ဘုရားရှင်တောင် အမှီရှိမှပွင့်ရတယ် တဲ့
ဒီလိုပြောနေကြတာ ကြားဖူးမြင်ဖူး ဖတ်ဖူးပါတယ်
ဒါပေမဲ့ တစ်ကယ်ရောဟုတ်လို့လား
ဘုရားရှင်ပွင့်တော်မူတာ သူကိုယ်တိုင်ရဲ့
ကြိုးစားအားထုတ်မှုကြောင့်ပါ
ဗောဓိပင်နဲ့ ဘာမှမဆိုင်ပါဘူး
အခုအချိန်တွေမှာ
အမှီအခိုလေးတွေ
လိုအပ်သင့်သလောက်လိုအပ်တယ်ဆိုတာ
မငြင်းပါဘူး
တစ်ချို့ကိစ္စတွေမှာ
တစ်ခုခုကိုအမှီသဟဲပြုပြီး
လုပ်ဆောင်ရတာတွေရှိပါတယ်
ဒါပေမဲ့ အမှီဆိုတာကိုပဲ
အားကိုးနေမှာလား
ကိုယ်ကိုတိုင်ရော ဘာမှမလုပ်ကြတော့ဘူးလား
အမှီရှိမှတိုးတက်တယ်ဆိုပေမဲ့
အမှီရှိလို့ ဆုတ်ယုတ်နေတာတွေလဲ
တွေ့နေရတယ်
မှီခိုစရာ လူရှိနေလို့ရှိရင်
မှီခိုနေတဲ့သူတွေဟာ
ကိုယ်ပိုင်မလုပ်ချင်ကြတော့ဘူး
အကုန်လုံးကိုမဆိုလိုပါဘူး
မြင်သမျှကတော့ ဒီအတိုင်းပဲ
ရှိသမျှကိစ္စတွေအကုန်
ဒီလူ လုပ်ပေးမှာပဲဆိုပြီး
ဘာမှလုပ်ချင်စိတ်မ၇ှိကြတော့ဘူး
မျှော်စ၇ာ၇ှိနေ၇င်
ဒါကိုမျှော်နေပြီး
ငါအချိန်တန်၇င်၇မှာပဲ ဆိုတဲ့စိတ်နဲ့
ဘာမှမလုပ်ကြတော့ဘူးလေ
မြင်နေ၇တယ်
သူငယ်ချင်းတွေဆီမှာ
မိတ်ဆွေတွေဆီမှာ
မသိတဲ့သူတွေဆီမှာ
အမျိုးမျိုးပေါ့လေ
တာဝန်ယူနေရတဲ့သူတွေက
စိတ်ပူပန်နေရသလောက်
မှီခိုနေတဲ့သူတစ်ချို့ကတော့
သူတို့ကိစ္စဖြစ်တာတောင်
သူတို့နဲ့မဆိုင်သလို
နေတတ်ကြပါပေတယ်ဗျာ.......
ထက်သူရ
ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label အတွေးများ. Show all posts
Showing posts with label အတွေးများ. Show all posts
Friday, September 10, 2010
Friday, July 23, 2010
ပရောက်စီကျော်ရသောပြဿနာ
မြန်မာနိုင်ငံမှာနေရတာ ဒီတစ်ခုတော့
တော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ်
ကျန်တာကတော့ နဲနဲရိုးနေပြီဆိုတော့မပြောတော့ပါဘူး
ဘလော့ရေးတော့မယ်ဆိုရင် ဟိုကျော်ဒီခွလုပ်နေရတာ
ဟိုပရောက်စီသုံးလိုက်
ဒီပရောက်စီသုံးလိုက်နဲ့
လူလဲမူးနေပြီ
အရင်ကတော့ ကုလားပရောက်စီ ဆိုတာကိုသုံးတယ်
တော်တော်လေးကိုအဆင်ပြေတယ်
ဘလော့နဲ့ပတ်သက်တဲ့ ကွန်မန်းတွေအကုန်သုံးလို့ရတယ်
အခုတော့ အဲ့လာသုံးလို့မရတော့ပြန်ဘူး
လောလောဆယ်တော့ psi ဆိုတာ သုံးနေတယ်
သိပ်တော့မပြေလည်လှဘူး
ပုံထည့်လို့မရ အရောင်ထည့်လို့မရ
ဘလော့ပုံစံပြင်မရနဲ့
ရေးလို့ရနေတာလေးတစ်ခုပဲအဆင်ပြေတယ်
ဘယ်တော့များမှ ကိုယ်ရေးချင်တာကို
ပရောက်စီမကျော်ပဲ ရေးလို့ရမယ်မသိပါဘူး.....

Thursday, June 17, 2010
ရပိုင်ခွင့်
လူတိုင်းမှာရပိုင်ခွင့်ကိုယ်စီရှိကြပါတယ်
တစ်ဦးနဲ့တစ်ဦးတော့မတူနိုင်ကြဘူးပေါ့
လူတစ်ချို့က ကိုယ့်ထက်ပိုထူးချွန်လို့
ရပိုင်ခွင့်ပိုနေရင် သိပ်မပြောတတ်ကြပေမဲ့
ကိုယ့်ထက်မထူးချွန်တဲ့သူတွေ
ရပိုင်ခွင့်ပိုရနေရင်တော့ မကျေနပ်တတ်ကြပါဘူး
ကျွန်တော်ရော
ဒီလိုပါပဲ မကျေနပ်တာတော့ရှိတာပေါ့
ဒါပေမဲ့ တစ်ခုကြားဖူးတယ်
`သူတစ်ပါးရဲ့ ရပိုင်ခွင့် ကို မနာလိုမဖြစ်ပါနဲ့´တဲ့
ဟုတ်တယ်ဗျ
ကိုယ့်လောက်မတော်ပေမဲ့ သူ့မှာရပိုင်ခွင့်ရှိနိုင်တဲ့
အခြေအနေရှိနေတယ်လေ
ရပိုင်ခွင့်တစ်ခုရှိဖို့က
၁။အရည်အချင်း
၂။အဆက်အသွယ်
၃။ဘ၀ပေးကံအခြေအနေ တွေလိုသေးတာကိုးဗျ
အရည်အချင်းနဲပေမဲ့
အဆက်အသွယ်နဲ့ ကံ ကောင်းရင် ကိုယ့်ထက်ရပိုင်ခွင့်ပိုနိုင်ပါတယ်
သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်တဲ့သူတွေထဲမှာ
အထင်ရှားဆုံးတွေကတော့
နိုင်ငံရေးသမားတွေပဲထင်တယ်(ကျွန်တော့အမြင်နော်)
ဒီတော့ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို မနာလိုဖြစ်နေမယ့်အစား
ကိုယ့်ရဲ့ရပိုင်ခွင့်ကို အကောင်းဆုံးဖြစ်အောင်အသုံးချပြီး
ရပိုင်ခွင့် ပိုတိုးနိုင်အောင်
ကြိုးစားကြရအောင်လားဗျာ........
(ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)

Wednesday, June 16, 2010
ကိုယ်ကိုယ်တိုင်သည်သာ
ကိုယ့်အားကိုယ်ကိုး
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
ကိုယ့်ကိုကိုယ်ထိန်း
ကိုယ့်ကိုဒုက္ခအပေးနိုင်ဆုံးလူက
ကိုယ်ကိုယ်တိုင်ဖြစ်သလို
ကိုယ့်ကိုအစွမ်းထက်စေနိုင်တာကလဲ
ကိုယ်ကိုယ်တိုင်ပဲ............
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
ကိုယ့်ကိုကိုယ်ထိန်း
ကိုယ့်ကိုဒုက္ခအပေးနိုင်ဆုံးလူက
ကိုယ်ကိုယ်တိုင်ဖြစ်သလို
ကိုယ့်ကိုအစွမ်းထက်စေနိုင်တာကလဲ
ကိုယ်ကိုယ်တိုင်ပဲ............
Monday, April 5, 2010
ဘ၀တစ်ခု၏နိဂုံး
လူတွေ တစ်နေ့တစ်နေ့ ရုန်းကန်လှုပ်ရှားနေတာကို
အမြဲတမ်းမြင်တွေ့နေရတယ်
ဝမ်းရေးအတွက်လှုပ်ရှားနေရတဲ့အခါမှာ
ကုသိုလ်ထက် အကုသိုလ်များနေတာကိုလဲ တွေ့နေရတယ်
ကိုယ်တစ်နေ့တစ်နေ့ ဘယ်လောက်အကုသိုလ်တွေများ
လုပ်မိနေပြီလဲ။
ဘ၀တစ်ခုရဲ့နိဂုံးကိုရောက်တဲ့အချိန်မှာ
ဘယ်လောက်များ အကုသိုလ်တွေများနေလိုက်မလဲ
ဘ၀နိဂုံးကရော ဘယ်အချိန်မှာရောက်လာမှာလဲ
ငါချစ်တဲ့သူတွေ ငါခင်ရုံပဲခင်တဲ့သူတွေ
ငါမသိတဲ့သူတွေ ငါသိတဲ့သူတွေ
ဘယ်သူတွေ ဘယ်အချိန်မှာသေဆုံးသွားကြမှာလဲ
ခွဲခွာသွားတဲ့သူတွေလဲသွားကုန်ပြီ
ကျန်နေသေးတဲ့သူတွေလဲ အများကြီးပဲ
ဘယ်သူတွေအရင်ခွဲသွားမှာလဲ
ငါအရင်လား ဘယ်သူအရင်ဖြစ်မလဲ
ငါကရော ဘယ်တော့သေမှာလဲ
ဒီနေ့ ပဲလား မနက်ဖြန်လား
နောက်တစ်လနေရင်လား
နောက်နှစ်လား နောက် နှစ် ၂၀ လား
နောက် နှစ်၄၀ လား
နောက်နှစ် ၆၀ တော့ မဖြစ်နိုင်လောက်ဘူးထင်တာပဲ
ဘ၀နိဂုံးရောက်တဲ့အချိန်မှာ
ငါ့နောက်ဘ၀အတွက် ဘာတွေပါပြီလဲ
အခုတော့ အကုသိုလ်က ပိုများနေသလားလို့
ဘယ်အသက်အရွယ် ဘယ်အချိန်မှာ ဘာရောဂါနဲ့ ဘယ်နေရာမှာသေပြီး
ဘယ်ဘ၀ကိုရောက်မှာလဲ.................
ငါမသိဘူး ဘယ်သူမှလဲမသိနိုင်ဘူး
သေချာတာကတော့ မသေခင်မှာ အကုသိုလ်ထက်
ကုသိုလ်ပိုများအောင်တော့ တတ်နိုင်သဖြင့် လုပ်ရမှာပဲလေ
နောက်ဘ၀ ကောင်းအောင်ပေါ့
နောက်ဘ၀မရှိအောင်လုပ်နိုင်ရင်တော့ ပိုကောင်းတာပဲလေ
ဒါပေမဲ့ ငါလုပ်နိုင်ပါ့မလား
ဘာတွေဖြစ်လာမှာလဲ............
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Saturday, April 3, 2010
မရှိမဖြစ်
လူတွေပြောတတ်ကြတယ်
မရှိမဖြစ်တဲ့
ငါမရှိရင်မဖြစ်ဘူး လို့ တစ်ချို့တွေပြောတတ်ကြတယ်
မင်းမရှိရင်မဖြစ်ဘူးဆိုပြီးလဲ များသောအားဖြင့် သမီးရည်းစားတွေပြောတတ်ကြတယ်
ပိုက်ဆံမရှိလို့မဖြစ်ဘူး
ကွန်ပြူတာမရှိလို့မရဘူး
မရှိလို့မဖြစ်ဘူး မရှိလို့မဖြစ်ဘူးနဲ့ ပြောနေကြတာတော့ကြားဖူးတယ်။
ဒါပေမဲ့ မရှိရင်လဲ ဖြစ်နေတာကို တွေ့နေရပြန်ရော
နဂိုထဲက ပြောင်းပြန်လှည့်တွေးတတ်တဲ့သူ
ပြဿနာ တက်ပြီလေ....
ငါမရှိရင်မဖြစ်ပါဘူးဆိုတဲ့ လူကြီး ဆုံးသွားတော့လဲ သူ့အိမ်မှာ သူမရှိလဲ ဖြစ်အောင်နေနေကြတာ
တွေ့နေရတယ်လေ....
မင်းမရှိရင် မဖြစ်ဘူး ငါသေသွားနိုင်တယ် လို့ ပြောတတ်ကြတဲ့
(ပါးစပ်ဖျားလဲဖြစ်နိုင်တယ် စိတ်ထဲက တစ်ကယ်ပါလို့လဲဖြစ်နိုင်တယ်နော်)
သမီးရည်းစားတွေ ကွဲကွာသွားတဲ့အခါမှာလဲ
သူ့အလိုလို ဖြစ်သွားကြတာပဲလေ
တစ်ခုကြားဖူးသေးတယ်ဗျ
“အစားထိုးလို့ မရတဲ့သူ မဖြစ်စေနဲ့
အစားထိုးလို့မရတဲ့သူဖြစ်သွားရင် မင်း ရာထူးမတက်နိုင်တော့ဘူး”တဲ့
ဒီစကားကို ကျွန်တော်ထောက်ခံတယ်
မှန်သင့်သလောက်မှန်တယ်ဗျာ။
ကိုယ်ရှိနေတဲ့နေရာကို အစားဝင်နိုင်တဲ့သူရှိနေရမယ်
မရှိသည့်တိုင်အောင် ကိုယ်မရှိရင် ကျန်တဲ့သူတွေက
အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ကြလိမ့်မယ်ဆိုတာ
နားလည်ထားသင့်တယ်ဗျ။
မှန်ပါတယ်
တစ်ချို့လူတွေမရှိရင် သူနဲ့ပတ်သက်တာတွေမှာ
တော်တော်လေး ဒုက္ခရောက်သွားတတ်တယ်
ဒါပေမဲ့ ခဏပါဗျ
သူမရှိတော့တဲ့အခါမှာ သူ့နေရာကိုအပြည့်အ၀မဟုတ်တောင်
တော်တော်တန်တန် အစားထိုးနိုင်တဲ့ သူ ပေါ်လာပါလိမ့်မယ်...
မရှိမဖြစ်ဆိုတာကို မစွဲပဲနဲ့
မရှိရင်လဲ ဖြစ်တယ် ဆိုတာ စိတ်ထဲထားနိုင်ရင်ပိုကောင်းမလားလို့ပါ....
ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်

Friday, January 8, 2010
ကြောက်ရမှာ တွေးကြောက်မနေနဲ့
လူရယ်လို့ဖြစ်လာရင် ဘ၀ကြီးထဲမှာ ရုန်းကန်လှုပ်ရှားရမှာပဲ
ရုန်းကန်လှုပ်ရှားတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေ
ကြုံကြရလိမ့်မယ်..
တချို့ကိစ္စတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာတွေ
ဘာဆက်လုပ်ရမှန်းမသိတာတွေ ကြုံလာရတတ်ပါတယ်
ဒီလိုအခါမျိုးမှာ သေချာ စဉ်းစားကြည့်ရင်
လုပ်လို့ရမယ့် ကိစ္စရှိနေပါတယ်
အဲ့ဒါကို လုပ်ဖို့ ကြောက်နေကြတာက ပိုများပါတယ်
“နှလုံးသားအဟာရ” စာအုပ်ဖတ်ပြီးတဲ့အချိန်မှာ
အဲ့ထဲက “ကြောက်ရမှာ တွေးကြောက်မနေနဲ့” ဆိုတဲ့
စာသားလေးကိုအရမ်းကြိုက်သွားပါတယ်
ဟုတ်တယ်ဗျ
ကျွန်တော်တို့က ကိစ္စတစ်ခုလုပ်ရမှာကို
အဆင်ပြေပါ့မလားဆိုပြီး ကြောက်နေကြတယ်
တကယ်လုပ်တော့လဲ ကိုယ်ကြောက်ခဲ့သလောက်
မဟုတ်ဘူးဆိုတာ တွေ့ကြရပြန်ရော
ဒါပေမဲ့ နောက်ထပ် အခက်အခဲတွေ့ရင်
ကြောက်ကြပြန်ရော
ခင်ဗျားတို့ကြောက်နေကြတာပါ
ကျွန်တော်ရော
ကြောက်တာပဲဗျ
ဒါပေမဲ့ ကြောက်တာကို စိတ်ထဲမှာမှတ်ပြီး
လုပ်သင့်တာကို ကြောက်ကြောက်နဲ့ပဲ လုပ်ကြရအောင်လားဗျာ............

Subscribe to:
Posts (Atom)