဖြစ်တယ်
တ၇ုတ်ကိုဆိုပါတော့ အလုပ်ကိစ္စပါပဲ
သွားရင်းလာရင်း တွေ့ခဲ့မြင်ခဲ့တာတွေနဲ့ ခရီးသွားမှတ်တမ်းလေးသဘောရေးမလို့ပါ
ရန်ကုန်ကနေ မနက် ၉ နာရီခွဲလောက်စထွက်တယ်
ကူမင်းကို နေ့လည် ၁၂နာရီလောက်ရောက်တယ် သူတို့အချိန်ဆိုရင် ၁နာရီခွဲပေါ့
သွားရတဲ့လေယျာဉ်က မီးခြစ်ဆံလောက်ပဲရှိတယ်
သေးသေးလေးရယ် မတ်တပ်ရပ်ရင် ခေါင်းမလွတ်ချင်ဘူး အလယ်မိန်းလမ်းမှာပြောတာ
အဲ့ဒီ ကူမင်းကနေမှ ညနေ ၄နာရီခွဲကျရင် ကွမ်ကျိုးကိုထွက်မယ့်လေယျာဉ်ကိုပြောင်းစီးရမှာ
ညနေ လေးနာရီလောက်ကျတော့ လေယျာဉ်စောင့်နေတယ်
စောင့်နေခိုက် လေယျာဉ် delay တဲ့ ၆နာရီမှ ထွက်ရမယ်လို့ပြောလာတယ်
ကွမ်ကျိုးမှာချိတ်ထားတဲ့သူကို ပြန်ပြော လေဆိပ်က ဆိုင်တစ်ဆိုင်မှာထိုင်နေရတယ်
ရန်ကုန်လေဆိပ်နဲ့ကွာတာက boarding pass လုပ်တဲ့နားမှာ ဆိုင်တွေရှိတယ်
ဆိုင်တွေမှာ ကွန်ပြူတာတွေချထားပေးတယ်
အလကားသုံးပဲ ခက်တာက ကွန်နက်ရှင်က မြန်မာနိုင်ငံထက်မြန်ပေမဲ့
ပိတ်ထားတဲ့ဆိုဒ်က မြန်မာနိုင်ငံထက်တောင်များဦးမယ်
ဖေ့ဘွတ်သုံးမရ ပရောက်စီ ကျော်မရ စိတ်ကိုလေရော
ဒီလိုစောင့်ရင်းနဲ့ ညနေ ၆နာရီထိုးတော့ လေယျာဉ်ပေါ်တက်
ကွမ်ကျိုးကိုထွက်လာတယ် ဒီလေယျာဉ်ကတော့ ကြီးသား
ကွမ်ကျိုးကို ၈နာရီလောက်မှရောက်တယ်
လာကြိုတဲ့သူနဲ့တွေ့တော့ သွားကြည့်ရမယ့်စက်ရုံက ဖူကျင်းမှာတဲ့
ကွမ်ကျိုးမှာ အာရှအားကစားပွဲရှိလို့ ဟိုတယ်တွေမရဘူးတဲ့
ဖူကျင်းကိုဒီည သွားမှဖြစ်မယ်လို့ပြောလို့ metro စီသွားကြတယ်
သုံးဆင့်လောက်စီးပြီးမှ ဖူကျင်းရောက်တယ်
နောက်ဆုံးရထားလို့တောင်ပြောတာပဲ
ဖူကျင်းရောက်တော့ ညဆယ့်တစ်နာရီထိုးတော့မယ်
ဖူကျင်းက ဟော်တယ်မှာညစာစား ပြီးတော့ အိပ်ပေါ့ဗျာ....

ဆက်လက်ရေးသားပါဦးမယ်

သို့.....

ချစ်သူရယ်
ဘ၀အရေးတွေကြောင့်
ကဗျာအတွေးတွေလဲ မထွက်တာကြာပေါ့
ခဏလေးတွေးရင်တောင်
ပြပြလေး ရေးရေးပေါ်လာတာ
လှလှလေး မင်းမျက်နှာပါလားကွာ......

Friday, November 26, 2010

လူကြီးတွေ...

လူကြီးတွေ
အသက်ကြီးလို့ လူကြီးဖြစ်နေကြတာလား
တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောဖို့ပဲတွေးနေကြတာလား
တစ်ယောက်နဲ့နေရင် နောက်တစ်ယောက်အကြောင်းမကောင်းပြောမယ်
တခြားတစ်ယောက်နဲ့နေရင် အရင်တစ်ယောက်အကြောင်းမကောင်းပြောတယ်
သူတို့ကိုယ်သူတို့ အရမ်းလူကြီးပီသပြီး အရမ်းယောင်္ကျားကောင်းဆန်တယ်ထင်နေကြတယ်
ကိုယ့်ကိုကိုယ် အမြင့်ဆုံးကိုတင်ပြီးပြောတတ်ပေမယ့်
တစ်ခြားလူတစ်ယောက်ကို သူ့ရဲ့ခြေဖျားအောက်က အမှုန်လေးကိုတောင်
မမီတဲ့သဘောနဲ့ပြောတတ်ကြတာ ဘာသဘောလဲ
ဒါက လူကြီးဆန်တာလား
ယောင်္ကျားကောင်းပီသတာလား
စကားပြောရင်လဲ ရှေ့နောက်မညီကြဘူး
အခုတစ်မျိုး တော်ကြာတစ်မျိုး
အမျိုးမျိုးကိုပြောင်းနိုင်ကြပါပေတယ်
တစ်ခါတစ်ခါကျရင်
ဘယ်သူ့ကိုဘယ်လိုယုံကြည်ရမှန်းကိုမသိတော့ဘူး
အရင်ထဲကလည်း ဘာကိုမှ အယုံအကြည်သိပ်မထားတတ်တဲ့သူ
အခုတော့ ပိုဆိုးသွားအောင်လုပ်နေကြတာလား
ဘာကိုဖြစ်စေချင်နေကြတာလဲ
ဘယ်လိုမှ နားလည်ပေးလို့မရတော့ဘူး
အောင်မြင်မှုကိုတည်ဆောက်ချင်တယ်
လူကြီးပိုင်းမှာ နားလည်မှုတွေအပြည့်ရှိနေတယ်
ဒီလိုတွေအမျိုးမျိုးပြောနေကြပေမဲ့
ကွယ်ရာမှာ ကွဲပြားနေကြတာကို
အမျိုးမျိုး လှစ်ဟာပြနေကြတာ
ရှေ့နောက်မညီကြတာ
မစဉ်းစားမိကြတာများလား...........

Tuesday, October 19, 2010

အဝေးပြေးကားပေါ်မှ

ကျွန်တော်က ကုမ္ပဏီဝန်ထမ်းဆိုတော့
ခရီးက ခဏခဏ ထွက်ရတယ်ဗျ
တစ်ခါတစ်လေ ရုံးကားနဲ့ထွက်တာရှိသလို
တစ်ခါတစ်လေတော့လဲ အဝေးပြေးကားစီးဖြစ်ပါတယ်
အဝေးပြေးကားစီးဖြစ်တဲ့အခါ အဆင်မပြေတာလေးတွေ
အမြင်မတော်တာလေးတွေရှိတယ်ဗျ
တစ်နေ့က အဝေးပြေးကားစီးတော့
ဘေးနားကလူ အလယ်မှာ မိန်းလမ်းတော့ခြားတယ်
သူက ဘယ်လိုထိုင်နေလဲဆိုတော့
အများတစ်ကာလို နဲနဲနောက်မှီထားတယ်
ဒါပေမဲ့ အရှေ့ခုံကို ဒူးခေါင်းထောင်ပြီးထောက်ထားတယ်ဗျ
ဒီတော့အရှေ့ခုံက မှီလို့မရပဲ မတ်မတ်ကြီးပေါ့
အမှန်ဆိုရင် ဒူးကအောက်ချထားသင့်တာ
သူ့အရပ်က ကျွန်တော့လောက်မရှိပါဘူး
ကျွန်တော်တောင်လွတ်သေးတာ သူက မလွတ်တာတော့မဖြစ်နိုင်ဘူးထင်တယ်
ကားထွက်လို့ ခဏနေတော့ ရှေ့က လူက မှီဖို့အတွက် ခလုပ်ကိုနှိပ်နေတယ်
ဒါပေမဲ့ ဟိုလူ ထောက်ထားတော့ မှီလို့မရဘူးလေ
ဒါနဲ့အမြင်မတော်တာနဲ့ပဲ ကျွန်တော်ဝင်ပြောလိုက်ရတယ်
အဲ ဒါတော့ နားထောင်သားဗျ
ဖယ်ပေးလိုက်တယ် အစောထဲက သိတတ်ရင် ပြောစရာမလိုဘူးပေါ့ဗျာ
နောက်တစ်ခုက ဒူးနဲ့ထောက်ထားတာက ရှေ့ကလူအတွက် ကသိကအောင့်ဖြစ်စေတယ်
နောက်မှီထိုင်နေတဲ့အတွက် သူ့ဒူးခေါင်းက ကျောကို ထောက်ထားသလိုဖြစ်ပြီး
ခိုးလိုးခုလုနဲ့ အဆင်မပြေပါဘူး
နားလည်မှုလေးတွေတော့ရှိသင့်တယ်ထင်ပါတယ်ဗျာ..........

ထက်သူရ

Monday, October 18, 2010

please Q !!!

အခုတစ်လော အမြင်မတော်တာတွေများနေတယ်ဗျာ
ဟိုနေ့က ပုံစံ ၁၇ လုပ်ဖို့ မြို့နယ်အခွန်ရုံးသွားတယ်
လိုအပ်တဲ့ပုံစံဖြည့် လိုအပ်တာတွေပေးပေါ့ဗျာ
ပြီးတော့ စာရေးက အခွန်ဦးစီးမှူးဆိုလား သွားတွေ့ပါတဲ့
အခန်းထဲမှာ လူတစ်ယောက်ရှိတယ်
အပြင်မှာ အစ်မကြီးတစ်ယောက်ကအလှည့်စောင့်နေတယ်
ဒါနဲ့ ကျွန်တော်လဲ သူ့နောက်က၀င်မယ်ပေါ့
စောင့်နေတာ အထဲကလူကလည်း တော်တော်နဲ့မပြီးဘူး
နာရီဝက်လောက်ကြာတယ်
သူထွက်လာတော့ ကျွန်တော့ရှေ့က အစ်မကြီးဝင်သွားတယ်
သူလဲ ၁၅မိနစ်လောက်တော့ကြာမယ်
ကျွန်တော်စောင့်နေတုန်းမှာ ရှေ့က အစ်မကြီးမထွက်ခင်
လူတစ်ယောက်က စွတ်ကနဲ ၀င်သွားတယ်
ဘာမပြော ညာမပြောနဲ့
အစ်မကြီးထွက်လာတော့ ကျွန်တော်လိုက်ဝင်သွားတာပေါ့
ဒီတော့ အဲ့ဒီ အရာရှိက ပြောတယ်
အထဲမှာလူရှိသေးလို့ အပြင်မှာစောင့်ပါတဲ့
မသိရင် ကျွန်တော်ကပဲ အလိုက်မသိ ၀င်လာသလိုမျိုး
ဒါနဲ့ သူကအရှေ့ကဖြတ်ဝင်သွားတာလို့ ပြောပြီးပြန်ထွက်လာတယ်
ဖြတ်ဝင်သွားတဲ့သူလဲ ပြန်ထွက်လာတော့ ကျွန်တော့ကို လာတောင်းပန်ပါသေးတယ်
ဒါပေမဲ့ မဖြစ်သင့်ဘူးလေ
ကျွန်တော်တစ်ယောက်ထည်းစောင့်နေတာဆိုလဲ မသိတာထား
ကျွန်တော့အနောက်မှာ လူသုံးယောက်လောက်ရှိသေးတာ
ဒါကို မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား
ရုံးတွေကိုလာတဲ့သူတွေတိုင်း အိမ် ဒါမှမဟုတ် အလုပ်မှာ အရေးကြီးကိစ္စရှိနိုင်ကြတာပဲလေ
ကိုယ်တစ်ယောက်ထည်းအရေးကြီးတယ်ရယ်လို့ ဘယ်ဟုတ်နိုင်ပါ့မလဲ
လူတွေဘာလို့ ကိုယ်ကျိုးပဲကြည့်ပြီး တစ်ခြားလူတွေကို ထည့်မတွက်ကြတာလဲ
တန်းစီလိုက်ရင် ပိုအဆင်ပြေနိုင်တာကို ဘာကြောင့် တိုးခွေ့နေကြမှာလဲ
ကျေးဇူးပြုပြီး တန်းစီပေးကြပါခင်ဗျာ.......


ထက်သူရ

Thursday, September 16, 2010

နှင်း၇လွှာဖုံးထားတဲ့နှလုံးသား

အခန်းနံရံပေါ်မှာ
ပြက္ခဒိန်အသစ်တစ်ခုလဲခဲ့ပြီ
အတောင့်တဆုံးပန်းတစ်ပွင့်ဆီက
ဘယ်လိုရနံမျိုးမှ ထွက်ကျမလာခဲ့ဘူး
နှင်း၇လွှာဖုံးထားတဲ့နှလုံးသားမို့
အေးစက်စိမ်းကားတာလားချစ်သူ
အစိမ်းရောင်နှင်းဖွဲဖွဲအောက်က
ကိုယ့်နှလုံးသား
မင်းရဲ့နှလုံးအိမ်မှာ
တစ်ကြိမ်လောက်ဖြစ်ဖြစ်
ဆောင်းခိုပါရစေ။

A new calender
Have arrived on the wall of my room.
From most longing flower
Come out no perfume.
Cos' your heart
surrounded by seven layers of snow
Cold heart upon me?
May my heart
Under fine green snow
Hibernate just a time
In your heart.

Light ဂျာနယ်ထဲက ကဗျာတစ်ပုဒ်ပါ
ကြာတော့ကြာပြီ
ကြိုက်လို့ အလွတ်ရနေတာ
ပြန်ဝေမျှလိုက်ပါတယ်

ထက်သူရ

Tuesday, September 14, 2010

စတုတ္ထအကြိမ်ကထိန်အလှူ

အရင်တစ်ခေါက်တင်ဖူးပါတယ်
ဘလောဂါအသိသိပ်မရှိတာကြောင့်
အခုမှ နဲနဲလေး သိလာကြလို့
ပြန်တင်လိုက်တာပါ
ကထိန်လဲနီးလာပြီမို့လို့ပါ
တတ်နိုင်သလောက်လေးများ
မိဘမဲ့ကလေးများအတွက် ၀ိုင်းဝန်းကူညီကြပါဦးလို့....


စတုတ္ထအကြိမ်မြောက် Planet ယူဇာမောင်နှမများ စုပေါင်းကထိန် နှင့် ပရဟိတ အလှူ

ကျွန်တော်တို့ မောင်နှမတစ်တွေ (စတုတ္ထ)အကြိမ်ထပ်မံလှူတဲ့ ကထိန်အလှူပဲဖြစ်ပါတယ်
ပလန်းနက်ယူဇာမောင်နှမတွေအားလုံးစုပြီးလှူဒါန်းတဲ့ ကထိန်အလှုဖြစ်ပါတယ်
အရင်နှစ်တွေကလည်း ပလန်းယူဇာမောင်နှမတွေစုပြီး လှူဒါန်းခဲ့ပါတယ်
အဲ့ဒီကထိန်အလှုကို အခြေခံပြီး ကျွန်တော်တို့ ပလန်းနက်ယူဇာမောင်နှမတွေအနေဖြင့်
(စတုတ္ထ)အကြိမ် ထပ်မံလှူဒါန်းကြမှာဖြစ်ပါတယ် ….

အခု (စတုတ္ထ)အကြိမ်လှူဒါန်းမည့်ကထိန်အလှူက
ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန
ပြင်ဦးလွင်မြို့
မန်းလေးတိုင်း
၃၃မိုင် ၇ဖာလုံ၊ မန်း+လွင်လမ်းဘေးအတက်လမ်း တွင် ကထိန်အလှူကို လှူဒါန်းမှာဖြစ်ပါတယ်

ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတော်တွင် ဆရာတော် (၁၅)ပါး
ပရဟိတကျောင်းသား နှင့် ဆရာ၊ဆရာမများအားလုံး (၁၀၀၀) နီးပါးရှိပါတယ် ။

(စတုတ္ထု)အကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ (21.11.2010 )မှာ ကျင်းပဖို့.. စီစဉ်ထားပါတယ်..
ကျွန်တော်တို့မောင်နှမတွေနဲ့ အတူ အွန်လိုင်းယူဇာတွေလဲ.. ပါဝင်ကုသိုလ် ယူနိုင်ဘို့ရယ်..
ကျွန်တော်တို့မောင်နှမတွေရဲ့ ပီတိကို မျှဝေခံစားနိုင်ဘို့ရယ် ရည်စူးပြီး အလှူငွေကို..လက်ခံကောက်ယူဖို့..စဉ်းစားခဲ့ကြပါတယ်..

အလှူငွေတွေကို..အဝေးတစ်နေရာကနေ ဘဏ်မှတဆင့် ငွေလွှဲနိုင်ဖို့အတွက်
ကျွန်တော်တို့မောင်နှမများရဲ့ အမည်နဲ့ မှတ်ပုံတင်နံပါတ်များကိုရေးထားပေးပါ့မယ်
ကထိန်အလှူငွေများကို.. ဘဏ်မှသော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်းပေးပို့ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက်
သက်ဆိုင်ရာယူဇာများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များ၊ ဂျီတော့ လိပ်စာများကိုရေးသားဖော်ပြပေးပါမယ်..
၎င်း ယူဇာများနှင့်ဆက်သွယ်၍လှူဒါန်းမှုပြုနိုင်ပြီး ငွေလွှဲပြီးပါက သက်ဆိုင်ရာ ယူဇာထံ မေးပို့၍အကြောင်းကြားပေးပါခင်ဗျာ

အခုဖော်ပြပါ ယူဇာမောင်နှမများထံသို့ အလှူငွေများဆက်သွယ်လှူဒါန်းနိုင်ပါတယ်

စင်္ကာပူ

ကိုဝင်းဇော်နိုင်
winzawnaing@gmail.com
၀၆၅-၉၁၈၃၀၁၉၁
( ဘဏ်အကောင့် )
Posb Saving : 186-45149-0

ကိုဇော်ဇော်မင်း (ကိုရွှေပုလိပ်)
zawzawmin@gmail.com
၀၆၅-၉၇၂၇၁၇၇၅

မငြိမ်း(လွမ်းသူ့အိမ်မက်)
(khinchothet@gmail.com)
၀၆၅-၉၁၈၂၅၅၉၃

မဇင်ဝါ၀ါကျော် ( hoshi )
Zwwk.kyaw@gmail.com
၀၆၅-၉၀၉၅၅၈၂၈

မလေးရှား

ကိုဟန်သူထွန်း (teecock)
teekock.chanthar.pyaeson@gmail.com
Faculty of Veterinary Medicine, 43400 UPM Serdang,
Universiti Putra Malaysia, Selangor, Malaysia.
+60 176477918
Bank Account - 12150086961521 CIMB


ရန်ကုန်

ကိုတင်ထွန်းအောင် (id001czy)
၁၄/ကပန(နိုင်)၁၃၅၀၃၂
(id001czy@gmail.com)
500123၊ 501677၊ 501678 (ရုံးချိန်အတွင်း)
(M.O.B Bank ) လှိုင်မြို့နယ်၊ (KBZ Bank) ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊

ကိုဟိန်းစည်သူ
၁၂/သခန(နိုင်)၀၉၆၂၅၅
(lusein.friend@gmail.com)
09-9922738
( KBZ ) (ဘုရင့်နောင်ဘဏ်ခွဲ)

ထက်သူရအောင်
၁၂/တမန(နိုင်)၁၀၂၆၁၃
အမှတ်၉၅ ဓမ္မစိန္တာလမ်း ပုသိမ်ညွန့်(စံပြ)ရပ်ကွက်
တာမွေမြို့နယ် ရန်ကုန်မြို့။
ရန်ကင်းရိုးမဘဏ်
၀၉၉၉၂၀၂၆၈
htetthuraag.enics@gmail.com


မသန္တာ
( thanda.pauline@gmail.com)

မလှသက်မွန် (Thet Mon)
၁၂/အလန(နိုင်)၀၃၉၈၆၆
295886၊ 200399 (ရုံးချိန်အတွင်း)
ရိုးမဘဏ်(ဗိုလ်တစ်ထောင်ဘဏ်ခွဲ)
(thetmon.planet@gmail.com)

မလဲ့လဲ့ဝင်း (Bone)
၁၂/မရက(နိုင်)၁၃၄၈၆၃
291822၊ 297688 (ရုံးချိန်အတွင်း)
ရိုးမဘဏ်(ဗိုလ်တစ်ထောင်ဘဏ်ခွဲ)
(chartakema@gmail.com)

မန္တလေး

ကိုသစ်လွင်ထွန်း (နာဇီ)
၉ / ပဥလ(နိုင်) ၀၁၁၆၄၃
Ph – 085-28045 ( ရုံချိန်အတွင်း )
ရိုမဘဏ် ( ပြင်ဦးလွင်)
( starfalls.nazy@gmail.com)

ကိုစိုးဝင်းဟန် (ဂျူလိုင်)
၉ / အမဇ (နိုင်) ၀၀၇၃၀၂
02 -91001461
ရိုမဘဏ် ( ရတနာပုံဘဏ်ခွဲ)
( julydream2007@gmail.com)

မသန်းသန်းနု ( ဖြူလေး)
၁၃ / လရန ( နိုင်) ၁၀၅၇၆၅
Nice Internet Café
၇၃လမ်း - ၂၇ နှင့် ၂၈ ကြား မန္တလေး
ရိုးမဘဏ် / KBZ ဘဏ် ( ရတနာပုံဘဏ်ခွဲ )
( wgwhitegirl@gmail.com )


ငွေလွှဲကြောင်းကို ဖိုရမ်ပေါ်မှဖြစ်စေ ပီအမ်ဖြင့် ဖြစ်စေ.. ဂျီတော့မှဖြစ်စေ အကြောင်းကြားနိုင်ပါသည်... ပူးတွဲဖော်ပြပါဘဏ်မှ ငွေလွှဲရန်အခက်အခဲရှိသူများအနေဖြင့် မိမိလွှဲမည့် ဘဏ်နှင့် ငွေပမာဏကို ဖိုရမ်ထက်တွင် ဖော်ပြခြင်း(သို့) ဖုန်းဖြင့်အဆက်အသွယ်ပြုခြင်း(သို့)ဂျီတော့ဖြင့်ဆက်သွယ်၍ ငွေလွှဲနိုင်ပါတယ်ခင်ဗျာ..


အလှူငွေစာရင်းပိတ်မည့်ရက်အား (1.11.2010)ရက်နေ့ သတ်မှတ်ထားပါတယ်ခင်ဗျာ မောင်နှမများမှ လှူဒါန်းသည့် အလှူငွေများကို ရန်ကုန်တွင် မလှသက်မွန် (သက်မွန်) မန်းလေးတွင် မသန်းသန်းနု ( ဖြူလေး) တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ငွေစာရင်းအား မလဲ့လဲ့ဝင်း ( Bone ) မှ တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ် ….

(၂၁-၁၁-၂၀၁၀) မှာ ကထိန်သင်္ကန်းကပ် ၊ ဘုန်းကြီးဆွမ်းကျွေး ၊မိဘမဲ့ကလေးများကို ထမင်းကျွေးမှာဖြစ်ပါတယ်
ညနေပိုင်းမှာ ဌာနေအသီးသီးသို့ပြန်လည်ထွက်ခွာကြမှာ ဖြစ်ပါတယ်...
ယူဇာမောင်နှမများအတွက် အစားအသောက်အစီစဉ်ကို ကျွန်တော်တို့မောင်နှမများမှ အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးသွားမှာဖြစ်ပါတယ် ။

ရန်ကုန်မှမောင်နှမများအနေဖြင့် လိုက်ပါမယ်ဆိုလျှင် နောက်အကျဆုံး ( ၁ - ၁၁ - ၂၀၁၀ )ရက် ထက်နောက်မကျပဲ အကြောင်းကြားပေးပါရန် ။ ( ကျွန်တော်တို့မောင်နှမတွေ သွားရေးလာရေး အဆင်ပြေပြေဖြစ်အောင်စီစဉ်နိုင်ရန်အတွက်ပါ)

ကျွန်တော်တို့မောင်နှမတွေအနေနဲ့... မိမိတို့နဲ့အတူတွေ့ဆုံခင်မင်ခဲ့ကျတဲ့မိတ်ဆွေအပေါင်းအသင်းတွေကို...
ကျွန်တော်တို့မောင်နှတွေ (စတုတ္ထ)အကြိမ်လှူဒါန်းတဲ့ ကထိန်အလှူမှာလဲ.. ကျွန်တော်တို့နဲ့အတူထပ်ပြီးကုသိုလ်ရကြပါစေလို့ ရည်ရွယ်ပြီး ဖိတ်ကြားခြင်းဖြစ်ပါတယ်..
ပလန်းနက်ယူဇာမောင်နှမများအနေနဲ့.. ကျွန်တော်တို့မောင်နှမတွေရဲ့ စေတနာကို.. သိရှိလက်ခံနိုင်ကြမယ်လို့မျှော်လင့်ယုံကြည်မိပါတယ် …

ပလန်းနက်ပရဟိတမောင်နှမများ
Planetdonationfamily@gmail.com
www.planetfamily.ning.com
http://www.planet.com.mm/forums/index.cfm/linkpage/topic/forum_id/52/Topic_Id/101619/page/2

Friday, September 10, 2010

အမှီရှိမှ

ဘုရားရှင်တောင် အမှီရှိမှပွင့်ရတယ် တဲ့
ဒီလိုပြောနေကြတာ ကြားဖူးမြင်ဖူး ဖတ်ဖူးပါတယ်
ဒါပေမဲ့ တစ်ကယ်ရောဟုတ်လို့လား
ဘုရားရှင်ပွင့်တော်မူတာ သူကိုယ်တိုင်ရဲ့
ကြိုးစားအားထုတ်မှုကြောင့်ပါ
ဗောဓိပင်နဲ့ ဘာမှမဆိုင်ပါဘူး

အခုအချိန်တွေမှာ
အမှီအခိုလေးတွေ
လိုအပ်သင့်သလောက်လိုအပ်တယ်ဆိုတာ
မငြင်းပါဘူး
တစ်ချို့ကိစ္စတွေမှာ
တစ်ခုခုကိုအမှီသဟဲပြုပြီး
လုပ်ဆောင်ရတာတွေရှိပါတယ်

ဒါပေမဲ့ အမှီဆိုတာကိုပဲ
အားကိုးနေမှာလား
ကိုယ်ကိုတိုင်ရော ဘာမှမလုပ်ကြတော့ဘူးလား
အမှီရှိမှတိုးတက်တယ်ဆိုပေမဲ့
အမှီရှိလို့ ဆုတ်ယုတ်နေတာတွေလဲ
တွေ့နေရတယ်

မှီခိုစရာ လူရှိနေလို့ရှိရင်
မှီခိုနေတဲ့သူတွေဟာ
ကိုယ်ပိုင်မလုပ်ချင်ကြတော့ဘူး
အကုန်လုံးကိုမဆိုလိုပါဘူး
မြင်သမျှကတော့ ဒီအတိုင်းပဲ

ရှိသမျှကိစ္စတွေအကုန်
ဒီလူ လုပ်ပေးမှာပဲဆိုပြီး
ဘာမှလုပ်ချင်စိတ်မ၇ှိကြတော့ဘူး

မျှော်စ၇ာ၇ှိနေ၇င်
ဒါကိုမျှော်နေပြီး
ငါအချိန်တန်၇င်၇မှာပဲ ဆိုတဲ့စိတ်နဲ့
ဘာမှမလုပ်ကြတော့ဘူးလေ

မြင်နေ၇တယ်
သူငယ်ချင်းတွေဆီမှာ
မိတ်ဆွေတွေဆီမှာ
မသိတဲ့သူတွေဆီမှာ
အမျိုးမျိုးပေါ့လေ
တာဝန်ယူနေရတဲ့သူတွေက
စိတ်ပူပန်နေရသလောက်
မှီခိုနေတဲ့သူတစ်ချို့ကတော့
သူတို့ကိစ္စဖြစ်တာတောင်
သူတို့နဲ့မဆိုင်သလို
နေတတ်ကြပါပေတယ်ဗျာ.......

ထက်သူရ

Tuesday, September 7, 2010

ဆေးလိပ်


ဆေးလိပ်
ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်တဲ့အရာပါလိမ့်
ဖြတ်ဖို့ ကြိုးစားနေခဲ့တာလဲ ကြာနေပြီ
အခုထိလဲ ဖြတ်လို့မရသေးဘူး
ဘယ်အရာကိုမှ လေးလေးနက်နက်မထားတတ်တဲ့ငါ
ဘာကိုမှ စွဲလမ်းမှု သိပ်မထားတတ်တဲ့ငါ
လိုအပ်ရင် စိတ်ပြတ်တတ်တဲ့ငါ
ဒီဆေးလိပ်မှ ဘာလို့မပြတ်နိုင်ရတာလဲ
ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူး
ပထမ လူက ဆေးလိပ်သောက်တယ်
အခု ဆေးလိပ်က ဆေးလိပ်ကိုပြန်သောက်နေပြီ
ဆေးလိပ်က လူကို မသောက်ခင် ဖြတ်ရတော့မယ်

ထက်သူရ

Monday, September 6, 2010

၁၂၃၄

(၁)ခါပဲပြောမယ်
(၂)ခါမပြောဘူး
(၃)စရာလိုနေလို့
(၄)လေးစားစားပြောမယ်
(၅)သိန်းလောက်ချေးပါ။
(၆)ခြားမသွားပါနဲ့
(၇)လထဲကြာမှာပါ
(၈)ကျပ်တိုးပေးပါ့မယ်
(၉)စားချင်လို့ပါ
(၁၀)မပေးကြပါဗျာ...

ချေးချင်သူများအမြန်ဆက်သွယ်ပါ
ကျွန်တော်က သစ္စာရှိပါတယ်
ယူပြီးရင်ဘယ်တော့မှ ပြန်မပေးဘူး
ဟီးဟီး


ထက်သူရ

Wednesday, August 25, 2010

အိမ်

လူ၇ယ်လို့ဖြစ်လာပြီဆို၇င်
စားဝတ်နေေ၇းအတွက်ကြိုးစားကြ၇တာပဲလေ
ဒီထဲကမှ နေထိုင်ဖို့အတွက် နားခို၇ာ အိမ်လေးတစ်လုံးတော့
လူတိုင်းနီးပါးလိုချင်ကြတာပဲမဟုတ်လား
ကျွန်တော်လဲ အခုလောလောဆယ်
အိမ်တစ်လုံးလိုချင်နေတယ်
ဖြစ်ချင်တာတော့ကြာပါပြီ
ဒါပေမဲ့ အခုတော့ တကယ်ကို လိုချင်နေမိတယ်ဗျာ
ဒီတော့ မေးစ၇ာ၇ှိလာတယ်
အခု ကျွန်တော်ဘယ်မှာနေနေသလဲလို့
ဟုတ်ကဲ့ ကျွန်တော်အခုလဲ အိမ်တစ်လုံးမှာပဲနေနေတာပါ
ငှားထားတဲ့အိမ်လား????
မဟုတ်ပါဘူး အပိုင်ပါ
ဒါပေမဲ့ ဘိုးဘွားပိုင်ဆိုပါတော့
ဒီအိမ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာရပိုင်ခွင့်ရှိပါတယ်
ပြောရရင် တစ်ဝက်ကို ကျွန်တော်ပိုင်တယ်
ဒါပေမဲ့ ဒါကို ကျွန်တော် မမက်ဘူး
ကျွန်တော်လိုချင်တာက ကိုယ်ပိုင်အစွမ်းနဲ့ ရထားတဲ့ အိမ်
ကျွန်တော်ကိုယ်တိုင် ရှာဖွေလို့ရတဲ့ အိမ်
ဖြစ်လာအောင်တော့လုပ်နေတယ်
အခက်အခဲတော့ရှိတာပေါ့ဗျာ
ဘယ်လောက်ကြာဦးမလဲဆိုတာလဲ မသိသေးဘူးဗျ
တစ်နေ့တော့ဖြစ်လာမှာပါ
အကြာကြီးအချိန်ဆွဲထားမှာလဲမဟုတ်ပါဘူး
ကျွန်တော်တောင့်တတာက
ကိုယ်ပိုင်တဲ့အိမ်လေးမှာ ကိုယ်ပိုင်မိသားစုလေးနဲ့
နွေးထွေးတဲ့ဘ၀လေးတစ်ခုကို တည်ဆောက်ချင်တာပါပဲ...

ကျွန်တော်စိတ်ထဲရှိတာကို အချိန်ပေးဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်....


ထက်သူရ

Thursday, August 19, 2010

မင်္ဂလာဆောင်မလား????

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ..

ကျားဆိုတာ တောဘုရင်(တောမျက်နှာဖုံး)ဆိုတော့ တောနေလှေအောင်း မြင်းဇောင်းမကျန် ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့ .. အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံးအချိန်ရောက်တော့ ပရိသတ်တွေလည်း
စုံစုံလင်လင် ရောက်နေတာပေါ့ .. ..

အဲလောက် ပရိသတ်များများမမြင်ဘူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာ ထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ .. ..

“ ကိုနွား”

“ဘာလဲကွ”

“ဒီလောက်စည်ကားတဲ့မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော” လို့ပြုံးပြုံးကြီးပြောသတဲ့ .. .. ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက
ဘိတ်သိတ်သီချင်း တီးပါလေရော …. …. ဒီမှာတင် .. ခုနကနွားထီးကြီးက ထ ကတော့တာကိုး ..
.. .. ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့
.. ..

“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့ … ကိုနွားက .. ..

“ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လိုကပြောသတဲ့ .. .. ဒီတော့ မျောက်ကမေးတာပေါ့ .. .. “ ကိုနွားကလဲ ကြံကြီးစည်ရာဗျာ .. ခင်ဗျားက နွား ဟိုက ကျား လားလားမှ မဆိုင်တာပဲ” လို့ ပြောတော့ ကိုနွားက
.. ..

“ ညီလေးမျောက် .. လောကမှာမင်းမသိတာတွေ အများကြီးရှိတယ်ကွ”

“ တကယ်တော့ ညီလေးရေ ခုမင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့ … .. ဒီမှာတင်မျောက်က .. “ ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်း ဟုတ်လား .. ဟားဟား … မဖြစ်နိုင်တာဗျာ
လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့ .. .. ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့
ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့ .. ..


“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ” .. ..

စဉ်းတော့ စဉ်းစားစရာပဲ....
အဟတ် အဟတ်..

ထက်သူရ

နောက်ဆုံးဖယောင်းတိုင်

တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။
အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့
အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို
လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊
တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား
နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။
ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ
အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ
မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။
စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။
ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု
ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား
ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။
``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ
ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊
သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း
ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့
တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့
လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့
ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ
ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့
ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ
မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊
သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


-----------
forward mail ထဲကရတာပါ
ဟုတ်တယ်ဗျ နားလည်မှုပေးလိုက်ရင်
ကိစ္စတော်တော်များများ ပြေလည်သွားတတ်တယ်

ဒါပေမဲ့ဗျာ ခက်နေတာက
ကိုယ်ကနားလည်ပေးထားပေမဲ့
ကိုယ့်ကိုပြန်နားလည်မပေးတဲ့သူတွေနဲ့
ကြုံနေရတာပဲ...............

တတ်နိုင်သလောက်တော့ နားလည်ပေးထားပါတယ်ဗျာ...


ထက်သူရ

Tuesday, August 17, 2010

သံလွင်အိပ်မက်မှ ဟာသများ

ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

ဆရာမ။ ။ ကလေးတိုရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲသိသလား
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’


ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’

Wednesday, August 4, 2010

ငါလိုချင်တာ

ငါလိုချင်တာ ဘာလဲ
ပုံမှန်လစာတစ်ခုလား
အခုလဲ ရနေတာပဲ
အခုရနေတာက မိသားစုတစ်ခုအတွက်
လုံလောက်နိုင်တယ်
ဒါပေမဲ့
ငါ အလုပ်မလုပ်နိုင်တဲ့အချိန်တွေမှာ
ဘာနဲ့နေမှာလဲ

ငါတကယ်တမ်းဖြစ်ချင်တာဘာလဲ
ကိုယ်ပိုင်အလုပ်လား
ဟုတ်တယ်
ငါကိုယ်ပိုင်အလုပ်လုပ်ချင်တယ်

ဘာတွေလိုအပ်လဲ
အရင်းအနှီး
ငွေကြေး နဲ့ စီးပွားရေးအမြင်
ငွေကြေးကတော့ ရှာရဦးမယ်
စုရဦးမယ်
စီးပွားရေးအမြင်ကရော

အခုလောလောဆယ် လုပ်နေတဲ့အလုပ်မှာ
စီးပွားရေးအမြင်တိုးတက်နိုင်တယ်
တိုးတက်အောင်လဲ လုပ်နေတယ်...
ငွေကြေးအရင်းအနှီးအတွက်ကလည်း
ဒီကနေ ရနိုင်တယ်

လက်ရှိလုပ်နေတဲ့ လုပ်ငန်းပေါ်မှာ
အကောင်းဆုံးလုပ်နေရင်
ငါလိုချင်တာဖြစ်ဖို့
လိုအပ်တဲ့ အရာတွေ ရနိုင်တယ်

ေ၀၀ါးနေတဲ့စိတ်တွေကို
တည်ငြိမ်အောင်ထိန်းဖို့ပဲလိုတယ်..

ထက်သူရ
မင်းလုပ်နိုင်ပါတယ်............

Friday, July 30, 2010

ညစ်ပေသွားသော အဖြူ

ငယ်စဉ်တောင်ကျေး
ကလေးဘ၀က
အရာရာကို
အကောင်းမြင်ကာ
လောဘမတွယ်
ဒေါသဖယ်သည့်
အဖြူရောင်လေးဖြစ်ခဲ့သည်။

ကြီးပြင်းလာရ
လူ့ဘ၀တွင်
ဒေါသကြီးမား
လောဘများ၍
မောဟတွယ်တာ
လူများစွာနှင့်
ကြုံတွေ့ရသည်
အဖြူရောင်လေး
ညစ်ခဲ့ပြီ.....


ထက်သူရ

Wednesday, July 28, 2010

မှန်ကိုဝင်တိုက်သူ

စာရေးသူတွင် မိတ်ဆွေတစ်ဦးရှိသည်။
ထိုသူမှာ မွေးရာပါရောဂါတစ်ခုကြောင့် နားလုံးဝလေးနေပြီး
မျက်စိမှာလည်း မြင်ရရုံသာရှိတော့သည်။
သူ၏အလုပ်မှာ ဓမ္မဆရာဖြစ်သည့်အလျှောက်
အမြင်အကြား ထိုမျှချွတ်ယွင်းနေသည့်တိုင်
တရားဟောသောအလုပ် ဂီလာနများထံသွားရောက်အားပေးသောအလုပ်များကို
အခြေမပျက် ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။
နားကြားကိရိယာကိုအသုံးပြုပြီး သူတစ်ပါးစကား နားထောင်သည်။
ရယ်စရာပါလျှင် တဟားဟားနှင့် ရယ်တတ်သည်။
သူသည် သူတစ်ပါးတို့ထံ မိမိကိုယ်ကို ဖြန့်ချီပေးဝေနေသကဲ့သို့
တချိန်ထည်းမှာပင် ထိုပေးဝေသည့်အလုပ်အပေါ်မှ ချမ်းသာသုခ ပြည့်ပြည့်၀၀
ခံစားရလျှက်ရှိပေသည်။

တစ်ခုသော ခရစ်စမတ်တွင် ကျွန်တော်သည် သူနှင့်အတူ
အလွန်လူစည်ကားနေသော ကုန်စုံဆိုင်တစ်ခုသို့ ရောက်ရှိခဲ့သည်။
ဆိုင်အ၀င်အထွက်တံခါးတွင် အတွင်းဘက်မှ ကြည့်မှန်ကြီးတစ်ချပ်
တပ်ထားရာ ဆိုင်မှပြန်ထွက်သည့်အခါ မိတ်ဆွေသည်
မှန်ထဲတွင်ဘွားခနဲ ပေါ်လာသော သူ့အရိပ်နှင့် ပက်ပင်းတိုးမိလေသည်။
သို့သော်သူက သူ့ပုံရိပ်မှန်းမသိ လူတစ်ယောက်ဆိုင်အတွင်းဝင်လာတာပဲဟု
ထင်မှတ်ပြီး တစ်ဖက်သို့ ဖြတ်ခနဲ ရှောင်ပေးလိုက်သည်။
ပုံရိပ်ကလည်း သူ့ဘက်သို့ လိုက်ရှောင်သည်။
သူရှေ့ဘက်ထွက်ပြန်၏။သူ့ပုံရိပ်နှင့် တည့်တည့်တိုးပြန်၏။
နောက်သို့တစ်ဖန် သူဆုတ်၏။

ထိုအချိန်တွင် သူ့အားအံ့အားသင့်စွာ ငေးကြည့်နေသူတွေ
ရှိနေကြပေပြီ။ သို့သော် မည်သူမျှဘာလုပ်ရမှန်း ဘာပြောရမှန်း
မသိကြပေ။

တတိယအကြိမ်မြောက် ရှေ့တိုးမိသည့်အခါမူ ကြည့်မှန်တစ်ချပ်ရှေ့သို့
ရောက်နေကြောင်းသူသတိပြုမိသွားသည်။
`ဟား...လက်စသတ်တော့ ကျုပ်ကိုယ်တိုင်ပဲကိုး´ဟု
ဆဆိုလိုက်ပြီး သူ့ကိုယ်သူ ဦးညွတ်အရိုအသေပြုသည်။
`တွေ့ရတာ ၀မ်းသာပါတယ် သူငယ်ချင်း၊ ခရစ်စမတ်မှာ ပျော်ရွှင်ပါစေကွာ´ ဟု
သူနှုတ်ခွန်းဆက်လိုက်သည့်အခါ ဆိုင်ထဲက လူအားလုံး
ဝမ်းမြောက်အားရစွာ ရယ်မောမိကြလေသည်။
ရယ်သံများကြားမှာ တီးတိုးမှတ်ချက်ချသံ တစ်ခု ကျွန်တော်ကြားလိုက်ရသည်။
`တစ်ကယ်တော်တဲ့ လူဗျာ´တဲ့။

ဘာကိုတော်သည်ဟု ထိုသူပြောပါသလဲ။
အရှိကို အရှိအတိုင် ပဂတိ မတွန့်ဆုတ်ပဲ
လက်ခံနိုင်သော စွမ်းရည်ကိုမြင်သောကြောင့်
တော်သည်ဟု ချီးမွန်းခဲ့ခြင်းသာဖြစ်ပေသည်။
အားနည်းချက်ကို အရိုးခံအတိုင်း လက်ခံနိုင်သောစိတ်သည်သာလျှင်
ထိုအားနည်းချက်၏ ရိုက်ပုတ်မှု ဖိစီးနှိပ်စက်မှုကို တွန်းလှန်နိုင်ပေသည်။

ထိုကဲ့သို့ဖြစ်အောင် မည်သို့ လုပ်ဆောင်ရမည်နည်း။
နည်းလမ်းကတော့ တွေ့ကြုံလာသော
အခက်အခဲ ပြဿနာများကို ရဲရဲရင်ဆိုင်ပြီး
တွန့်ဆုတ်ခြင်းကင်းစွာ သုံးသပ်နိုင်ဖို့ဖြစ်ပေသည်။
ထိုမျှမက မည်သို့ပင်ဖြစ်စေဟူသော စကားအတိုင်း
ဆက်လက် တိုက်ပွဲဝင်ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ပင်ဖြစ်ပေသည်။

ဖေမြင့်၏ မည်သို့ပင်ဖြစ်စေ စာအုပ်မှ....

Saturday, July 24, 2010

ဘ၀ကံကြမ္မာတို့၏သဘော

သင်၏ဘ၀ ကံဆိုးမိုးမှောင်ကျနေပြီဟု သင်ထင်နေပါသလား။
သင်မလိုလားသောအရာတွေ သင်ကြောက်ရွံ့သောအရာတွေ မအောင်မြင်မှုတွေ
ရှုံးနှိမ့်မှု၊ မကျန်းမာမှု၊ ၀မ်းနည်းပူဆွေးရမှု အစရှိတာတွေအားလုံး
သင့်အားစုပြုံ နှိပ်စက်နေပြီဟု ခံစားရပါသလား။

အစောပိုင်းသင်အောင်မြင်စဉ်နှစ်များက
သင်မလိုအပ်သောအကူအညီများကို
ပေးချင်လွန်းလို့ တန်းစီနေခဲ့သည့် သင့်မိတ်ဆွေတွေ
ယခုတစ်ကယ်လိုပါပြီဆိုမှ ပျောက်ချင်းမလှ ပျောက်ကုန်ကြပြီလား။

ငါ့ဘ၀သည် မျှော်လင့်ချက်ကင်းသော
ကုန်းစောင်းအတိုင်းလှိမ့်ဆင်းသွားပြီဟု
သင်ယူဆနေပြီလား။

စိတ်မပျက်ပါနှင့်။တစ်လောကလုံး၏အမှောင်ထုသည်
ဖယောင်းတိုင်မီးလေးမျှကိုပင် ငြိမ်းသတ်နိုင်စွမ်းမရှိတာကို သတိရပါ။
သင်စိတ်ပျက်လက်လျှော့မသွားသေးသမျှ သင့်အားမည်သူမျှ အနိုင်မယူနိုင်ပါ။

စင်စစ်လောကဟူသည်လည်း သင့်အားတမင်နှိပ်စက်နေခြင်းမဟုတ်ပေ။
သို့သော် လောကသည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သော်ကြောင့်
ဆုပေးရန်မနှောင့်နှေးသလို ဒဏ်ပေးရန်လည်း တွန့်ဆုတ်ခြင်းမရှိ။

ဘ၀အတွေ့အကြုံသည် ဆရာကောင်းတစ်ဆူလည်းဖြစ်သည်။
သူသည် သင့်အား ဘ၀သင်ခန်းစာများနှင့်စပ်လျှင်းပြီး အမြဲစစ်ဆေးနေမည်သာဖြစ်သည်။
သင့် သန္နိဌာန်တွေ ဘယ်လောက်ခိုင်မာသလဲ သူအကဲခတ်လိမ့်မည်။
သင့် အရိုးအကြောတွေ ဘယ်လောက်သန်မာသလဲဆုံဖြတ်ရန်
သင့်ကို ခက်ခဲပင်ပန်းမှုများနှင့် ထိပ်တိုက်တွေ့ဆုံပေးလိမ့်မည်။

သင့်အားထုတ်မှု ပျက်ပြားအောင် နည်းအမျိုးမျိုးနှင့် အနှောင့်အယှက်ပေးခြင်းဖြင့်
သင့်ကို နိုးနိုးကြားကြားရှိစေလိမ့်မည်။
သင့်အားနည်းချက်ကိုဖြည်းတင်းကာ သင့်အားကြံ့ခိုင်မာကြောသူဖြစ်လာအောင်
လေ့ကျင့်ပေးလိမ့်မည်။

ဘ၀ဆရာ၏ လေ့ကျင့်ခန်းအမျိုးမျိုးကို ခံယူလေ့ကျင့်ပြီးမှသာ
ကြီးမားသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ လူတစ်ကာထက်
ထူးခြားသော အောင်မြင်သူတစ်ဦးဖြစ်လာနိုင်သည်။

လူ့ဘ၀၏ ထူးခြားချက်က လူတစ်ယောက်၏ ဘ၀မှာ
တစ်ကြိမ်တစ်ခါတော့အရေးနှိမ့်မှု ကြုံရခြင်းပင်။
ထိုအဖြစ်မျိုးနှင့်ကြုံရလျှင် အများစုက လက်မြှောက်အရှုံးပေးသွားကြသည်။
တစ်ချို့ဆိုလျှင် အရေးမနှိမ့်ခင်မှာပင် ငါရှုံးတော့မည်ဟု
ကြိုတင်လက်မြှောက်သွားတတ်ကြသည်။
အလွန်ရှားပါးသောလူတစ်ချို့သာ မအောင်မြင်မှု
ဘယ်လောက်ကြုံသော်လည်း အလျှော့မပေးသော ဇွဲဖြင့်ကြိုးစားတတ်ကြသည်။

သို့သော် ထိုအခက်အခဲကြုံရခြင်းသည်လည်း
တစ်ခဏသာဖြစ်သည်။ယာယီအခက်အခဲမျှသာ
ထိုထက်လုံးဝမပို။ဘ၀ခရီးတစ်လျှောက်
ခလုတ်တိုက်မိသော ကျောက်ခဲမှန်သမျှသည်
နင်းလျှောက်သွားရမည့် ကျောက်တုံးများပင်ဖြစ်လေသည်။

ထိုအခက်အခဲများနှင့်ရင်ဆိုင်ရစဉ်မှာ
သင်ဘယ်လိုခံစားသလဲပေါ်မူတည်သည်။
ငါရှုံးပြီဟု ခံယူကာမှိုင်တွေငေးမောနေလျှင်
နောက်ထပ်ပိုဆိုးသော ဘေးဒုက္ခတွေကို
လမ်းဖွင့်ပေးသလိုဖြစ်ပြီး သင့်ဘ၀ တကယ်ပင် တောင်စောင်းအတိုင်း
တောက်လျှောက်လိမ့်ဆင်းသွားပေမည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်ကြိမ် အရေးနှိမ့်သည့်တိုင်
အရှုံးထဲမှ အမြတ်ရအောင်ယူနိုင်သူများအဖို့
မအောင်မြင်ပျက်စီးမှုများသည် နောင်တစ်ချိန်မုချရောက်ရှိမည့်
အောင်မြင်မှုပန်းတိုင်ကို မရောက်မီ မလွှဲမရှောင်သာ
နင်းဖြတ်သွားရမည့်လှေကားထစ်များ ခရီးလမ်းမှတ်တိုင်များပင်
ဖြစ်သွားရပေသည်။........

ဖေမြင့်၏ အားပြင်းတဲ့မြားတစ်စင်း စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်

Friday, July 23, 2010

ပရောက်စီကျော်ရသောပြဿနာ

မြန်မာနိုင်ငံမှာနေရတာ ဒီတစ်ခုတော့
တော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ်
ကျန်တာကတော့ နဲနဲရိုးနေပြီဆိုတော့မပြောတော့ပါဘူး
ဘလော့ရေးတော့မယ်ဆိုရင် ဟိုကျော်ဒီခွလုပ်နေရတာ
ဟိုပရောက်စီသုံးလိုက်
ဒီပရောက်စီသုံးလိုက်နဲ့
အရင်ကတော့ ကုလားပရောက်စီ ဆိုတာကိုသုံးတယ်
တော်တော်လေးကိုအဆင်ပြေတယ်
ဘလော့နဲ့ပတ်သက်တဲ့ ကွန်မန်းတွေအကုန်သုံးလို့ရတယ်
အခုတော့ အဲ့လာသုံးလို့မရတော့ပြန်ဘူး
လောလောဆယ်တော့ psi ဆိုတာ သုံးနေတယ်
သိပ်တော့မပြေလည်လှဘူး
ပုံထည့်လို့မရ အရောင်ထည့်လို့မရ
ဘလော့ပုံစံပြင်မရနဲ့
ရေးလို့ရနေတာလေးတစ်ခုပဲအဆင်ပြေတယ်
ဘယ်တော့များမှ ကိုယ်ရေးချင်တာကို
ပရောက်စီမကျော်ပဲ ရေးလို့ရမယ်မသိပါဘူး.....

ဘာကြောင့်လဲ

အရင်အချိန်တွေမှာ
တည်ငြိမ်နေတတ်တဲ့ ငါ့နှလုံးသား
မင်းနဲ့တွေ့ရင်
လှိုင်းထသွားတတ်တာ
ဘာကြောင့်လဲ

အရင်အချိန်တွေမှာ
စကားတတ်လွန်းတဲ့မင်းက
အချစ်စကားလေးကြားလိုက်ရရင်
တိတ်ဆိတ်သွားတတ်တာ
ဘာကြောင့်လဲ

ငါလိုကောင်ကလည်း
နင့်ကိုမှ
ရူးရူးမူးမူး
ချစ်နေခဲ့မိတာ
ဘာကြောင့်လဲ

နင်ကလည်း
ငါ့အပေါ်မှာ
သူငယ်ချင်းထက်
မပိုနိုင်တာ
ဘာကြောင့်လဲ...

ရေးထားတာတော့ကြာပီ
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကထင်တာပဲ
အခုအထိလဲ သူငယ်ချင်းပဲပေါ့လေ

သူငယ်ချင်းရေ
သတိတော့ရသားဟ....

Tuesday, July 13, 2010

............

လွမ်းတယ်ပြောရအောင်
ချစ်သူမဟုတ်ဘူး။
သတိရတယ်ပြောရအောင်
သူငယ်ချင်းမဟုတ်ဘူး။
ဆွေးတယ်ပြောရအောင်
ဇတ်လမ်းလည်းမရှိဘူး။
မမေ့ရက်နိုင်ဘူးပြောရအောင်
မှတ်မှတ်ရရလည်းမရှိခဲ့ဘူး။
ရင်နာတယ်ပြောရအောင်
နာကြည်းစရာအကြောင်းလည်းမရှိခဲ့ဘူး။
မုန်းတယ်လို့ပြောရလောက်အောင်မချစ်ခဲ့ရပြန်တော့………

သူငယ်ချင်းတစ်ယောက်ထံမှ ကူးယူဖော်ပြပါသည်။

ထက်သူရ

Monday, June 28, 2010

ကြောက်စိတ်

ကြောက်စိတ်
မောင်သစ်ဆင်း

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ
လက်ရွေးစင်ထဲက မင်းတုန်မင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကိုသင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာပညာသင်ြကားခဲ့ရတယ်။
တစ်နေ့ မှာ အင်းသားကြီးငကြူးက ငါးခြောက်ြပားကြီး တစ်ပြားလာပြီးလှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ြကိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။နောက်တစ်နေ့ ဆရာတော်ဆွမ်းဘုန်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှရှာဖွေမေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်
ဟဲ့…….ငလွင် မရသေးဘူးလား လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ
ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့ အကြောင်းကို တင်လျှောက်ရတော့တယ်။
ငလွင်……လာခဲ့ လို့
ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲံ ဆရာတော်ရဲ့ အသံက ကျောင်းသားတွေရဲ့
နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့ …ငလွင် နင်ဟာ ဘုရင့်သား အကြောင်းညီညွတ်ရင်
နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့်သူ
ဒီလိုလူက ငါးခြောက်ပြားတစ်ချပ်တောင် လုံခြုံအောင်မစောင့်ရှောက်နိုင်ရင်
နိုင်ငံကို နင်ဘယ်လိုလုံခြုံအောင် စောင့်ရှောက်မလဲ လို့
မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက် ဆုံးမပါသတဲ့။
ဒီဆောင်းပါးကိုသင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို
ဖြေခိုင်းပါတယ်။
မေးခွန်းတစ်ခုက စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့
အဓိပ္ပါယ်ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။
အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကိုဝေ့ပြီးကြည့်တယ်။
တစ်တန်းလုံးကလဲ ငြိမ်လို့။ ဆရာဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။
ဆရာက အဖြေလွှာတစ်ရွှက်ကိုဆွဲထုတ်ပြီး အဲ့ဒီကျောင်းသားကိုပေးလိုက်တယ်။
ဒါ မင်းအဖြေလား။ ဟုတ်ပါတယ်ဆရာ၊ အေး..တစ်တန်းလုံးကြားအောင် ဖတ်စမ်းးး။
နည်းနည်းအံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း
ဆရာတော်ရဲ့ အဲ့ဒီမနက်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်
မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီးကြီးမားနေနိုင်ကြောင်း၊ ပြီးတော့
ဒီကိစ္စဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမပြီးလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ် ထင်အောင် ရိုက်နှက်ဆုံးမခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုန်းမပေးသင့်သည်ကိုသတိရသင့်ကြောင်း၊ ဆရာတော်ကိုယ်တိုင်က
ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါပဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်နေကြောင်း၊ အသားနာမှ အရိုးစွဲမည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတော် တစ်ခုလုံးကို အင်္ဂလိပ် လက်ထဲ ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း၊ အဲ့ဒီလိုတွေ
ဖြေထားတယ်ဗျ။
တစ်တန်းလုံး တစ်ခိခိ နဲ့ ရယ်ကြတယ်။သူတစ်ကြောင်းဖတ်လိုက် ခိခိနဲ့ ကြိတ်ရယ် လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။
မင်း ငါ့ကို နောက်နေတာလား။
ဟာ…… မဟုတ်ပါဘူး ဆရာ၊ ကျွန်တော်မေးခွန်းကိုဖြေတာပါ
ကဲ အားလုံး သူဖြေတာကိုလက်ခံကြသလား၊ တစ်ယောက်စီမေးမယ်။
ကဲ …… မင်းကစ၊ သူဖြေတာမှန်သလား မှားသလား။
ပထမဆုံးအမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက်ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကိုကြည့်လိုက်၊
ဆရာ့ကိုကြည့်လိုက် ဘေးဘီကိုကြည့်လိုက်နဲ့။
ကျွန်တော့စိတ်ထဲမှာတော့ အဲ့ဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေမိတယ်။
ကျွန်တော်လဲ သူ့လိုခံစားမိတာပဲ။ ဒါပေမဲ့ သူ့လိုမဖြေတတ်ဘူး။
သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ပြီးတော့ သူ့လို မဖြေရဲဘူး။
တစ်တန်းလုံးလိုလိုလဲ ကျွန်တော့လိုပဲထင်တယ်။ သူတို့မျက်နှာကိုကြည့်ရင်
သိသာပါတယ်။
ဟေ့ကောင်…..ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။
တစ်ကယ်တော့ ဆရာက မှန်သလား၊ မှားသလား ဆိုတဲ့ မေးခွန်းနှစ်ခုကို
မေးနေတယ် မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ဝန်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ ပြောပြီးသား
ဖြစ်နေပါပြီ။ ဆရာကကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်လို့
ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲ့ဒီကျောင်းသားလဲ သဘောပေါက်ဟန်တူပါရဲ့။
သူဖြေတာ မှားပါတယ်။ ဟုတ်ပြီ နောက်တစ်ယောက်
မှားပါတယ်။ နောက်တစ်ယောက်။ မှားပါတယ်……
တစ်ယောက်ပြီးတစ်ယောက်မေးလာလိုက်တာ
ကျွန်တော့အလှည့် ရောက်လာပါတယ်။
ကျွန်တော်ထရပ်လိုက်ပါတယ်။ အသက်တစ်ချက် ပြင်းပြင်းရှုလိုက်တယ်။
မှားပါတယ်။
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။
ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။
ထူးခြားတာက ကျောင်းသားအားလုံးလဲ ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲ့ဒီကျောင်းသားကို နောက်ပြောင်မှုနဲ့
အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း
ကျွန်တော့် ခန္ဓာကိုယ်တစ်နေရာမှာ နာသွားသလိုပါပဲ။
ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပါပဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲ့ဒီကျောင်းသား ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလို တပည့်မျိုး
ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာလဲ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။
အဲ့ဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ဗျာ။ဒါ ဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူနေပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။
ဖြေရဲသူရှိလာတာတောင် ကျွန်တော်တို့ ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ၊ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ……..။
ခက်ထန်တဲ့ အမူအရာတွေ။
အဲ့ဒီလို ကျွန်တော်တို့ရဲ့ သွေးထဲမှာ ကြောက်စိတ်တွေပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ ကြောက်ပွင့်တွေ တစ်ဝေေ၀ နဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေရှိရင်လည်း
ကျွန်တော်တို့ ဘာမှ မပြောရဲဘူး။ အပြုဘက်ကမြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ် ဆိုတာ သိသိကြီးနဲ့ အထက်လူကြီး မကြိုက်မှာစိုးလို့
ကျွန်တော်တို့ အကြံမပြုရဲဘူး ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထား
တွေကိုလဲ ဘယ်သူကမှ မတောင်းကြဘူးလေ။
သင်ခဲ့တဲ့ ပညာတွေ စာအုပ်ထဲပြန်သွားလဲ သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာလဲ
ဘယ်နေရာမှာနေတယ်လို့ ကျွန်တော်မြင်ပေမယ့် ဒါပြောရမယ့်ကိစ္စလို့ မထင်တော့ဘူး။
တဖြည်းဖြည်းနဲ့ ကျွန်တော်မှန်တယ်လို့ထင်လာတယ်။
ကျွန်တော့အထက် အဆင့်ဆင့် အောက်အဆင့်ဆင့်က လူတွေအားလုံးက ဒါကိုမှန်တယ်လို့ ထင်လာကြရင်ဖြင့်….ဌာန မနာဘူးလား
တိုင်းပြည်မနာဘူးလား ပညာရပ်အနေနဲ့ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး
နာပါတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့
ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေလက်ထဲမှာ တုတ်တစ်ချောင်းနဲ့ ……
ဘယ်လိုဖြစ်ကြတာလဲကွာ..၊ ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင်မလုပ်ပဲ
ကမြင်းတာလေ ပန်းကန်းတစ်လုံး ကွဲပြီ၊
ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ…..
တော် စာပိုဒ်ထဲက ဟာတွေလာမပြောနဲ့ ပန်းကန်တစ်လုံးဘယ်လောက်အောက်မေ့လို့လဲ
ရှင့်ဝင်ငွေက ဘယ်လောက်………….
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးတွေနဲ့
ကျွန်တော့ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။
ဒါပေမဲ့ ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့မျက်လုံးတွေလိုပဲ
ဖြစ်နေတာကြာပါပြီကောလား သားရယ်…………..။

Thursday, June 17, 2010

မော်ဒယ်လ်ဂဲ

အရိုးစုခြောက်
လမ်းထလျှောက်သော်
မျက်မှောက်ခေတ်ထဲ
`မော်ဒယ်လ်ဂဲ´ တဲ့

ရပိုင်ခွင့်

လူတိုင်းမှာရပိုင်ခွင့်ကိုယ်စီရှိကြပါတယ်
တစ်ဦးနဲ့တစ်ဦးတော့မတူနိုင်ကြဘူးပေါ့
လူတစ်ချို့က ကိုယ့်ထက်ပိုထူးချွန်လို့
ရပိုင်ခွင့်ပိုနေရင် သိပ်မပြောတတ်ကြပေမဲ့
ကိုယ့်ထက်မထူးချွန်တဲ့သူတွေ
ရပိုင်ခွင့်ပိုရနေရင်တော့ မကျေနပ်တတ်ကြပါဘူး
ကျွန်တော်ရော
ဒီလိုပါပဲ မကျေနပ်တာတော့ရှိတာပေါ့
ဒါပေမဲ့ တစ်ခုကြားဖူးတယ်
`သူတစ်ပါးရဲ့ ရပိုင်ခွင့် ကို မနာလိုမဖြစ်ပါနဲ့´တဲ့
ဟုတ်တယ်ဗျ
ကိုယ့်လောက်မတော်ပေမဲ့ သူ့မှာရပိုင်ခွင့်ရှိနိုင်တဲ့
အခြေအနေရှိနေတယ်လေ
ရပိုင်ခွင့်တစ်ခုရှိဖို့က
၁။အရည်အချင်း
၂။အဆက်အသွယ်
၃။ဘ၀ပေးကံအခြေအနေ တွေလိုသေးတာကိုးဗျ
အရည်အချင်းနဲပေမဲ့
အဆက်အသွယ်နဲ့ ကံ ကောင်းရင် ကိုယ့်ထက်ရပိုင်ခွင့်ပိုနိုင်ပါတယ်
သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်တဲ့သူတွေထဲမှာ
အထင်ရှားဆုံးတွေကတော့
နိုင်ငံရေးသမားတွေပဲထင်တယ်(ကျွန်တော့အမြင်နော်)
ဒီတော့ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်နေမယ့်အစား
ကိုယ့်ရဲ့ရပိုင်ခွင့်ကို အကောင်းဆုံးဖြစ်အောင်အသုံးချပြီး
ရပိုင်ခွင့် ပိုတိုးနိုင်အောင်
ကြိုးစားကြရအောင်လားဗျာ........
(ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)


ထက်သူရ

Wednesday, June 16, 2010

တကယ်လား

ငါကြိုးစားနေတယ်ဆိုတာ
တကယ်လား
ငါအလုပ်လုပ်နေတယ်ဆိုတာ
တကယ်လား
ငါအခြေအနေတစ်ခုရောက်အောင်
လုပ်နေတယ်ဆိုတာရော
တကယ်ပဲလား
တစ်ခုကြားဖူးတယ်
`တကယ်ကြိုးစားတဲ့သူဟာ
ပန်းတိုင်ကိုကြိုရောက်နေသူပဲ´တဲ့
ငါကြိုးစားနေတယ်ဆိုပြီး
ကိုယ့်ကိုကိုယ်လိမ်နေမိတာလား
အခုသေချာတာကတော့
ငါ ဘာမှလုပ်ချင်စိတ်မရှိပဲ
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတာပဲ
ငါဘာလုပ်သင့်သလဲ.....
စိတ်တွေပြန်စုစည်းမိအောင်
ဘာတွေလုပ်ရမလဲ.....

ကိုယ်ကိုယ်တိုင်သည်သာ

ကိုယ့်အားကိုယ်ကိုး
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
ကိုယ့်ကိုကိုယ်ထိန်း
ကိုယ့်ကိုဒုက္ခအပေးနိုင်ဆုံးလူက
ကိုယ်ကိုယ်တိုင်ဖြစ်သလို
ကိုယ့်ကိုအစွမ်းထက်စေနိုင်တာကလဲ
ကိုယ်ကိုယ်တိုင်ပဲ............

Saturday, May 22, 2010

Eleven Journal မှ ကာတွန်းများ






http://www.news-eleven.com

မလွယ်ပါလား

ရည်းစားထားရတာ
ဘယ်ဘက်ရင်အုံ
အရမ်းအလုပ်ရှုပ်တာပဲ

အကြောင်းအမျိုးမျိုးကြောင့်
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသား ပုံမှန်ထက်ပိုခုန်ရတယ်။

အကြောင်းအမျိုးမျိုးကြောင့်လဲ
ဘယ်ဘက်ရင်အုံအပေါ်က
အိတ်ကပ်ထဲကပိုက်ဆံတွေ
ပုံမှန်ထက်ပိုခုန်ခုန်ထွက်သွားတယ်။

Tuesday, May 11, 2010

စတုတ္ထအကြိမ်မြောက် Planet ယူဇာမောင်နှမများ စုပေါင်းကထိန် နှင့် ပရဟိတ အလှူ

စတုတ္ထအကြိမ်မြောက် Planet ယူဇာမောင်နှမများ စုပေါင်းကထိန် နှင့် ပရဟိတ အလှူ

ကျွန်တော်တို့ မောင်နှမတစ်တွေ (စတုတ္ထ)အကြိမ်ထပ်မံလှူတဲ့ ကထိန်အလှူပဲဖြစ်ပါတယ်
ပလန်းနက်ယူဇာမောင်နှမတွေအားလုံးစုပြီးလှူဒါန်းတဲ့ ကထိန်အလှုဖြစ်ပါတယ်
အရင်နှစ်တွေကလည်း ပလန်းယူဇာမောင်နှမတွေစုပြီး လှူဒါန်းခဲ့ပါတယ်
အဲ့ဒီကထိန်အလှုကို အခြေခံပြီး ကျွန်တော်တို့ ပလန်းနက်ယူဇာမောင်နှမတွေအနေဖြင့်
(စတုတ္ထ)အကြိမ် ထပ်မံလှူဒါန်းကြမှာဖြစ်ပါတယ် ….

အခု (စတုတ္ထ)အကြိမ်လှူဒါန်းမည့်ကထိန်အလှူက
ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန
ပြင်ဦးလွင်မြို့
မန်းလေးတိုင်း
၃၃မိုင် ၇ဖာလုံ၊ မန်း+လွင်လမ်းဘေးအတက်လမ်း တွင် ကထိန်အလှူကို လှူဒါန်းမှာဖြစ်ပါတယ်

ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတော်တွင် ဆရာတော် (၁၅)ပါး
ပရဟိတကျောင်းသား နှင့် ဆရာ၊ဆရာမများအားလုံး (၁၀၀၀) နီးပါးရှိပါတယ် ။

(စတုတ္ထု)အကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ (21.11.2010 )မှာ ကျင်းပဖို့.. စီစဉ်ထားပါတယ်..
ကျွန်တော်တို့မောင်နှမတွေနဲ့ အတူ အွန်လိုင်းယူဇာတွေလဲ.. ပါဝင်ကုသိုလ် ယူနိုင်ဘို့ရယ်..
ကျွန်တော်တို့မောင်နှမတွေရဲ့ ပီတိကို မျှဝေခံစားနိုင်ဘို့ရယ် ရည်စူးပြီး အလှူငွေကို..လက်ခံကောက်ယူဖို့..စဉ်းစားခဲ့ကြပါတယ်..

အလှူငွေတွေကို..အဝေးတစ်နေရာကနေ ဘဏ်မှတဆင့် ငွေလွှဲနိုင်ဖို့အတွက်
ကျွန်တော်တို့မောင်နှမများရဲ့ အမည်နဲ့ မှတ်ပုံတင်နံပါတ်များကိုရေးထားပေးပါ့မယ်
ကထိန်အလှူငွေများကို.. ဘဏ်မှသော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်းပေးပို့ဆက်သွယ်လှူဒါန်းနိုင်ရန်အတွက်
သက်ဆိုင်ရာယူဇာများ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်များ၊ ဂျီတော့ လိပ်စာများကိုရေးသားဖော်ပြပေးပါမယ်..
၎င်း ယူဇာများနှင့်ဆက်သွယ်၍လှူဒါန်းမှုပြုနိုင်ပြီး ငွေလွှဲပြီးပါက သက်ဆိုင်ရာ ယူဇာထံ မေးပို့၍အကြောင်းကြားပေးပါခင်ဗျာ

အခုဖော်ပြပါ ယူဇာမောင်နှမများထံသို့ အလှူငွေများဆက်သွယ်လှူဒါန်းနိုင်ပါတယ်

စင်္ကာပူ

ကိုဝင်းဇော်နိုင်
winzawnaing@gmail.com
၀၆၅-၉၁၈၃၀၁၉၁
( ဘဏ်အကောင့် )
Posb Saving : 186-45149-0

ကိုဇော်ဇော်မင်း (ကိုရွှေပုလိပ်)
zawzawmin@gmail.com
၀၆၅-၉၇၂၇၁၇၇၅

မငြိမ်း(လွမ်းသူ့အိမ်မက်)
(khinchothet@gmail.com)
၀၆၅-၉၁၈၂၅၅၉၃

မဇင်ဝါ၀ါကျော် ( hoshi )
Zwwk.kyaw@gmail.com
၀၆၅-၉၀၉၅၅၈၂၈

မလေးရှား


ကိုဟန်သူထွန်း (teecock)
teekock.chanthar.pyaeson@gmail.com
Faculty of Veterinary Medicine, 43400 UPM Serdang,
Universiti Putra Malaysia, Selangor, Malaysia.
+60 176477918
Bank Account - 12150086961521 CIMB



ရန်ကုန်


ကိုတင်ထွန်းအောင် (id001czy)
၁၄/ကပန(နိုင်)၁၃၅၀၃၂
(id001czy@gmail.com)
500123၊ 501677၊ 501678 (ရုံးချိန်အတွင်း)
(M.O.B Bank ) လှိုင်မြို့နယ်၊ (KBZ Bank) ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊

ကိုဟိန်းစည်သူ
၁၂/သခန(နိုင်)၀၉၆၂၅၅
(lusein.friend@gmail.com)
09-9922738
( KBZ ) (ဘုရင့်နောင်ဘဏ်ခွဲ)

ထက်သူရအောင်
၁၂/တမန(နိုင်)၁၀၂၆၁၃
အမှတ်၉၅ ဓမ္မစိန္တာလမ်း ပုသိမ်ညွန့်(စံပြ)ရပ်ကွက်
တာမွေမြို့နယ် ရန်ကုန်မြို့။
ရန်ကင်းရိုးမဘဏ်
၀၉၉၉၂၀၂၆၈
htetthuraag.enics@gmail.com


မသန္တာ
( thanda.pauline@gmail.com)

မလှသက်မွန် (Thet Mon)
၁၂/အလန(နိုင်)၀၃၉၈၆၆
295886၊ 200399 (ရုံးချိန်အတွင်း)
ရိုးမဘဏ်(ဗိုလ်တစ်ထောင်ဘဏ်ခွဲ)
(thetmon.planet@gmail.com)

မလဲ့လဲ့ဝင်း (Bone)
၁၂/မရက(နိုင်)၁၃၄၈၆၃
291822၊ 297688 (ရုံးချိန်အတွင်း)
ရိုးမဘဏ်(ဗိုလ်တစ်ထောင်ဘဏ်ခွဲ)
(chartakema@gmail.com)

မန္တလေး

ကိုသစ်လွင်ထွန်း (နာဇီ)
၉ / ပဥလ(နိုင်) ၀၁၁၆၄၃
Ph – 085-28045 ( ရုံချိန်အတွင်း )
ရိုမဘဏ် ( ပြင်ဦးလွင်)
( starfalls.nazy@gmail.com)

ကိုစိုးဝင်းဟန် (ဂျူလိုင်)
၉ / အမဇ (နိုင်) ၀၀၇၃၀၂
02 -91001461
ရိုမဘဏ် ( ရတနာပုံဘဏ်ခွဲ)
( julydream2007@gmail.com)

မသန်းသန်းနု ( ဖြူလေး)
၁၃ / လရန ( နိုင်) ၁၀၅၇၆၅
Nice Internet Café
၇၃လမ်း - ၂၇ နှင့် ၂၈ ကြား မန္တလေး
ရိုးမဘဏ် / KBZ ဘဏ် ( ရတနာပုံဘဏ်ခွဲ )
( wgwhitegirl@gmail.com )


ငွေလွှဲကြောင်းကို ဖိုရမ်ပေါ်မှဖြစ်စေ ပီအမ်ဖြင့် ဖြစ်စေ.. ဂျီတော့မှဖြစ်စေ အကြောင်းကြားနိုင်ပါသည်... ပူးတွဲဖော်ပြပါဘဏ်မှ ငွေလွှဲရန်အခက်အခဲရှိသူများအနေဖြင့် မိမိလွှဲမည့် ဘဏ်နှင့် ငွေပမာဏကို ဖိုရမ်ထက်တွင် ဖော်ပြခြင်း(သို့) ဖုန်းဖြင့်အဆက်အသွယ်ပြုခြင်း(သို့)ဂျီတော့ဖြင့်ဆက်သွယ်၍ ငွေလွှဲနိုင်ပါတယ်ခင်ဗျာ..


အလှူငွေစာရင်းပိတ်မည့်ရက်အား (1.11.2010)ရက်နေ့ သတ်မှတ်ထားပါတယ်ခင်ဗျာ မောင်နှမများမှ လှူဒါန်းသည့် အလှူငွေများကို ရန်ကုန်တွင် မလှသက်မွန် (သက်မွန်) မန်းလေးတွင် မသန်းသန်းနု ( ဖြူလေး) တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ငွေစာရင်းအား မလဲ့လဲ့ဝင်း ( Bone ) မှ တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ် ….

(၂၁-၁၁-၂၀၁၀) မှာ ကထိန်သင်္ကန်းကပ် ၊ ဘုန်းကြီးဆွမ်းကျွေး ၊မိဘမဲ့ကလေးများကို ထမင်းကျွေးမှာဖြစ်ပါတယ်
ညနေပိုင်းမှာ ဌာနေအသီးသီးသို့ပြန်လည်ထွက်ခွာကြမှာ ဖြစ်ပါတယ်...
ယူဇာမောင်နှမများအတွက် အစားအသောက်အစီစဉ်ကို ကျွန်တော်တို့မောင်နှမများမှ အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးသွားမှာဖြစ်ပါတယ် ။

ရန်ကုန်မှမောင်နှမများအနေဖြင့် လိုက်ပါမယ်ဆိုလျှင် နောက်အကျဆုံး ( ၁ - ၁၁ - ၂၀၁၀ )ရက် ထက်နောက်မကျပဲ အကြောင်းကြားပေးပါရန် ။ ( ကျွန်တော်တို့မောင်နှမတွေ သွားရေးလာရေး အဆင်ပြေပြေဖြစ်အောင်စီစဉ်နိုင်ရန်အတွက်ပါ)

ကျွန်တော်တို့မောင်နှမတွေအနေနဲ့... မိမိတို့နဲ့အတူတွေ့ဆုံခင်မင်ခဲ့ကျတဲ့မိတ်ဆွေအပေါင်းအသင်းတွေကို...
ကျွန်တော်တို့မောင်နှတွေ (စတုတ္ထ)အကြိမ်လှူဒါန်းတဲ့ ကထိန်အလှူမှာလဲ.. ကျွန်တော်တို့နဲ့အတူထပ်ပြီးကုသိုလ်ရကြပါစေလို့ ရည်ရွယ်ပြီး ဖိတ်ကြားခြင်းဖြစ်ပါတယ်..
ပလန်းနက်ယူဇာမောင်နှမများအနေနဲ့.. ကျွန်တော်တို့မောင်နှမတွေရဲ့ စေတနာကို.. သိရှိလက်ခံနိုင်ကြမယ်လို့မျှော်လင့်ယုံကြည်မိပါတယ် …

ပလန်းနက်ပရဟိတမောင်နှမများ
Planetdonationfamily@gmail.com
www.planetfamily.ning.com
http://www.planet.com.mm/forums/index.cfm/linkpage/topic/forum_id/52/Topic_Id/101619/page/2

ရန်ကုန် နေ့ည

နေကလဲပူ လေလဲပူနှင့်
မီးကလည်းပျက် ချွေးလဲထွက်
ရန်ကုန်နေ့ဘက် အနေခက်။




လကမသာ မီးမလာ
လေကမတိုက် ခြင်ကကိုက်
ရန်ကုန်မြို့ရဲ့ night.။


ထက်သူရ

Monday, April 5, 2010

ဘ၀တစ်ခု၏နိဂုံး

လူတွေ တစ်နေ့တစ်နေ့ ရုန်းကန်လှုပ်ရှားနေတာကို
အမြဲတမ်းမြင်တွေ့နေရတယ်
ဝမ်းရေးအတွက်လှုပ်ရှားနေရတဲ့အခါမှာ
ကုသိုလ်ထက် အကုသိုလ်များနေတာကိုလဲ တွေ့နေရတယ်
ကိုယ်တစ်နေ့တစ်နေ့ ဘယ်လောက်အကုသိုလ်တွေများ
လုပ်မိနေပြီလဲ။
ဘ၀တစ်ခုရဲ့နိဂုံးကိုရောက်တဲ့အချိန်မှာ
ဘယ်လောက်များ အကုသိုလ်တွေများနေလိုက်မလဲ
ဘ၀နိဂုံးကရော ဘယ်အချိန်မှာရောက်လာမှာလဲ
ငါချစ်တဲ့သူတွေ ငါခင်ရုံပဲခင်တဲ့သူတွေ
ငါမသိတဲ့သူတွေ ငါသိတဲ့သူတွေ
ဘယ်သူတွေ ဘယ်အချိန်မှာသေဆုံးသွားကြမှာလဲ
ခွဲခွာသွားတဲ့သူတွေလဲသွားကုန်ပြီ
ကျန်နေသေးတဲ့သူတွေလဲ အများကြီးပဲ
ဘယ်သူတွေအရင်ခွဲသွားမှာလဲ
ငါအရင်လား ဘယ်သူအရင်ဖြစ်မလဲ

ငါကရော ဘယ်တော့သေမှာလဲ
ဒီနေ့ ပဲလား မနက်ဖြန်လား
နောက်တစ်လနေရင်လား
နောက်နှစ်လား နောက် နှစ် ၂၀ လား
နောက် နှစ်၄၀ လား
နောက်နှစ် ၆၀ တော့ မဖြစ်နိုင်လောက်ဘူးထင်တာပဲ
ဘ၀နိဂုံးရောက်တဲ့အချိန်မှာ
ငါ့နောက်ဘ၀အတွက် ဘာတွေပါပြီလဲ
အခုတော့ အကုသိုလ်က ပိုများနေသလားလို့
ဘယ်အသက်အရွယ် ဘယ်အချိန်မှာ ဘာရောဂါနဲ့ ဘယ်နေရာမှာသေပြီး
ဘယ်ဘ၀ကိုရောက်မှာလဲ.................
ငါမသိဘူး ဘယ်သူမှလဲမသိနိုင်ဘူး
သေချာတာကတော့ မသေခင်မှာ အကုသိုလ်ထက်
ကုသိုလ်ပိုများအောင်တော့ တတ်နိုင်သဖြင့် လုပ်ရမှာပဲလေ
နောက်ဘ၀ ကောင်းအောင်ပေါ့
နောက်ဘ၀မရှိအောင်လုပ်နိုင်ရင်တော့ ပိုကောင်းတာပဲလေ
ဒါပေမဲ့ ငါလုပ်နိုင်ပါ့မလား
ဘာတွေဖြစ်လာမှာလဲ............
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


ထက်သူရ

Saturday, April 3, 2010

မရှိမဖြစ်

လူတွေပြောတတ်ကြတယ်
မရှိမဖြစ်တဲ့
ငါမရှိရင်မဖြစ်ဘူး လို့ တစ်ချို့တွေပြောတတ်ကြတယ်
မင်းမရှိရင်မဖြစ်ဘူးဆိုပြီးလဲ များသောအားဖြင့် သမီးရည်းစားတွေပြောတတ်ကြတယ်
ပိုက်ဆံမရှိလို့မဖြစ်ဘူး
ကွန်ပြူတာမရှိလို့မရဘူး
မရှိလို့မဖြစ်ဘူး မရှိလို့မဖြစ်ဘူးနဲ့ ပြောနေကြတာတော့ကြားဖူးတယ်။
ဒါပေမဲ့ မရှိရင်လဲ ဖြစ်နေတာကို တွေ့နေရပြန်ရော
နဂိုထဲက ပြောင်းပြန်လှည့်တွေးတတ်တဲ့သူ
ပြဿနာ တက်ပြီလေ....

ငါမရှိရင်မဖြစ်ပါဘူးဆိုတဲ့ လူကြီး ဆုံးသွားတော့လဲ သူ့အိမ်မှာ သူမရှိလဲ ဖြစ်အောင်နေနေကြတာ
တွေ့နေရတယ်လေ....
မင်းမရှိရင် မဖြစ်ဘူး ငါသေသွားနိုင်တယ် လို့ ပြောတတ်ကြတဲ့
(ပါးစပ်ဖျားလဲဖြစ်နိုင်တယ် စိတ်ထဲက တစ်ကယ်ပါလို့လဲဖြစ်နိုင်တယ်နော်)
သမီးရည်းစားတွေ ကွဲကွာသွားတဲ့အခါမှာလဲ
သူ့အလိုလို ဖြစ်သွားကြတာပဲလေ

တစ်ခုကြားဖူးသေးတယ်ဗျ
“အစားထိုးလို့ မရတဲ့သူ မဖြစ်စေနဲ့
အစားထိုးလို့မရတဲ့သူဖြစ်သွားရင် မင်း ရာထူးမတက်နိုင်တော့ဘူး”တဲ့
ဒီစကားကို ကျွန်တော်ထောက်ခံတယ်
မှန်သင့်သလောက်မှန်တယ်ဗျာ။
ကိုယ်ရှိနေတဲ့နေရာကို အစားဝင်နိုင်တဲ့သူရှိနေရမယ်
မရှိသည့်တိုင်အောင် ကိုယ်မရှိရင် ကျန်တဲ့သူတွေက
အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ကြလိမ့်မယ်ဆိုတာ
နားလည်ထားသင့်တယ်ဗျ။

မှန်ပါတယ်
တစ်ချို့လူတွေမရှိရင် သူနဲ့ပတ်သက်တာတွေမှာ
တော်တော်လေး ဒုက္ခရောက်သွားတတ်တယ်
ဒါပေမဲ့ ခဏပါဗျ
သူမရှိတော့တဲ့အခါမှာ သူ့နေရာကိုအပြည့်အ၀မဟုတ်တောင်
တော်တော်တန်တန် အစားထိုးနိုင်တဲ့ သူ ပေါ်လာပါလိမ့်မယ်...

မရှိမဖြစ်ဆိုတာကို မစွဲပဲနဲ့
မရှိရင်လဲ ဖြစ်တယ် ဆိုတာ စိတ်ထဲထားနိုင်ရင်ပိုကောင်းမလားလို့ပါ....


ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်

ထက်သူရ

Monday, March 29, 2010

ထက်သူရ ခရီးသွားနေသည်

ဒီ 2010 ကတော့ ကျွန်တော့အတွက် ခရီးသွားနှစ်ဖြစ်မယ်ထင်တယ်ဗျ။
နှစ်စထဲကသွားလိုက်ရတဲ့ခရီး
အရင်က တစ်လမှ နှစ်ခါလောက်သွားရတာ
ဒီနှစ်ထဲမှာ တစ်ပါတ် နှစ်ခါလောက်သွားနေရတာ
မြန်မာနိုင်ငံလဲ နေရာစုံတော့မယ်။

ပထမဦးဆုံးသွားရတာက နေပြည်တော်ပေါ့လေ
နှစ်လအတွင်း ငါးခေါက်လောက်ရောက်တယ်။
အလုပ်နဲ့ဆိုတော့လဲ ဘယ်မှသိပ်မရောက်ဖြစ်ဘူးဗျ။
ရွှေတိဂုံဘုရား ပုံစံတူ ဥပ္ပါတသန္တိ ဘုရားတော့ရောက်ဖြစ်ပါတယ်။
ဘုရားဆိုပေမဲ့ ပုထိုး လို့ပြောရင်ပိုမှန်မယ်ထင်တယ်.
အတွင်းမှာ လှိုဏ်ဂူပါတာကိုး

နောက်တစ်နေရာကတော့
မန္တလေး ၃ခေါက်လောက်ရောက်တယ်။
မန်းလေး မှာတော့ မဟာမြတ်မုနိဘုရား
နန်းတွင်းနဲ့ မန်းလေးတောင်ပေါ်ရောက်ဖြစ်တယ်ဗျ။

နောက် မန်းလေးကမှ စစ်ကိုင်းတိုင်း မြို့တော် မုံရွာကိုသွားဖြစ်တယ်။
နေ့ဝက်ပဲရောက်တော့ ဘယ်မှမရောက်ဖြစ်လိုက်ဘူး။

ပြီးတော့ရန်ကုန်ပြန်လာတယ်ဗျာ

နောက်နှစ်ရက်လောက်နေတော့
ဧရာဝတီတိုင်း ပုသိမ်မြို့ကိုသွားဖြစ်တယ်။

နောက်သုံးရက်လောက်ကြာတော့ နေပြည်တော်တက်
အဲ့ဒီကမှ တောင်ကြီးတက်တယ်ဗျာ။
တောင်ကြီးအတက်လမ်းက ပြေတော့ပြေတယ်။
ဒါပေမဲ့ ဆိုးလိုက်တဲ့လမ်းဗျာ။
နေ့လည် 11 နာရီလောက်က နေပြည်တော်ကထွက်လာတာ။
ညဘက် 10 နာရီခွဲလောက်မှ တောင်ကြီးရောက်တယ်။
လမ်းကလဲ ဖုန်တွေချည်းပဲ။
ညမှောင်လာတော့ ကားမီးထိုးတာ အရှေ့လမ်းမမြင်ရပဲ
ဖုန်တွေပဲမြင်ရလို့ ကားမီးပိတ်ပြီး မောင်းရတယ်။
အဲ့သလိုကောင်းတာ လမ်းက။
တောင်ကြီးမှာ သုံးရက်လောက်ကြာတယ်။


တောင်ကြီးအပြန်မှာတွေ့ခဲ့တဲ့ပွဲပါ ကထိန်လှည့်သလိုပဲဗျ။
ထူးခြားတာက အကုန်လုံးတူညီဝတ်စုံနဲ့ ရိုးရာအ၀တ်အစားတွေပဲဝတ်ထားကြတာ။
ကောင်းမွန်တဲ့ ဓလေ့လေးပေါ့လေ။

အဲ တောင်ကြီးမှာ ဒုတိယရက်ရောက်တော့
အလုပ်သိပ်မရှိတာနဲ့ အင်းလေးသွားဖြစ်တယ်ဗျ။
ရွှေညောင်နဲ့ ညောင်ရွှေကြားမှာ မြေပြန့်မှာ သွားနေရသလိုပဲ
ငါးမွေးတဲ့ကန်တွေလဲရှိတယ်
ငါးမွေးတဲ့ကန်တွေအပေါ်မှာ ငါးကင်ဆိုင်လေးတွေမှ တန်းစီနေတာပဲ။
လတ်လတ်ဆတ်ဆတ် ရတယ်ပေါ့လေ
စိတ်ကူးလေးတွေ ကောင်းသားပဲဗျ။


ဒါကတော့ အင်းလေး ဖောင်တော်ဦးဘုရားပွဲကျရင် ညောင်ရွှေမှာကိန်းဝပ်တဲ့ စံကျောင်းတော်ပါ။


တောင်ကြီးက ကိစ္စလေးတွေပြီးတော့
နေပြည်တော်ပြန် အဲ့ကနေမှ
တောင်ညို-တောင်တွင်းလမ်းအတိုင်း မကွေးကိုသွားဖြစ်တယ်။

လမ်းကတော့ သိပ်မဆိုးလှပါဘူး
ဒါပေမဲ့ ရိုးမထဲဖြတ်ဖောက်ထားတာဆိုတော့
လမ်းတစ်ခုလုံးမှာ ကိုယ့်ကားတစ်စီးထဲရှိသလားမှတ်ရတယ်။
ဒမြသာထွက်တိုက်လို့ကတော့ အခုလိုစာတောင်ရေးနိုင်တော့မှာမဟုတ်ဘူး။

မကွေးက အလုပ်ပြီးတော့မှ ရန်ကုန်-ပြည်-မန်းလေး ကားလမ်းအတိုင်းပြန်ခဲ့ပါတယ်။
လမ်းမှာတော့ ပြည်ကိုဝင်တယ်ပေါ့လေ။

နှစ်လအတွင်းမှာ မြန်မာနိုင်ငံက တိုင်းမြို့တော်တွေ အကုန်နီးပါးလောက် ရောက်ဖြစ်ခဲ့ပါတယ်
တနင်္သာရီတိုင်းပဲမရောက်ဖြစ်တာ။

သင်္ကြန်နားနီးလို့ ခရီးထွက်တာ နားထားပါတယ်
သင်္ကြန်ပြီးရင်တော့ ရှမ်းမြောက် မူဆယ် ဘက်တက်ပြီး
ကြယ်ခေါင် ရွှေလီ ကူမင်း အထိသွားဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျာ။

ပြန်လာရင် ထပ်ရေးပါဦးမယ်။

ဓါတ်ပုံတွေ ထပ်တင်ဖို့ရှိပါသေးတယ်။
ကွန်နက်ရှင်မကောင်းသေးလို့ပါ။
အခုတော့ဒီလောက်ပါပဲ

ကျေးဇူးတင်ပါတယ်။

ထက်သူရ

ရည်းစားစာ

ရည်းစားစာ

မဆုံတွေ့ခင် အချိန်တွေမှာ
တည်ငြိမ်စွာနဲ့ နေခဲ့တယ်။

မင်းနဲ့တွေ့ရ တစ်ခဏမှာ
တည်ငြိမ်မှုတွေ ပျောက်ခဲ့တယ်။

ဆောက်တည်မရ ဖြစ်ခဲ့ရလို့
ကိုယ့်ကိုကိုယ်လဲ အံ့သြတယ်။

ရင်မှာမင်းသာ စိုးမိုးတာကြောင့်
အမြဲတမ်းပဲ လွမ်းမိတယ်။

မင်းအပြုံးတွေ မြင်ရစဉ်မှာ
အားလုံးကိုလဲ မေ့သွားတယ်။

ဖွင့်ပြောရမှာ မ၀ံ့တာကြောင့်
ကဗျာတွေပဲ ရေးမိတယ်။

ကဗျာရေးကာ တွေးမိတာက
မင်းအကြောင်းပဲ ဖြစ်နေတယ်။

စာပေးလိုက်ရင် ကောင်းမယ်ထင်လို့
စာလေးတစ်စောင် ရေးမိတယ်။

စာရွက်ထဲမှာ ရေးမိတာက
မင်းကိုငါလေ သိပ်ချစ်တယ်။

ပထမဦးဆုံးရေးဖြစ်တဲ့ကဗျာပါ။
သိပ်မရေးတတ်တော့ လေးလုံးစပ် ပုံစံနဲ့ပဲရေးထားတာ
ဖတ်လို့ အဆင်ပြေမယ်ထင်ပါတယ်။

ထက်သူရ

Friday, March 26, 2010

ဂရိ နတ်ဘုရားများ




ဒါကတော့ Zeus နတ်မင်းကြီးပေါ့။ Jupiter လို့လဲခေါ်ကြတယ်။
နတ်ဘုရားတွေထဲမှာ တန်ခိုးအကြီးဆုံးပဲ
အမိန့်ပေးနိုင်တယ်။မကျေနပ်ရင် မိုးကြိုးပစ်နိုင်တယ်။
ကြောက်ချာကြီး။

ဒါကတော့ Hera လို့ခေါ်တဲ့ Zeus မိန်းမ Juno ပါ။
သူကတော့ လက်ထပ်ခြင်၊ကလေးတွေနဲ့ အိမ်ရဲ့ နတ်ဘုရားမ ပါ။


သူကတော့ Poseidon ပင်လယ်ရဲ့နတ်ဘုရားပေါ့။
Zeus နဲ့ ညီအကို တော်တယ်။Neptune လို့လဲခေါ်တယ်။


သူကတော့ Hades မြေအောက်လောကရဲ့နတ်ဘုရားပေါ့၊ Pluto လို့လဲသိကြတယ်။
Zeus ရဲ့ ညီအကိုတော် တစ်ယောက်ပါပဲ။


သူက God of War.Game မဟုတ်ဘူးနော်။ Ares ဒါမှမဟုတ် Mars လို့ ခေါ်တယ်။
Zeus ရဲ့သားပါ။Zeus ကတော့ သူ့သားတွေထဲမှာ ကြည့်မရဆုံးလို့ပြောတယ်တဲ့၊
ဟုတ်မဟုတ်တော့သိဘူး၊


သူကတော့ Hermes လို့ခေါ်တဲ့ Mercury။ သူကတော့ နတ်ဘုရားတွေရဲ့ စာပို့လုလင်ဆိုပါတော့၊
Zeus ရဲ့သားပါပဲ၊သူ့ရဲ့လျှင်မြန်မှုကြောင့် သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပို့ပေးနိုင်တယ်တဲ့။



သူကတော့ Zeus ရဲ့သားတစ်ယောက်ဖြစ်တဲ့ Apollo ပါ။သူက နေ၊အလင်းနဲ့ ဂီတ ရဲ့နတ်ဘုရားပါ။


သူကတော့ Artemis လို့ခေါ်တဲ့ Diana. အမဲလိုက်ခြင်းရဲ့ နတ်ဘုရားမ ပေါ့လေ။


သူက Athena လို့ခေါ်တဲ့ ဉာဏ်ပညာရဲ့ နတ်ဘုရားမ ပါ၊Minerva လို့လဲသိကြပါတယ်။


သူကတော့ Hestia သို့မဟုတ် Vesta ပါ။ သူက Hera ရဲ့ ညီမဖြစ်ပြီး ကျန်းမာခြင်းရဲ့ နတ်ဘုရားမ ဖြစ်ပါတယ်။



သူကတော့ Demeter လို့ခေါ်တဲ့ Ceres ဖြစ်ပါတယ်။ သူကတော့ Hera ရဲ့ညီမတစ်ဦးပဲဖြစ်ပြီး ကောက်ရိတ်သိမ်းခြင်းရဲ့ နတ်ဘုရားမပဲဖြစ်ပါတယ်။


သူကတော့ အများသိကြတဲ့ Venus ပါ။ဂရိနာမည်ကတော့ Aphrodite လို့ခေါ်တယ်။
ထုံးစံအတိုင်း ၀တ်လစ်စလစ်ပဲ။ အချစ်နဲ့ အလှအပ ရဲ့ နတ်သမီးပါ။


သူကတော့ Zeus ရဲ့သား Aphordite ရဲ့ ခင်ပွန်း Hephaestus ပါ။ သူ့ကို Vulcan လို့လဲခေါ်တယ်။
သူကတော့ မီးနဲ့ ပန်းပဲဖို ရဲ့ နတ်ဘုရားပါ

ဒါကတော့ ဟာကြူလီ Hercules ပါ။ဂရိနာမည်ကတော့ Heracles လို့ခေါ်တယ်တဲ့။
Zeus ရဲ့သားတစ်ယောက်ပါပဲ။သူက လူတစ်ပိုင်း နတ်တစ်ပိုင်းပေါ့
အရမ်းသန်စွမ်းပါတယ်။


သူကတော့ မြှားနတ်မောင်လို့ အများသိကြတဲ့ Cupid ခေါ် Eros ပါ။ Venus နဲ့ Hephaestus တို့ရဲ့သားပါ။
အချစ်ရဲ့ နတ်သားပေါ့လေ။


သူကတော့ Orpheus ပါ။Apollo ရဲ့သားပါ။ဂရိတွေထဲမှာ အကျော်ကြားဆုံး ဂီတသမား တစ်ယောက်ပေါ့။


သူကတော့ ပထမဆုံး လူအမျိုးသမီးဖြစ်တဲ့ Pandora. Pandora Box ဆိုတာတော့ကြားဖူးကြမှာပါ။
သူ့ကို မြေမှုန့်ကနေဖန်တီးဖို့ Hephaestus ကို Zeus ကနေ စေခိုင်းခဲ့တာလို့သိရပါတယ်။


ဒါကတော့နတ်မြင်းပျံ Pegasus လို့ခေါ်တယ်။


ဒါကတော့ခေါင်းသုံးလုံးနဲ့ Cerberus ပါ။မြေအောက်ကမ္ဘာရဲ့ တံခါးမှူးပေါ့လေ။


သူကတော့ နွားခေါင်းနဲ့ လူကိုယ်ရှိတဲ့ Minotaur ပါ။ ၀င်္ကပါ တွေရဲ့ အလယ်မှာနေထိုင်တတ်ကြတယ်လို့ သိရပါတယ်။



ဒါကတော့ The Muses လို့ခေါ်တဲ့ Zeus ရဲ့ သမီး ကိုးယောက်ပါ။
အလွန်လှပတဲ့ ဂီတတွေကို Apollo နဲ့အတူ ဖန်တီးနိုင်ကြပါတယ်။


ဘာရယ်တော့မဟုတ်ပါဘူး
ရုံးမှာ အားနေတာနဲ့ ရှာဖွေကြည့်ထားတာတွေကို
သိချင်ကြမယ်ထင်လို့ ဖော်ပြပေးတာပါ။

ထက်သူရ

Wednesday, February 10, 2010

နွားလွှတ်ပွဲ

ထိန့်လိုက်တဲ့အိုးစည်
နှဲကလဲ ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလဲပါသဟေ
ကြောပေါ်မှာကောဇော
အမွှေးရောသနပ်ခါး
ချိုဖျားမှာပိတောက်ပန်းတွေက
တစ်လျှမ်းလျှမ်းရွှေအဆင်း
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မယ့်ဖြစ်ခြင်းးးးး။

ဆရာဇော်ဂျီ

Monday, February 1, 2010

သူငယ်ချင်းများ ၂

သူငယ်ချင်းနောက်တစ်ယောက်
နာမည်ကတော့ ကိုလွင်
သူနဲ့ကျွန်တော်နဲ့က အဖွဲ့ထဲမှာ အများဆုံးတွဲဖြစ်တယ်
အိမ်ချင်းကလဲနီးတာကိုး
ကားနှစ်ဆင့်စီးရတာ ဟီးဟီး
သူနဲ့ကျွန်တော်နဲ့က တော်တော်လေး အတွဲညီတယ်ဗျ
ငယ်ဘ၀အဖြစ်အပျက်တင်မက
ကြီးလာတဲ့အခုအရွယ်အထိ အဖြစ်အပျက်တွေက
တူနေတတ်ကြတာ
အိမ်ကိစ္စ တွေမှာလဲတူကြတယ်
မိသားစုရေးရာလဲ နဲနဲဆင်တယ်
ကုန်ကုန်ပြောရရင်
ရည်းစားရတာတောင် သိပ်မကွာဘူး အချိန်ပြောပါတယ်
ပြီးတော့ အဲ့ရည်းစားတွေနဲ့ပြတ်တော့လဲ သိပ်မကွာဘူး
ဟီးဟီးးးးး အဲ့လို

သူနဲ့ပါတ်သက်ရင်တော့ ပြောစရာရှိတာက
သူကကျောင်းမှာ ကျွန်တော်တို့နဲ့ခင်တဲ့
သူနဲ့ တစ်မြို့နယ်ထဲ သူငယ်ချင်းကောင်မလေးတစ်ယောက်ကို
ကြိုက်တယ်ဗျ
ခက်တာက ဟိုက သူငယ်ချင်းကမတက်ချင်ဘူး
အဲ့တော့ ဒီကောင်ခံစားရရော
ဟိုကောင်မလေးကလဲဘာလို့မကြိုက်လဲစဉ်းစားမရဘူးဗျ
ဒီကောင်က ကျွန်တော်တို့ထဲမှာ အဖြောင့်ဆုံးဗျ
ကျောရိုးမဟုတ်ဘူးနော်
အဟတ်
ကောလိပ်ဂျင်နေ၀င်းဒီဇိုင်းနဲ့လေ
အဲ့လောက်ဆိုမြင်လောက်ပါပြီ
အဟတ် အဟတ်
အခုတော့ ကောင်မလေးက နိုင်ဂျံဂါး အဲလေ နိုင်ငံခြားမှာ
သူကတော့မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်နေပါတယ်
တွေ့တော့တွေ့ဖြစ်တယ်ပေါ့ဗျာ
သူငယ်ချင်းတွေထဲမှာ အများဆုံးတွေ့ဖြစ်တဲ့သယ်ရင်းပေါ့

သယ်ရင်းကောလိပ်ဂျင် အတွက်

ဟီးဟီး

ထက်သူရ

Wish

Beloved!!!
Pretense is not necessory
Give me a trust
To build understanding within us
Truth is the main part

From Light Journal.

Htet Thura

Friday, January 29, 2010

အမေ

ဘာလိုလိုနဲ့ အမေကျွန်တော့ကိုခွဲသွားတာ
ငါးနှစ်ကျော် ခြောက်နှစ်ဖြစ်နေပြီနော်
အမေ့ကိုကျွန်တော်မမေ့သေးပါဘူးအမေရယ်
ကျွန်တော်အခုလို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ကြိုးစားပေးခဲ့တဲ့အမေ့ကို ကျွန်တော် သတိရနေပါတယ်ဗျာ
ကျွန်တော်အမေဆုံးတော့ ၀မ်းမနဲခဲ့ပါဘူး
ကျွန်တော့ကို အသဲမာတဲ့သူလို့ပြောကြတယ်
တကယ်က ကျွန်တော်အသဲမမာခဲ့ပါဘူး
ကြိတ်ငိုခဲ့ရတာများလို့ ကျွန်တော် မျက်ရည်ခမ်းသွားတာလဲပါမှာပေါ့လေ
ကျွန်တော်မငိုခဲ့ပါဘူး
ဘာလို့လဲဆိုတော့
ကျွန်တော် အမေ့ကို အကောင်းဆုံးလုပ်ကျွေးလိုက်နိုင်ခဲ့တယ်လေ
အမေနဲ့ပတ်သက်ပြီး ကျွန်တော်ဝမ်းနဲတာက
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အမေမရှိနိုင်တာပဲ
အမေအရမ်းမြင်ချင်ခဲ့တဲ့ ဘွဲ့ကို ကျွန်တော်ရအောင်ယူနိုင်ခဲ့တယ်
ဒါပေမဲ့ အမေနဲ့အတူ မှတ်တမ်းဓါတ်ပုံလေးတောင်
မယူခဲ့နိုင်ဘူး ဒါတော့ဝမ်းနဲတယ်ဗျာ
အခုအချိန် အမေရှိနေရင် အရမ်းကောင်းမှာပဲလို့
ကျွန်တော်တွေးမိတယ်
အမေ့ကို ကျွန်တော် အရင်ကထက်ပိုပြီးလုပ်ကျွေးနိုင်မှာပေါ့
ကျွန်တော်လဲ အရင်ကလို ချွေတာတတ်တဲ့သူအဖြစ်ပဲ
ဆက်ရှိနေမှာပေါ့လေ
ဒါပေမဲ့ ဖြစ်ပြီးတာတွေလဲဖြစ်ပြီးသွားပြီပဲ
အခုဆိုရင် လူ၉ယောက်ရှိတဲ့အိမ်မှာ
လူလေးယောက်ပဲကျန်တော့တယ်
ကျွန်တော် အိမ်ထောင်ဦးစီးတစ်ယောက်လို
အဓိကငွေရှာတဲ့သူဖြစ်နေပြီ
တစ်ခါတစ်လေတွေးမိတယ်ဗျာ
ကျွန်တော် ကိုယ့်အတွက်လူဖြစ်လာတာမဟုတ်ပဲ
မိသားစုအတွက် တစ်ခြားသူတွေအတွက်
လူဖြစ်လာရတာလားလို့
ဒါပေမဲ့ ကျွန်တော်အခုပြန်ကြည့်နေရတဲ့သူတွေကလဲ
ကျွန်တော့အပေါ်ကောင်းခဲ့ကြတာပါပဲလေ
အမေရှိရင် ကျွန်တော်လုပ်နေတာတွေနဲ့ပတ်သက်ပြီး
သာဓုခေါ်နေမှာပါ
ကျွန်တော်ကိုယ်ပိုင်ဘ၀တစ်ခုမထူထောင်ခင်မှာ
အိမ်မှာရှိတဲ့သူတွေရဲ့ဘ၀အဆင်ပြေအောင်
ကျွန်တော်အစွမ်းရှိသလောက်ကြိုးစားပေးပြီးမှ
ကျွန်တော့အတွက် ကျွန်တော့ချစ်သူ အမေ့ချွေးမလေးအတွက်
ဘ၀တစ်ခုကို တည်ထောင်သွားမှာပါ အမေရယ်

အမေ့ကို အရမ်းသတိရတယ်ဗျာ

ထက်သူရ

သူငယ်ချင်းများ ၁

ကိုမျိုး အကြောင်းပဲဆက်ပြောမယ်
ဒီကောင်က အရမ်းရိုးတယ်
ကျွန်တော်တို့ထဲမှာအရိုးဆုံးပဲ
ဒီကောင်က စေသနာလည်းအရမ်းကောင်းတာ
သူငယ်ချင်းတွေအိမ်မှာအလှူရှိလို့ လာကြရင်
သူပျောက်နေတတ်တယ်
ဘယ်ပျောက်နေလဲ သွားရှာရင်
တစ်နေရာပဲရှာစရာလိုတယ်
အဲ့ဒါကတော့ ပန်းကန်ဆေးတဲ့နေရာ
လူရှိရှိ မရှိရှိ သူကဒိုင်ခံဆေးပေးနေတာ
မလုပ်နဲ့ဆိုလဲမရဘူး
ဒီတော့လဲ သူငယ်ချင်းအိမ်တွေအကုန်က ချစ်ကြတယ်ပေါ့လေ

ခက်တာက အလွဲအရမ်းလုပ်တာ
အလုပ် ၁၀ ခုလုပ်ရင် ၉ခုလောက်ကလွဲနေတတ်တာ

အဲ သူတစ်ခါလုပ်တာသူငယ်ချင်းတစ်ယောက်
တော်တော်လေးတိုင်ပတ်သွားသေးတယ်
ဘာလဲဆိုတော့
ကျောင်းခန်းထဲမှာ သူကြိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်
နာမည်ကလဲဆင်တယ်
သူက YMT ကောင်မလေးနာမည်ကလဲ YMT
ဒီတော့စကြတာပေါ့လေ
တစ်နေ့ သူ့မွေးနေ့မှာ ကောင်မလေးကို စာအုပ်လက်ဆောင်ပေးတယ်
ူသူငယ်ချင်းလဲမဟုတ်ဘာမှလဲမဟုတ်ပဲနဲ့ သွားပေးတယ်
ဘယ်လိုပေးလိုက်လဲတော့မသိဘူး
ကျွန်တော်တို့လဲမသိလိုက်ဘူးဗျ
နောက်နေ့ကျတော့ ထောက်ကြံ့မှာနေတဲ့တစ်ယောက်က
အစောကြီးကျောင်းရောက်နေတာ
ကျွန်တော်တို့လဲမရောက်သေးဘူး
အဲ့မှာ သူကြိုက်နေတဲ့ကောင်မလေးက
ကျွန်တော်တို့သူငယ်ချင်းရှေ့မှာစာအုပ်ကိုဘုန်းခနဲပစ်ချပြီး
ကိုမျိုးကိုပြောလိုက် နောက်ဘယ်တော့မှဒီိလိုမလုပ်ပါနဲ့ဆိုပြီး
ဟောက်သွားတယ်တဲ့
သူလဲဘာမှန်းမသိခံလိုက်ရတာပေါ့
ဘာမှန်းမသိပဲ တောင်းပန်လိုက်ရသေးတယ်တဲ့
ကျောင်းရောက်တော့မှသူကအကြောင်းစုံရှင်းပြတယ်
သူစာအုပ်ပေးလိုက်တယ်ပေါ့
အိမ်မှာသွားပေးတယ်ဆိုလားပဲ
အိမ်ကြောက်တဲ့သူကိုအိမ်မှာသွားပေးတယ်ဆိုတော့
ဟိုက ဒေါသထွက်တာပေါ့
အဲ့ကနေစပြီး ကောင်မလေးက သူ့ကိုလုံးဝမကြည်တော့ဘူး
အမှန်ကအစထဲကမကြည်တာ
အခုကျောင်းပြီးတဲ့အထိ သူကတော့ကြိုက်နေတုန်းပေါ့လေ
ကျွန်တော်တို့နောက်ရင်တော့ မျက်နှာငယ်လေးနဲ့
ဟိုကတော့သူ့ကို ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူး
သနားစရာတော့ကောင်းသား
ကောင်မလေး ဒီပို့စ်ဖတ်မိရင်တော့ ပြန်ကြိုက်လိုက်ပါဗျာလို့ပြောချင်တယ်ဗျ
အဟတ် အဟတ်

သူလွဲတာတွေကတော့တစ်ပုံကြီးပဲ
ကျွန်တော်သတိရတာလေးတွေကြုံရင်ကြုံသလိုရေးပေးပါမယ်

အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျ

စေသနာကောင်းလွန်းတဲ့ သူငယ်ချင်းအလွဲလေးအတွက်

ထက်သူရ

မော်ဒယ်ဂဲလ်

အရိုးစုခြောက်
လမ်းထလျှောက်သော်

မျက်မှောက်ခောတ်ထဲ
မော်ဒယ်ဂဲလ် တဲ့

ကျောင်းတက်စဉ်အမှတ်တရ

ကျောင်းဆိုတဲ့အထဲမှာ ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းတွေကတော့
သိပ်များများရေးစရာမရှိဘူးဗျ
ဘာလို့လဲဆိုတော့ အလကားနေ ဆော့နေတာနဲ့
စာကြည့်နေတာပဲရှိတာကိုး
ကျောင်းအကြောင်းရေးမယ်စဉ်းစားတော့
အထက်တန်းပြီး ကောလိပ်တက်တဲ့အကြောင်း
ကောလိပ်ကသူငယ်ချင်းတွေအကြောင်းရေးဖို့ စဉ်းစားမိတယ်
ကောလိပ်ဆိုတာကလဲ ဂျစ်ပစီ တေလေဂျပိုး စန်တာ လို့ ခေါ်ကြတဲ့
ဂျီတီစီ (GTC) ပါ
တက်ရတာကတော့ ရန်ကုန်မြို့နဲ့သိပ်မဝေးလှတဲ့
မှော်ဘီအလွန်လေးတင်ပါ
သိပ်မရှိပါဘူး ၃၃ မိုင်နဲ့ ၇ ဖာလုံ ထဲရှိတာပါ
မှော်ဘီမှာဆိုရင် နာမည်ရှိတဲ့ မှော်ဘီ အထက (၁) ရှိပါတယ်
ကျွန်တော်တို့ကျောင်းက ထ ၁ ထက်သာတယ်ဗျ
စုတ်တဲ့နေရာမှာ ဟီးဟီး
ဒီလိုပဲလေ လက်သမားကောင်း အိမ်ကောင်းမနေဘူး ဆိုသလိုပေါ့
ကျောင်းကသာမကောင်းတာဗျ
ကျောင်းက ဆရာတွေ ဆရာမတွေကတော့ တယ်ကောင်းတာ
တကယ်ပါ ဆရာ ဆရာမတွေ တကယ်စာသင်ကြပါတယ်
သူတို့ ကောင်းကောင်းသင်ပေးလို့
ကျွန်တော်တို့တွေ ကျူရှင်မလိုပဲ အောင်လာကြတာပါ
တကယ့်ကိုကျေးဇူးတင်ထိုက်သူတွေပါ။
သူတို့ကတော့သေချာသင်ပေးလိုက်တယ်
ကျွန်တော်တို့ကအသုံးမကျလေတော့
စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားခဲ့မိတယ်လေ
ဒီတော့ကာ အခုတော့ ကျောင်းစာတွေ
ကျောင်းပြန်ကုန်တာပေါ့လေ
ဒီလိုနဲ့ ဂျီတီစီတက်ရင်း ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေအများကြီးပေါ့လေ
တော်တော်လေးခင်တာကတော့
ကျွန်တော်တို့ ယောင်္ကျားလေးချည်းပဲ ၁၀ ယောက်ရှိတယ်
တစ်ယောက်တမျိုးစီ အလွဲအချော် လေးတွေနဲ့ဆိုတော့
အူကြောင်ကြောင်အဖွဲ့လေးဖြစ်နေတာပေါ့လေ

အကြီးဆုံးတစ်ယောက် နာမည်က ကိုမျိုး
အသက်ကြီးသလောက် အပေါဆုံးလို့လဲပြောလို့ရတယ်
အမှန်က ရိုးလွန်းတာ
သူများအပေါ်ကူညီချင်စိတ်အရမ်းများတယ်
ဒါပေမဲ့ လုပ်လိုက်ရင်အမြဲတမ်းနီးပါး တလွဲ
တစ်ခါက ကျွန်တော်တို့အပြင်သွားကြရင်း
သူနဲ့ နောက်နှစ်ယောက်ကို ဒန်ပေါက်ဝယ်ခိုင်းလိုက်တယ်
အားလုံးစားဖို့ ကျွန်တော်တို့က ကားဂိတ်မှာစောင့်နေတယ်
ခဏနေတော့
သူနဲ့လိုက်သွားတဲ့နှစ်ကောင် ခွက်ထိုးခွက်လန်ရယ်ပြီးပြန်လာတယ်
သူကတော့ အနောက်ကနေ မျက်နှာကြီးကိုရဲလို့
ဘာများဖြစ်တာလဲ ဆိုပြီးမေးကြည့်တော့
ကားစောင့်နေတုန်း ရေအိုးစင်မှာ ရေ၀င်သောက်တယ်တဲ့
ဟိုနှစ်ကောင်သောက်ပြီးသူသောက်နေတုန်း
ကားလာတော့ပြေးတက်ကြတာ
သူက လက်ထဲမှာရေခွက်တစ်ဖက် ရေခွက်တင်တဲ့ ပန်းကန်တစ်ဖက်နဲ့
ခေါင်းမှာလဲ ရေအိုးအဖုံးကဆောင်းထားသေးတယ်
ကားပေါ်ရောက်လို့ စပယ်ရာပြောမှ သတိထားမိလို့
အောက်ဆင်းပြီးပြန်ထားရတယ်တဲ့
ကားတစ်စီးလုံး အပြင် ကားဂိတ်ကလူတွေပါ
ဝိုင်းဟားလိုက်ကြတော့ ဒီကောင်တော်တော်ရှက်သွားတယ်


နောက်မှထပ်ရေးမယ်ဗျာ


ထက်သူရ

ဦးပုည ရဲ့ အတွေးရခက်တဲ့ကဗျာ ၁

တည့်စေတဲ့ တည့်စေ
အလွဲချော်မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ ချွေးတွေကယိုစီး
အလွဲချော်မကျစေနဲ့
အိုကွာ မင်းးးးးးးးးးးးးးးးး
လွှသူကြီးးးးးးး။

Wednesday, January 13, 2010

MNL



www.thanlwin.com မှ

ဘာကြောင်းမနီးစပ်ရတာလဲ




























forward mail တွေထဲကရတာပါ