ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, January 29, 2010

အမေ

ဘာလိုလိုနဲ့ အမေကျွန်တော့ကိုခွဲသွားတာ
ငါးနှစ်ကျော် ခြောက်နှစ်ဖြစ်နေပြီနော်
အမေ့ကိုကျွန်တော်မမေ့သေးပါဘူးအမေရယ်
ကျွန်တော်အခုလို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ကြိုးစားပေးခဲ့တဲ့အမေ့ကို ကျွန်တော် သတိရနေပါတယ်ဗျာ
ကျွန်တော်အမေဆုံးတော့ ၀မ်းမနဲခဲ့ပါဘူး
ကျွန်တော့ကို အသဲမာတဲ့သူလို့ပြောကြတယ်
တကယ်က ကျွန်တော်အသဲမမာခဲ့ပါဘူး
ကြိတ်ငိုခဲ့ရတာများလို့ ကျွန်တော် မျက်ရည်ခမ်းသွားတာလဲပါမှာပေါ့လေ
ကျွန်တော်မငိုခဲ့ပါဘူး
ဘာလို့လဲဆိုတော့
ကျွန်တော် အမေ့ကို အကောင်းဆုံးလုပ်ကျွေးလိုက်နိုင်ခဲ့တယ်လေ
အမေနဲ့ပတ်သက်ပြီး ကျွန်တော်ဝမ်းနဲတာက
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အမေမရှိနိုင်တာပဲ
အမေအရမ်းမြင်ချင်ခဲ့တဲ့ ဘွဲ့ကို ကျွန်တော်ရအောင်ယူနိုင်ခဲ့တယ်
ဒါပေမဲ့ အမေနဲ့အတူ မှတ်တမ်းဓါတ်ပုံလေးတောင်
မယူခဲ့နိုင်ဘူး ဒါတော့ဝမ်းနဲတယ်ဗျာ
အခုအချိန် အမေရှိနေရင် အရမ်းကောင်းမှာပဲလို့
ကျွန်တော်တွေးမိတယ်
အမေ့ကို ကျွန်တော် အရင်ကထက်ပိုပြီးလုပ်ကျွေးနိုင်မှာပေါ့
ကျွန်တော်လဲ အရင်ကလို ချွေတာတတ်တဲ့သူအဖြစ်ပဲ
ဆက်ရှိနေမှာပေါ့လေ
ဒါပေမဲ့ ဖြစ်ပြီးတာတွေလဲဖြစ်ပြီးသွားပြီပဲ
အခုဆိုရင် လူ၉ယောက်ရှိတဲ့အိမ်မှာ
လူလေးယောက်ပဲကျန်တော့တယ်
ကျွန်တော် အိမ်ထောင်ဦးစီးတစ်ယောက်လို
အဓိကငွေရှာတဲ့သူဖြစ်နေပြီ
တစ်ခါတစ်လေတွေးမိတယ်ဗျာ
ကျွန်တော် ကိုယ့်အတွက်လူဖြစ်လာတာမဟုတ်ပဲ
မိသားစုအတွက် တစ်ခြားသူတွေအတွက်
လူဖြစ်လာရတာလားလို့
ဒါပေမဲ့ ကျွန်တော်အခုပြန်ကြည့်နေရတဲ့သူတွေကလဲ
ကျွန်တော့အပေါ်ကောင်းခဲ့ကြတာပါပဲလေ
အမေရှိရင် ကျွန်တော်လုပ်နေတာတွေနဲ့ပတ်သက်ပြီး
သာဓုခေါ်နေမှာပါ
ကျွန်တော်ကိုယ်ပိုင်ဘ၀တစ်ခုမထူထောင်ခင်မှာ
အိမ်မှာရှိတဲ့သူတွေရဲ့ဘ၀အဆင်ပြေအောင်
ကျွန်တော်အစွမ်းရှိသလောက်ကြိုးစားပေးပြီးမှ
ကျွန်တော့အတွက် ကျွန်တော့ချစ်သူ အမေ့ချွေးမလေးအတွက်
ဘ၀တစ်ခုကို တည်ထောင်သွားမှာပါ အမေရယ်

အမေ့ကို အရမ်းသတိရတယ်ဗျာ

ထက်သူရ

သူငယ်ချင်းများ ၁

ကိုမျိုး အကြောင်းပဲဆက်ပြောမယ်
ဒီကောင်က အရမ်းရိုးတယ်
ကျွန်တော်တို့ထဲမှာအရိုးဆုံးပဲ
ဒီကောင်က စေသနာလည်းအရမ်းကောင်းတာ
သူငယ်ချင်းတွေအိမ်မှာအလှူရှိလို့ လာကြရင်
သူပျောက်နေတတ်တယ်
ဘယ်ပျောက်နေလဲ သွားရှာရင်
တစ်နေရာပဲရှာစရာလိုတယ်
အဲ့ဒါကတော့ ပန်းကန်ဆေးတဲ့နေရာ
လူရှိရှိ မရှိရှိ သူကဒိုင်ခံဆေးပေးနေတာ
မလုပ်နဲ့ဆိုလဲမရဘူး
ဒီတော့လဲ သူငယ်ချင်းအိမ်တွေအကုန်က ချစ်ကြတယ်ပေါ့လေ

ခက်တာက အလွဲအရမ်းလုပ်တာ
အလုပ် ၁၀ ခုလုပ်ရင် ၉ခုလောက်ကလွဲနေတတ်တာ

အဲ သူတစ်ခါလုပ်တာသူငယ်ချင်းတစ်ယောက်
တော်တော်လေးတိုင်ပတ်သွားသေးတယ်
ဘာလဲဆိုတော့
ကျောင်းခန်းထဲမှာ သူကြိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်
နာမည်ကလဲဆင်တယ်
သူက YMT ကောင်မလေးနာမည်ကလဲ YMT
ဒီတော့စကြတာပေါ့လေ
တစ်နေ့ သူ့မွေးနေ့မှာ ကောင်မလေးကို စာအုပ်လက်ဆောင်ပေးတယ်
ူသူငယ်ချင်းလဲမဟုတ်ဘာမှလဲမဟုတ်ပဲနဲ့ သွားပေးတယ်
ဘယ်လိုပေးလိုက်လဲတော့မသိဘူး
ကျွန်တော်တို့လဲမသိလိုက်ဘူးဗျ
နောက်နေ့ကျတော့ ထောက်ကြံ့မှာနေတဲ့တစ်ယောက်က
အစောကြီးကျောင်းရောက်နေတာ
ကျွန်တော်တို့လဲမရောက်သေးဘူး
အဲ့မှာ သူကြိုက်နေတဲ့ကောင်မလေးက
ကျွန်တော်တို့သူငယ်ချင်းရှေ့မှာစာအုပ်ကိုဘုန်းခနဲပစ်ချပြီး
ကိုမျိုးကိုပြောလိုက် နောက်ဘယ်တော့မှဒီိလိုမလုပ်ပါနဲ့ဆိုပြီး
ဟောက်သွားတယ်တဲ့
သူလဲဘာမှန်းမသိခံလိုက်ရတာပေါ့
ဘာမှန်းမသိပဲ တောင်းပန်လိုက်ရသေးတယ်တဲ့
ကျောင်းရောက်တော့မှသူကအကြောင်းစုံရှင်းပြတယ်
သူစာအုပ်ပေးလိုက်တယ်ပေါ့
အိမ်မှာသွားပေးတယ်ဆိုလားပဲ
အိမ်ကြောက်တဲ့သူကိုအိမ်မှာသွားပေးတယ်ဆိုတော့
ဟိုက ဒေါသထွက်တာပေါ့
အဲ့ကနေစပြီး ကောင်မလေးက သူ့ကိုလုံးဝမကြည်တော့ဘူး
အမှန်ကအစထဲကမကြည်တာ
အခုကျောင်းပြီးတဲ့အထိ သူကတော့ကြိုက်နေတုန်းပေါ့လေ
ကျွန်တော်တို့နောက်ရင်တော့ မျက်နှာငယ်လေးနဲ့
ဟိုကတော့သူ့ကို ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူး
သနားစရာတော့ကောင်းသား
ကောင်မလေး ဒီပို့စ်ဖတ်မိရင်တော့ ပြန်ကြိုက်လိုက်ပါဗျာလို့ပြောချင်တယ်ဗျ
အဟတ် အဟတ်

သူလွဲတာတွေကတော့တစ်ပုံကြီးပဲ
ကျွန်တော်သတိရတာလေးတွေကြုံရင်ကြုံသလိုရေးပေးပါမယ်

အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျ

စေသနာကောင်းလွန်းတဲ့ သူငယ်ချင်းအလွဲလေးအတွက်

ထက်သူရ

မော်ဒယ်ဂဲလ်

အရိုးစုခြောက်
လမ်းထလျှောက်သော်

မျက်မှောက်ခောတ်ထဲ
မော်ဒယ်ဂဲလ် တဲ့

ကျောင်းတက်စဉ်အမှတ်တရ

ကျောင်းဆိုတဲ့အထဲမှာ ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းတွေကတော့
သိပ်များများရေးစရာမရှိဘူးဗျ
ဘာလို့လဲဆိုတော့ အလကားနေ ဆော့နေတာနဲ့
စာကြည့်နေတာပဲရှိတာကိုး
ကျောင်းအကြောင်းရေးမယ်စဉ်းစားတော့
အထက်တန်းပြီး ကောလိပ်တက်တဲ့အကြောင်း
ကောလိပ်ကသူငယ်ချင်းတွေအကြောင်းရေးဖို့ စဉ်းစားမိတယ်
ကောလိပ်ဆိုတာကလဲ ဂျစ်ပစီ တေလေဂျပိုး စန်တာ လို့ ခေါ်ကြတဲ့
ဂျီတီစီ (GTC) ပါ
တက်ရတာကတော့ ရန်ကုန်မြို့နဲ့သိပ်မဝေးလှတဲ့
မှော်ဘီအလွန်လေးတင်ပါ
သိပ်မရှိပါဘူး ၃၃ မိုင်နဲ့ ၇ ဖာလုံ ထဲရှိတာပါ
မှော်ဘီမှာဆိုရင် နာမည်ရှိတဲ့ မှော်ဘီ အထက (၁) ရှိပါတယ်
ကျွန်တော်တို့ကျောင်းက ထ ၁ ထက်သာတယ်ဗျ
စုတ်တဲ့နေရာမှာ ဟီးဟီး
ဒီလိုပဲလေ လက်သမားကောင်း အိမ်ကောင်းမနေဘူး ဆိုသလိုပေါ့
ကျောင်းကသာမကောင်းတာဗျ
ကျောင်းက ဆရာတွေ ဆရာမတွေကတော့ တယ်ကောင်းတာ
တကယ်ပါ ဆရာ ဆရာမတွေ တကယ်စာသင်ကြပါတယ်
သူတို့ ကောင်းကောင်းသင်ပေးလို့
ကျွန်တော်တို့တွေ ကျူရှင်မလိုပဲ အောင်လာကြတာပါ
တကယ့်ကိုကျေးဇူးတင်ထိုက်သူတွေပါ။
သူတို့ကတော့သေချာသင်ပေးလိုက်တယ်
ကျွန်တော်တို့ကအသုံးမကျလေတော့
စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားခဲ့မိတယ်လေ
ဒီတော့ကာ အခုတော့ ကျောင်းစာတွေ
ကျောင်းပြန်ကုန်တာပေါ့လေ
ဒီလိုနဲ့ ဂျီတီစီတက်ရင်း ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေအများကြီးပေါ့လေ
တော်တော်လေးခင်တာကတော့
ကျွန်တော်တို့ ယောင်္ကျားလေးချည်းပဲ ၁၀ ယောက်ရှိတယ်
တစ်ယောက်တမျိုးစီ အလွဲအချော် လေးတွေနဲ့ဆိုတော့
အူကြောင်ကြောင်အဖွဲ့လေးဖြစ်နေတာပေါ့လေ

အကြီးဆုံးတစ်ယောက် နာမည်က ကိုမျိုး
အသက်ကြီးသလောက် အပေါဆုံးလို့လဲပြောလို့ရတယ်
အမှန်က ရိုးလွန်းတာ
သူများအပေါ်ကူညီချင်စိတ်အရမ်းများတယ်
ဒါပေမဲ့ လုပ်လိုက်ရင်အမြဲတမ်းနီးပါး တလွဲ
တစ်ခါက ကျွန်တော်တို့အပြင်သွားကြရင်း
သူနဲ့ နောက်နှစ်ယောက်ကို ဒန်ပေါက်ဝယ်ခိုင်းလိုက်တယ်
အားလုံးစားဖို့ ကျွန်တော်တို့က ကားဂိတ်မှာစောင့်နေတယ်
ခဏနေတော့
သူနဲ့လိုက်သွားတဲ့နှစ်ကောင် ခွက်ထိုးခွက်လန်ရယ်ပြီးပြန်လာတယ်
သူကတော့ အနောက်ကနေ မျက်နှာကြီးကိုရဲလို့
ဘာများဖြစ်တာလဲ ဆိုပြီးမေးကြည့်တော့
ကားစောင့်နေတုန်း ရေအိုးစင်မှာ ရေ၀င်သောက်တယ်တဲ့
ဟိုနှစ်ကောင်သောက်ပြီးသူသောက်နေတုန်း
ကားလာတော့ပြေးတက်ကြတာ
သူက လက်ထဲမှာရေခွက်တစ်ဖက် ရေခွက်တင်တဲ့ ပန်းကန်တစ်ဖက်နဲ့
ခေါင်းမှာလဲ ရေအိုးအဖုံးကဆောင်းထားသေးတယ်
ကားပေါ်ရောက်လို့ စပယ်ရာပြောမှ သတိထားမိလို့
အောက်ဆင်းပြီးပြန်ထားရတယ်တဲ့
ကားတစ်စီးလုံး အပြင် ကားဂိတ်ကလူတွေပါ
ဝိုင်းဟားလိုက်ကြတော့ ဒီကောင်တော်တော်ရှက်သွားတယ်


နောက်မှထပ်ရေးမယ်ဗျာ


ထက်သူရ

ဦးပုည ရဲ့ အတွေးရခက်တဲ့ကဗျာ ၁

တည့်စေတဲ့ တည့်စေ
အလွဲချော်မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ ချွေးတွေကယိုစီး
အလွဲချော်မကျစေနဲ့
အိုကွာ မင်းးးးးးးးးးးးးးးးး
လွှသူကြီးးးးးးး။

Wednesday, January 13, 2010

MNL



www.thanlwin.com မှ

ဘာကြောင်းမနီးစပ်ရတာလဲ




























forward mail တွေထဲကရတာပါ



















Monday, January 11, 2010

အားနာလို့

ဈေးတစ်ခုတွင်
ဈေးဝယ်။ ။ ဒီပစ္စည်းဘယ်လိုရောင်းလဲဗျ
ဈေးသည်။ ။ ရှင်ဘယ်လောက်ပေးနိုင်မလဲပြောကြည့်လေ
ဈေးဝယ်။ ။ ကျွန်တော်ဈေးဆိုရမှာအားနာလို့ အစ်မ ပဲပြောပါဗျာ
ဈေးသည်။ ။ ကျွန်မလဲ ဈေးပြောရမှာအားနာတယ်ရှင့် ရှင်ပဲပြောလိုက်ပါ
ဈေးဝယ်။ ။ ကျွန်တော်ကအရမ်းအားနာတတ်တာ
ဘယ်လောက်အားနာလဲဆိုရင် ငွေငါးသောင်းကုန်အောင်ကို အားနာ ဖူးတယ်ဗျ
ဈေးသည်။ ။ ရှင် အားနာတာ ငွေငါးသောင်းထဲကုန်တာပါ
ကျွန်မအားနာတာ ဒီကလေး ငါးယောက်
တစ်ယောက်မှအဖေမပေါ်ဘူးးးးးးးးးးး

ပြောချင်တာ

ကိုယ့်အပေါ်နားလည်တဲ့သူကို
ရှာတွေ့ဖို့ခက်ပါတယ်
ဒါပေမဲ့ ကိုယ်ကံကောင်းခဲ့တယ်
ကိုယ်မင်းကိုတွေ့ခဲ့တယ်လေ
အရိုးသားဆုံးစကားကို
အားမနာတမ်းပြောရရင်
ကိုယ်မင်းကိုအရမ်း ချစ်တယ်

Friday, January 8, 2010

ကြောက်ရမှာ တွေးကြောက်မနေနဲ့

လူရယ်လို့ဖြစ်လာရင် ဘ၀ကြီးထဲမှာ ရုန်းကန်လှုပ်ရှားရမှာပဲ
ရုန်းကန်လှုပ်ရှားတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေ
ကြုံကြရလိမ့်မယ်..
တချို့ကိစ္စတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာတွေ
ဘာဆက်လုပ်ရမှန်းမသိတာတွေ ကြုံလာရတတ်ပါတယ်
ဒီလိုအခါမျိုးမှာ သေချာ စဉ်းစားကြည့်ရင်
လုပ်လို့ရမယ့် ကိစ္စရှိနေပါတယ်
အဲ့ဒါကို လုပ်ဖို့ ကြောက်နေကြတာက ပိုများပါတယ်
“နှလုံးသားအဟာရ” စာအုပ်ဖတ်ပြီးတဲ့အချိန်မှာ
အဲ့ထဲက “ကြောက်ရမှာ တွေးကြောက်မနေနဲ့” ဆိုတဲ့
စာသားလေးကိုအရမ်းကြိုက်သွားပါတယ်
ဟုတ်တယ်ဗျ
ကျွန်တော်တို့က ကိစ္စတစ်ခုလုပ်ရမှာကို
အဆင်ပြေပါ့မလားဆိုပြီး ကြောက်နေကြတယ်
တကယ်လုပ်တော့လဲ ကိုယ်ကြောက်ခဲ့သလောက်
မဟုတ်ဘူးဆိုတာ တွေ့ကြရပြန်ရော
ဒါပေမဲ့ နောက်ထပ် အခက်အခဲတွေ့ရင်
ကြောက်ကြပြန်ရော
ခင်ဗျားတို့ကြောက်နေကြတာပါ
ကျွန်တော်ရော
ကြောက်တာပဲဗျ
ဒါပေမဲ့ ကြောက်တာကို စိတ်ထဲမှာမှတ်ပြီး
လုပ်သင့်တာကို ကြောက်ကြောက်နဲ့ပဲ လုပ်ကြရအောင်လားဗျာ............