ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Thursday, December 31, 2009

2009-2010

2009
လက်ပြနှုတ်ဆက်
ကြေကွဲ ၀မ်းနဲ လွမ်းဆွေး တသ
ပျော်ရွှင် ကြည်နူး အောင်မြင် တိုးတက်
ကျဆုံး လွင့်ပါး
အမျိုးမျိုးသော ခံစားချက်တွေ
အမျိုးမျိုးသော ဖြစ်တည်မှုတွေ
အမျိုးမျိုးသော ပြောင်းလဲမှုတွေ
အမျိုးမျိုးသော............................အရာရာ
ကျန်နေခဲ့တော့မယ်..

ရှေ့မှာ........2010
ဘာတွေဖြစ်လာဦးမလဲ
ဘာတွေကြုံတွေ့ရဦးမလဲ
ဘယ်လိုဒဏ်ရာတွေ
ဘယ်လို အောင်ပွဲတွေ
ဘယ်လိုခံစားမှုတွေ
ဘယ်လိုပြောင်းလဲမှုတွေ
ကြုံတွေ့ ခံစား ရဦးမလဲ
ဘာတွေပဲလာလာ
ကျော်ဖြတ်နိုင်ဖို့ အားမွေးထားတယ်..................

Friday, December 25, 2009

အဂုၤလိမာလ

ဇါတ်တော်ထဲမှာ အဂုင်္လိမာလ ဇါတ်ကိုဖတ်တော့
စဉ်းစားမိတာလေးတွေပါ
တစ်ခုက အဂုင်္လိမာလ က ပညာတော်တယ်ပြောတယ်
ပြီးတော့ ဆရာကြီးကလဲ ပါမောက္ခ တစ်ယောက်ပဲ
သူတပါးသွေးခွဲစကားကို အစဉ်းစားမရှိ ယုံကြည်လိုက်တာက
ဘာကြောင့်လဲ သူ့မိန်းမနဲ့ သ၀န်တိုလို့ အမြင်ကန်းသွားတာလား

အဂုင်္လိမာလကရော ဆရာခိုင်းတာနဲ့ တော်၏ရော်၏ မစဉ်းစားပဲ
လုပ်သင့်လို့လား

ပညာရှိသတိဖြစ်ခဲ ဆိုသလိုဖြစ်မှာပေါ့လေ

ထားပါတော့
ကဲ အခု အင်္ဂုလိမာလ လက်ညှိုးတွေလိုက်ဖြတ်ပြီ
လူတစ်ထောင် သတ်ဖို့လိုလာပြီ........
အဲ့မှာစဉ်းစားစရာက လူမှာ လက်ညှိုးနှစ်ချောင်းပါတယ်
အဲ့ဒါဆိုရင် လက်ညှိုးတစ်ထောင်ပြည့်ဖို့ လူ 500 ပဲသတ်ဖို့လိုမယ်

ပြီးတော့ လူတွေရဲ့လက်မှာ ဖြတ်လိုက်ရင် လက်ညှိုးလား
လက်သူကြွယ်လား လက်သန်းလာ မသိနိုင်ဘူးထင်တယ်ဗျ
အဲ့တော့
လူတစ်ယောက်ဆီက လက်ညှိုးပုံစံတူ ရှစ်ခုရပြီဗျာ
အဲ့လိုဆိုရင် လူပေါင်း 125 ယောက်ပဲ သတ်စရာလိုမယ်ဗျာ

ကဲ အဲ့လောက်လူဆိုရင် တော်တော်ကွာသွားပါပြီ
ဘုရင်လဲလာဖမ်းရလောက်အောင် ဖြစ်လာမယ်မထင်ဘူးဗျ.

ပြီးတော့ လူမသတ်ပဲ လက်ပဲဖြတ်ယူလိုက်လို့ရတယ်ဗျာ
သုသာန်က သုဘရာဇာနဲ့ လက်ဝါးရိုက်ပြီးတောင် လုပ်လို့ရသေးတယ်
ဟီးဟီး

ကဲ ဆရာသမားတို့ရော ဘယ်လိုထင်တုန်းဗျ
အဟတ်

ထက်သူရ

Thursday, December 24, 2009

နာမည်ပြောင်များ

လူတွေမှာ အခေါ်ခံရတဲ့နာမည် တော်တော်များကြတယ်ဗျ
ကျွန်တော်ဆိုရင် ကိုယ့်နာမည်တောင် တခါတလေ မှားတယ်
နစ်နိမ်းတွေများလွန်းလို့
ငယ်ငယ်က အိမ်မှာတော့ ထက်ထက် လို့ခေါ်တယ်ဗျ
အိမ်နားကလူတွေကပါ လိုက်ခေါ်တယ်ပေါ့ဗျာ
ကျောင်းတက်တော့ သူငယ်ချင်းတွေက ကိုထက် တဲ့ ထက်ကြီး တဲ့
ကြီးလာတော့ တဖြည်းဖြည်းနဲ့ နံမည်တွေများလာလိုက်တာဗျာ
ပြောမပြောချင်ဘူး (အမှန်ကပြောချင်လို့ရေးတာ ဟီးဟီး)
လမ်းလျှောက်တာမြန်ပြီး ဘေးဘီမကြည့်တတ်လို့
ကောလိပ်တက်တော့ စစ်ဗိုလ်ကြီးတဲ့ Robot တဲ့
နောက်ကွယ်ခေါ်ကြတာပါ
ရင်းနှီးတဲ့သူငယ်ချင်းတွေက ထက်ထက် လို့ခေါ်တယ်
မိန်းကလေးတွေများတယ်
ယောင်္ကျားလေးတွေကတော့ ဘာမှန်းမသိ မိထက် တဲ့
လူကို ဘာဖြစ်သွားမှန်းကိုမသိတာ အဟတ် အဟတ်
သူငယ်ချင်းတစ်ယောက်က ထူးထူးဆန်းဆန်း
အင်မတန်မှစကားနဲတဲ့ ကျွန်တော့ကို donald duck တဲ့
အငြင်းသန်လို့ဆိုလားးး
ဟုတ်တော့ဟုတ်တယ်ဗျ
ကျွန်တော်ကလဲ စကားသာနဲတာ ကိုယ်မှန်တယ်ထင်ရင်
ဘာပိတ်ပြီးငြင်းတယ်ဆိုလား
အဲ့လိုကို ငြင်းတာ
အဟတ် အဟတ်
ကျန်သေးတယ်ဗျ ဆယ်တန်းအောင်လို့ Guide လုပ်တော့
လမ်းထဲကလူတွေက ကျောင်းဆရာ တဲ့
နောက်ကျတော့ဘယ်လိုဖြစ်တယ်မသိ ဆရာကျောင်း ဖြစ်သွားရော
ကျွန်တော်ကတော့ ကိုယ့်ကိုဘယ်လိုခေါ်ခေါ် သိပ်တော့ဂရုမစိုက်လှဘူးဗျ
အဲ ဒါပေမဲ့ တချို့လူတွေ တွေ့ဘူးတယ်
ကိုယ့်ကို နာမည်ပြောင်ခေါ်ရင်မကြိုက်ကြဘူး
နာမည်ပြောင်က ဆိုးနေရင်တော့သိဘူးလေ
ကျွန်တော့သူငယ်ချင်းတွေထဲမှာ နာမည်ပြောင်တွေရှိတယ်
တစ်ယောက်ဆို သူ့ကောင်မလေးနာမည်က ဘေဘီတဲ့
အဲ့တော့ သူ့ကို ဘေကြီး လို့ခေါ်တယ် ကောင်းရော
ဘာမှန်းကိုမသိတာ
ဒီလိုပဲ ဒါးလှီးမုန့် တို့ လဘက်ခြောက် တို့
ဂေါ်ဖီထုပ်တို့ ခြုံပုတ် တို့
ခေါ်ကြတာတွေအများကြီးပဲ
အဲ့နာမည်တွေကတော့ ဘယ်ကောင်းမလဲ နော့
တချို့ဆိုရင် များသောအားဖြင့် လူကြီးတွေပေါ့ဗျာ
နာမည်ပြောင်မဟုတ်ပဲနဲ့ အိမ်ခေါ်နာမည် ခေါ်ရင်တောင်
မကြိုက်ချင်ကြဘူး
သူတို့ကို တန်းတူဆက်ဆံတယ်ဆိုပြီးပေါ့လေ
ဥပမာ ဗျာ လူကြီးတစ်ယောက် အိမ်မှာရော
အသိတွေကပါ ကိုအောင် လို့ခေါ်တယ်ဆိုပါတော့
သူ့နာမည်အရင်းကိုမခေါ်ပဲ ကိုအောင်လို့ခေါ်တာ
သူမကြိုက်ဘူးဗျ
အဖျားဆွတ်ခေါ်တာက သူ့ကိုထိခိုက်စေတယ်ဆိုပဲ
အမယ် နိုင်ငံခြားတွေဘာတွေတပ်ပြီးပြောသေးတာဗျ
အဟတ် ရယ်ချင်လိုက်တာဗျာ
အမှန်က နာမည်ဆိုတာ ပညတ် တစ်ခုဆိုတာ သူမှမသိတာဗျာ
ကဲ ထားလိုက်ပါတော့
ခင်ဗျားတို့ရော နာမည်ပြောင်ခေါ်ဖူးလား
အခေါ်ခံရရင်ရောကြိုက်လား မကြိုက်ဘူးလားဗျ
အဲ့ဒါလေးသိချင်လို့ပါ...........

အပင်ပန်းခံဖတ်ပေးတဲ့အတွက်ကျေးဇူးပါ

ထက်သူရ