ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, December 10, 2010

သို့.....

ချစ်သူရယ်
ဘ၀အရေးတွေကြောင့်
ကဗျာအတွေးတွေလဲ မထွက်တာကြာပေါ့
ခဏလေးတွေးရင်တောင်
ပြပြလေး ရေးရေးပေါ်လာတာ
လှလှလေး မင်းမျက်နှာပါလားကွာ......

Thursday, September 16, 2010

နှင်း၇လွှာဖုံးထားတဲ့နှလုံးသား

အခန်းနံရံပေါ်မှာ
ပြက္ခဒိန်အသစ်တစ်ခုလဲခဲ့ပြီ
အတောင့်တဆုံးပန်းတစ်ပွင့်ဆီက
ဘယ်လိုရနံမျိုးမှ ထွက်ကျမလာခဲ့ဘူး
နှင်း၇လွှာဖုံးထားတဲ့နှလုံးသားမို့
အေးစက်စိမ်းကားတာလားချစ်သူ
အစိမ်းရောင်နှင်းဖွဲဖွဲအောက်က
ကိုယ့်နှလုံးသား
မင်းရဲ့နှလုံးအိမ်မှာ
တစ်ကြိမ်လောက်ဖြစ်ဖြစ်
ဆောင်းခိုပါရစေ။

A new calender
Have arrived on the wall of my room.
From most longing flower
Come out no perfume.
Cos' your heart
surrounded by seven layers of snow
Cold heart upon me?
May my heart
Under fine green snow
Hibernate just a time
In your heart.

Light ဂျာနယ်ထဲက ကဗျာတစ်ပုဒ်ပါ
ကြာတော့ကြာပြီ
ကြိုက်လို့ အလွတ်ရနေတာ
ပြန်ဝေမျှလိုက်ပါတယ်

ထက်သူရ

Friday, July 30, 2010

ညစ်ပေသွားသော အဖြူ

ငယ်စဉ်တောင်ကျေး
ကလေးဘ၀က
အရာရာကို
အကောင်းမြင်ကာ
လောဘမတွယ်
ဒေါသဖယ်သည့်
အဖြူရောင်လေးဖြစ်ခဲ့သည်။

ကြီးပြင်းလာရ
လူ့ဘ၀တွင်
ဒေါသကြီးမား
လောဘများ၍
မောဟတွယ်တာ
လူများစွာနှင့်
ကြုံတွေ့ရသည်
အဖြူရောင်လေး
ညစ်ခဲ့ပြီ.....


ထက်သူရ

Friday, July 23, 2010

ဘာကြောင့်လဲ

အရင်အချိန်တွေမှာ
တည်ငြိမ်နေတတ်တဲ့ ငါ့နှလုံးသား
မင်းနဲ့တွေ့ရင်
လှိုင်းထသွားတတ်တာ
ဘာကြောင့်လဲ

အရင်အချိန်တွေမှာ
စကားတတ်လွန်းတဲ့မင်းက
အချစ်စကားလေးကြားလိုက်ရရင်
တိတ်ဆိတ်သွားတတ်တာ
ဘာကြောင့်လဲ

ငါလိုကောင်ကလည်း
နင့်ကိုမှ
ရူးရူးမူးမူး
ချစ်နေခဲ့မိတာ
ဘာကြောင့်လဲ

နင်ကလည်း
ငါ့အပေါ်မှာ
သူငယ်ချင်းထက်
မပိုနိုင်တာ
ဘာကြောင့်လဲ...

ရေးထားတာတော့ကြာပီ
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကထင်တာပဲ
အခုအထိလဲ သူငယ်ချင်းပဲပေါ့လေ

သူငယ်ချင်းရေ
သတိတော့ရသားဟ....

Tuesday, July 13, 2010

............

လွမ်းတယ်ပြောရအောင်
ချစ်သူမဟုတ်ဘူး။
သတိရတယ်ပြောရအောင်
သူငယ်ချင်းမဟုတ်ဘူး။
ဆွေးတယ်ပြောရအောင်
ဇတ်လမ်းလည်းမရှိဘူး။
မမေ့ရက်နိုင်ဘူးပြောရအောင်
မှတ်မှတ်ရရလည်းမရှိခဲ့ဘူး။
ရင်နာတယ်ပြောရအောင်
နာကြည်းစရာအကြောင်းလည်းမရှိခဲ့ဘူး။
မုန်းတယ်လို့ပြောရလောက်အောင်မချစ်ခဲ့ရပြန်တော့………

သူငယ်ချင်းတစ်ယောက်ထံမှ ကူးယူဖော်ပြပါသည်။

ထက်သူရ

Thursday, June 17, 2010

မော်ဒယ်လ်ဂဲ

အရိုးစုခြောက်
လမ်းထလျှောက်သော်
မျက်မှောက်ခေတ်ထဲ
`မော်ဒယ်လ်ဂဲ´ တဲ့

Saturday, May 22, 2010

မလွယ်ပါလား

ရည်းစားထားရတာ
ဘယ်ဘက်ရင်အုံ
အရမ်းအလုပ်ရှုပ်တာပဲ

အကြောင်းအမျိုးမျိုးကြောင့်
ဘယ်ဘက်ရင်အုံအောက်က
နှလုံးသား ပုံမှန်ထက်ပိုခုန်ရတယ်။

အကြောင်းအမျိုးမျိုးကြောင့်လဲ
ဘယ်ဘက်ရင်အုံအပေါ်က
အိတ်ကပ်ထဲကပိုက်ဆံတွေ
ပုံမှန်ထက်ပိုခုန်ခုန်ထွက်သွားတယ်။

Tuesday, May 11, 2010

ရန်ကုန် နေ့ည

နေကလဲပူ လေလဲပူနှင့်
မီးကလည်းပျက် ချွေးလဲထွက်
ရန်ကုန်နေ့ဘက် အနေခက်။




လကမသာ မီးမလာ
လေကမတိုက် ခြင်ကကိုက်
ရန်ကုန်မြို့ရဲ့ night.။


ထက်သူရ

Monday, March 29, 2010

ရည်းစားစာ

ရည်းစားစာ

မဆုံတွေ့ခင် အချိန်တွေမှာ
တည်ငြိမ်စွာနဲ့ နေခဲ့တယ်။

မင်းနဲ့တွေ့ရ တစ်ခဏမှာ
တည်ငြိမ်မှုတွေ ပျောက်ခဲ့တယ်။

ဆောက်တည်မရ ဖြစ်ခဲ့ရလို့
ကိုယ့်ကိုကိုယ်လဲ အံ့သြတယ်။

ရင်မှာမင်းသာ စိုးမိုးတာကြောင့်
အမြဲတမ်းပဲ လွမ်းမိတယ်။

မင်းအပြုံးတွေ မြင်ရစဉ်မှာ
အားလုံးကိုလဲ မေ့သွားတယ်။

ဖွင့်ပြောရမှာ မ၀ံ့တာကြောင့်
ကဗျာတွေပဲ ရေးမိတယ်။

ကဗျာရေးကာ တွေးမိတာက
မင်းအကြောင်းပဲ ဖြစ်နေတယ်။

စာပေးလိုက်ရင် ကောင်းမယ်ထင်လို့
စာလေးတစ်စောင် ရေးမိတယ်။

စာရွက်ထဲမှာ ရေးမိတာက
မင်းကိုငါလေ သိပ်ချစ်တယ်။

ပထမဦးဆုံးရေးဖြစ်တဲ့ကဗျာပါ။
သိပ်မရေးတတ်တော့ လေးလုံးစပ် ပုံစံနဲ့ပဲရေးထားတာ
ဖတ်လို့ အဆင်ပြေမယ်ထင်ပါတယ်။

ထက်သူရ

Wednesday, February 10, 2010

နွားလွှတ်ပွဲ

ထိန့်လိုက်တဲ့အိုးစည်
နှဲကလဲ ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလဲပါသဟေ
ကြောပေါ်မှာကောဇော
အမွှေးရောသနပ်ခါး
ချိုဖျားမှာပိတောက်ပန်းတွေက
တစ်လျှမ်းလျှမ်းရွှေအဆင်း
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မယ့်ဖြစ်ခြင်းးးးး။

ဆရာဇော်ဂျီ

Monday, February 1, 2010

Wish

Beloved!!!
Pretense is not necessory
Give me a trust
To build understanding within us
Truth is the main part

From Light Journal.

Htet Thura

Friday, January 29, 2010

မော်ဒယ်ဂဲလ်

အရိုးစုခြောက်
လမ်းထလျှောက်သော်

မျက်မှောက်ခောတ်ထဲ
မော်ဒယ်ဂဲလ် တဲ့

ဦးပုည ရဲ့ အတွေးရခက်တဲ့ကဗျာ ၁

တည့်စေတဲ့ တည့်စေ
အလွဲချော်မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ ချွေးတွေကယိုစီး
အလွဲချော်မကျစေနဲ့
အိုကွာ မင်းးးးးးးးးးးးးးးးး
လွှသူကြီးးးးးးး။

Monday, January 11, 2010

ပြောချင်တာ

ကိုယ့်အပေါ်နားလည်တဲ့သူကို
ရှာတွေ့ဖို့ခက်ပါတယ်
ဒါပေမဲ့ ကိုယ်ကံကောင်းခဲ့တယ်
ကိုယ်မင်းကိုတွေ့ခဲ့တယ်လေ
အရိုးသားဆုံးစကားကို
အားမနာတမ်းပြောရရင်
ကိုယ်မင်းကိုအရမ်း ချစ်တယ်

Friday, December 25, 2009

ရည်းစားစာ

စာရွက်ပုလ္လင်ပေါ်
ညာလက်တင်ကာရေးမိတာက
ဘာအတွက်ပင်မသိ
မင်းကိုမှချစ်မိနေတဲ့အကြောင်းရယ်ပါ........


နွေ

ညှို့ပိုင်ရှင်

ချစ်ခင်စွဲမက်
နှစ်သက်မြတ်နိုး
ဆထက်တိုးလို့
ချစ်ကြိုးနှောင်ဖွဲ့
ချစ်မိခဲ့ပြီ
ရိုးသားပွင့်လင်း
အပြစ်ကင်းစင်
ညှို့ပိုင်ရှင်ရယ်

နွေ

ကျေနပ်တယ်

အမရာ ကိန္နရီ မဒ္ဒီ သမ္ဗူလ
တော်လေးဝ မ၀င်လည်းနေပါစေ
စူဠသုဘဒ္ဒါလို အစွယ်ချိုးဖြတ်
မရက်စက်တတ်ရင်
ကျေနပ်တယ်...

အကိုတစ်ယောက်ရဲ့ စာအုပ်ထဲမှာရေးထားတာ
ကြိုက်လွန်းလို့ တခါဖတ်တာနဲ့ ရသွားတာ