ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label talk to myself. Show all posts
Showing posts with label talk to myself. Show all posts

Tuesday, September 7, 2010

ဆေးလိပ်


ဆေးလိပ်
ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်တဲ့အရာပါလိမ့်
ဖြတ်ဖို့ ကြိုးစားနေခဲ့တာလဲ ကြာနေပြီ
အခုထိလဲ ဖြတ်လို့မရသေးဘူး
ဘယ်အရာကိုမှ လေးလေးနက်နက်မထားတတ်တဲ့ငါ
ဘာကိုမှ စွဲလမ်းမှု သိပ်မထားတတ်တဲ့ငါ
လိုအပ်ရင် စိတ်ပြတ်တတ်တဲ့ငါ
ဒီဆေးလိပ်မှ ဘာလို့မပြတ်နိုင်ရတာလဲ
ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူး
ပထမ လူက ဆေးလိပ်သောက်တယ်
အခု ဆေးလိပ်က ဆေးလိပ်ကိုပြန်သောက်နေပြီ
ဆေးလိပ်က လူကို မသောက်ခင် ဖြတ်ရတော့မယ်

ထက်သူရ

Wednesday, August 4, 2010

ငါလိုချင်တာ

ငါလိုချင်တာ ဘာလဲ
ပုံမှန်လစာတစ်ခုလား
အခုလဲ ရနေတာပဲ
အခုရနေတာက မိသားစုတစ်ခုအတွက်
လုံလောက်နိုင်တယ်
ဒါပေမဲ့
ငါ အလုပ်မလုပ်နိုင်တဲ့အချိန်တွေမှာ
ဘာနဲ့နေမှာလဲ

ငါတကယ်တမ်းဖြစ်ချင်တာဘာလဲ
ကိုယ်ပိုင်အလုပ်လား
ဟုတ်တယ်
ငါကိုယ်ပိုင်အလုပ်လုပ်ချင်တယ်

ဘာတွေလိုအပ်လဲ
အရင်းအနှီး
ငွေကြေး နဲ့ စီးပွားရေးအမြင်
ငွေကြေးကတော့ ရှာရဦးမယ်
စုရဦးမယ်
စီးပွားရေးအမြင်ကရော

အခုလောလောဆယ် လုပ်နေတဲ့အလုပ်မှာ
စီးပွားရေးအမြင်တိုးတက်နိုင်တယ်
တိုးတက်အောင်လဲ လုပ်နေတယ်...
ငွေကြေးအရင်းအနှီးအတွက်ကလည်း
ဒီကနေ ရနိုင်တယ်

လက်ရှိလုပ်နေတဲ့ လုပ်ငန်းပေါ်မှာ
အကောင်းဆုံးလုပ်နေရင်
ငါလိုချင်တာဖြစ်ဖို့
လိုအပ်တဲ့ အရာတွေ ရနိုင်တယ်

ေ၀၀ါးနေတဲ့စိတ်တွေကို
တည်ငြိမ်အောင်ထိန်းဖို့ပဲလိုတယ်..

ထက်သူရ
မင်းလုပ်နိုင်ပါတယ်............