ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Wednesday, June 16, 2010

တကယ်လား

ငါကြိုးစားနေတယ်ဆိုတာ
တကယ်လား
ငါအလုပ်လုပ်နေတယ်ဆိုတာ
တကယ်လား
ငါအခြေအနေတစ်ခုရောက်အောင်
လုပ်နေတယ်ဆိုတာရော
တကယ်ပဲလား
တစ်ခုကြားဖူးတယ်
`တကယ်ကြိုးစားတဲ့သူဟာ
ပန်းတိုင်ကိုကြိုရောက်နေသူပဲ´တဲ့
ငါကြိုးစားနေတယ်ဆိုပြီး
ကိုယ့်ကိုကိုယ်လိမ်နေမိတာလား
အခုသေချာတာကတော့
ငါ ဘာမှလုပ်ချင်စိတ်မရှိပဲ
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတာပဲ
ငါဘာလုပ်သင့်သလဲ.....
စိတ်တွေပြန်စုစည်းမိအောင်
ဘာတွေလုပ်ရမလဲ.....

No comments: