ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label စိတ်ထဲရှိတာ. Show all posts
Showing posts with label စိတ်ထဲရှိတာ. Show all posts

Wednesday, June 16, 2010

တကယ်လား

ငါကြိုးစားနေတယ်ဆိုတာ
တကယ်လား
ငါအလုပ်လုပ်နေတယ်ဆိုတာ
တကယ်လား
ငါအခြေအနေတစ်ခုရောက်အောင်
လုပ်နေတယ်ဆိုတာရော
တကယ်ပဲလား
တစ်ခုကြားဖူးတယ်
`တကယ်ကြိုးစားတဲ့သူဟာ
ပန်းတိုင်ကိုကြိုရောက်နေသူပဲ´တဲ့
ငါကြိုးစားနေတယ်ဆိုပြီး
ကိုယ့်ကိုကိုယ်လိမ်နေမိတာလား
အခုသေချာတာကတော့
ငါ ဘာမှလုပ်ချင်စိတ်မရှိပဲ
ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတာပဲ
ငါဘာလုပ်သင့်သလဲ.....
စိတ်တွေပြန်စုစည်းမိအောင်
ဘာတွေလုပ်ရမလဲ.....