ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Wednesday, February 10, 2010

နွားလွှတ်ပွဲ

ထိန့်လိုက်တဲ့အိုးစည်
နှဲကလဲ ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလဲပါသဟေ
ကြောပေါ်မှာကောဇော
အမွှေးရောသနပ်ခါး
ချိုဖျားမှာပိတောက်ပန်းတွေက
တစ်လျှမ်းလျှမ်းရွှေအဆင်း
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မယ့်ဖြစ်ခြင်းးးးး။

ဆရာဇော်ဂျီ

No comments: