ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, July 23, 2010

ပရောက်စီကျော်ရသောပြဿနာ

မြန်မာနိုင်ငံမှာနေရတာ ဒီတစ်ခုတော့
တော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ်
ကျန်တာကတော့ နဲနဲရိုးနေပြီဆိုတော့မပြောတော့ပါဘူး
ဘလော့ရေးတော့မယ်ဆိုရင် ဟိုကျော်ဒီခွလုပ်နေရတာ
ဟိုပရောက်စီသုံးလိုက်
ဒီပရောက်စီသုံးလိုက်နဲ့
လူလဲမူးနေပြီ
အရင်ကတော့ ကုလားပရောက်စီ ဆိုတာကိုသုံးတယ်
တော်တော်လေးကိုအဆင်ပြေတယ်
ဘလော့နဲ့ပတ်သက်တဲ့ ကွန်မန်းတွေအကုန်သုံးလို့ရတယ်
အခုတော့ အဲ့လာသုံးလို့မရတော့ပြန်ဘူး
လောလောဆယ်တော့ psi ဆိုတာ သုံးနေတယ်
သိပ်တော့မပြေလည်လှဘူး
ပုံထည့်လို့မရ အရောင်ထည့်လို့မရ
ဘလော့ပုံစံပြင်မရနဲ့
ရေးလို့ရနေတာလေးတစ်ခုပဲအဆင်ပြေတယ်
ဘယ်တော့များမှ ကိုယ်ရေးချင်တာကို
ပရောက်စီမကျော်ပဲ ရေးလို့ရမယ်မသိပါဘူး.....

2 comments:

အဖြူရောင်နတ်သမီး said...

ဟုတ်ပ....
အမ မြန်မာပြည်ကို ပြန်တုန်းက blogspot ဖွင့်တာ ဖွင့်လို့မရဘူး..
သူများတွေက ကျော်နည်း သင်ပေးတော့လည်း သိပ်အဆင်မပြေဘူး..

တော်တော်စိတ်ညစ်သွားတယ်...

kh said...

ဟုတ်တယ်ဗျာ
အခုသုံးနေရတာက ရေးလို့ရပေမဲ့
စိတ်ကြိုက်လုပ်လို့မရဘူး
ဘလော့ list တွေတောင်ထည့်မရဘူး

ထက်သူရ