ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Saturday, April 3, 2010

မရှိမဖြစ်

လူတွေပြောတတ်ကြတယ်
မရှိမဖြစ်တဲ့
ငါမရှိရင်မဖြစ်ဘူး လို့ တစ်ချို့တွေပြောတတ်ကြတယ်
မင်းမရှိရင်မဖြစ်ဘူးဆိုပြီးလဲ များသောအားဖြင့် သမီးရည်းစားတွေပြောတတ်ကြတယ်
ပိုက်ဆံမရှိလို့မဖြစ်ဘူး
ကွန်ပြူတာမရှိလို့မရဘူး
မရှိလို့မဖြစ်ဘူး မရှိလို့မဖြစ်ဘူးနဲ့ ပြောနေကြတာတော့ကြားဖူးတယ်။
ဒါပေမဲ့ မရှိရင်လဲ ဖြစ်နေတာကို တွေ့နေရပြန်ရော
နဂိုထဲက ပြောင်းပြန်လှည့်တွေးတတ်တဲ့သူ
ပြဿနာ တက်ပြီလေ....

ငါမရှိရင်မဖြစ်ပါဘူးဆိုတဲ့ လူကြီး ဆုံးသွားတော့လဲ သူ့အိမ်မှာ သူမရှိလဲ ဖြစ်အောင်နေနေကြတာ
တွေ့နေရတယ်လေ....
မင်းမရှိရင် မဖြစ်ဘူး ငါသေသွားနိုင်တယ် လို့ ပြောတတ်ကြတဲ့
(ပါးစပ်ဖျားလဲဖြစ်နိုင်တယ် စိတ်ထဲက တစ်ကယ်ပါလို့လဲဖြစ်နိုင်တယ်နော်)
သမီးရည်းစားတွေ ကွဲကွာသွားတဲ့အခါမှာလဲ
သူ့အလိုလို ဖြစ်သွားကြတာပဲလေ

တစ်ခုကြားဖူးသေးတယ်ဗျ
“အစားထိုးလို့ မရတဲ့သူ မဖြစ်စေနဲ့
အစားထိုးလို့မရတဲ့သူဖြစ်သွားရင် မင်း ရာထူးမတက်နိုင်တော့ဘူး”တဲ့
ဒီစကားကို ကျွန်တော်ထောက်ခံတယ်
မှန်သင့်သလောက်မှန်တယ်ဗျာ။
ကိုယ်ရှိနေတဲ့နေရာကို အစားဝင်နိုင်တဲ့သူရှိနေရမယ်
မရှိသည့်တိုင်အောင် ကိုယ်မရှိရင် ကျန်တဲ့သူတွေက
အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ကြလိမ့်မယ်ဆိုတာ
နားလည်ထားသင့်တယ်ဗျ။

မှန်ပါတယ်
တစ်ချို့လူတွေမရှိရင် သူနဲ့ပတ်သက်တာတွေမှာ
တော်တော်လေး ဒုက္ခရောက်သွားတတ်တယ်
ဒါပေမဲ့ ခဏပါဗျ
သူမရှိတော့တဲ့အခါမှာ သူ့နေရာကိုအပြည့်အ၀မဟုတ်တောင်
တော်တော်တန်တန် အစားထိုးနိုင်တဲ့ သူ ပေါ်လာပါလိမ့်မယ်...

မရှိမဖြစ်ဆိုတာကို မစွဲပဲနဲ့
မရှိရင်လဲ ဖြစ်တယ် ဆိုတာ စိတ်ထဲထားနိုင်ရင်ပိုကောင်းမလားလို့ပါ....


ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်

ထက်သူရ

3 comments:

kka said...

"မရှိမဖြစ်"လေးရေးထားတာကောင်းတယ်...
မှန်လည်းမှန်တာပဲလေ..နော့..
"မဖတ်မဖြစ်"ဖတ်သင့်တယ်လို့တော့ သူများတွေကိုတိုက်တွန်းမသွားတော့ဘူးနော် :D

chocothazin said...

ဘဝသံသရာ ရထားကြီးမှာ တစ်ယောက်ဆင်းရင် တစ်ယောက်တက်ရမြဲပါ။
မရှိလို့ မဖြစ်ဘူးဆိုတော့ မဖြစ်နိုင်ပါဘူး။

kh said...

အားပေးတဲ့အတွက် ကျေးဇူးပါ

လက်ဖက်ခြောက်ရေ ဒီတစ်ခါတော့ သဘောထားတိုက်ဆိုင်တယ်ထင်ပ...

kka ရေ ...မဖတ်လဲဖြစ်တဲ့အတွက် မဖတ်မဖြစ်လို့ မတိုက်တွန်းသွားမိဘူးကွယ်....

ထက်သူရ