ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Thursday, September 16, 2010

နှင်း၇လွှာဖုံးထားတဲ့နှလုံးသား

အခန်းနံရံပေါ်မှာ
ပြက္ခဒိန်အသစ်တစ်ခုလဲခဲ့ပြီ
အတောင့်တဆုံးပန်းတစ်ပွင့်ဆီက
ဘယ်လိုရနံမျိုးမှ ထွက်ကျမလာခဲ့ဘူး
နှင်း၇လွှာဖုံးထားတဲ့နှလုံးသားမို့
အေးစက်စိမ်းကားတာလားချစ်သူ
အစိမ်းရောင်နှင်းဖွဲဖွဲအောက်က
ကိုယ့်နှလုံးသား
မင်းရဲ့နှလုံးအိမ်မှာ
တစ်ကြိမ်လောက်ဖြစ်ဖြစ်
ဆောင်းခိုပါရစေ။

A new calender
Have arrived on the wall of my room.
From most longing flower
Come out no perfume.
Cos' your heart
surrounded by seven layers of snow
Cold heart upon me?
May my heart
Under fine green snow
Hibernate just a time
In your heart.

Light ဂျာနယ်ထဲက ကဗျာတစ်ပုဒ်ပါ
ကြာတော့ကြာပြီ
ကြိုက်လို့ အလွတ်ရနေတာ
ပြန်ဝေမျှလိုက်ပါတယ်

ထက်သူရ

2 comments:

blackcoffee said...

နှင်းခုနစ်လွှာ ဖုံးတဲ့ နှလုံးသား တဲ့လား ကောင်းလိုက်တဲ့နာမည်လေး။ ဒါပေမယ့် ခံစားရမဲ့ လူအတွက်ကတော့ မလွယ်ဘူးနော်။ သေလောက်တယ်...

kh said...

သေတော့မသေသွားဘူးဗျ
အရှင်လတ်လတ်ရှိသေးတယ်
အဟိ...