ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, December 10, 2010

တရုတ်သို့တစ်ခေါက်

နိုဝင်ဘာလ ၁၀ ရက်နေ့က ပထမဦးဆုံးအကြိမ် ကိုယ့်နိုင်ငံအပြင်ဘက်ထွက်ဖြစ်တယ်
တ၇ုတ်ကိုဆိုပါတော့ အလုပ်ကိစ္စပါပဲ
သွားရင်းလာရင်း တွေ့ခဲ့မြင်ခဲ့တာတွေနဲ့ ခရီးသွားမှတ်တမ်းလေးသဘောရေးမလို့ပါ
ရန်ကုန်ကနေ မနက် ၉ နာရီခွဲလောက်စထွက်တယ်
ကူမင်းကို နေ့လည် ၁၂နာရီလောက်ရောက်တယ် သူတို့အချိန်ဆိုရင် ၁နာရီခွဲပေါ့
သွားရတဲ့လေယျာဉ်က မီးခြစ်ဆံလောက်ပဲရှိတယ်
သေးသေးလေးရယ် မတ်တပ်ရပ်ရင် ခေါင်းမလွတ်ချင်ဘူး အလယ်မိန်းလမ်းမှာပြောတာ
အဲ့ဒီ ကူမင်းကနေမှ ညနေ ၄နာရီခွဲကျရင် ကွမ်ကျိုးကိုထွက်မယ့်လေယျာဉ်ကိုပြောင်းစီးရမှာ
ညနေ လေးနာရီလောက်ကျတော့ လေယျာဉ်စောင့်နေတယ်
စောင့်နေခိုက် လေယျာဉ် delay တဲ့ ၆နာရီမှ ထွက်ရမယ်လို့ပြောလာတယ်
ကွမ်ကျိုးမှာချိတ်ထားတဲ့သူကို ပြန်ပြော လေဆိပ်က ဆိုင်တစ်ဆိုင်မှာထိုင်နေရတယ်
ရန်ကုန်လေဆိပ်နဲ့ကွာတာက boarding pass လုပ်တဲ့နားမှာ ဆိုင်တွေရှိတယ်
ဆိုင်တွေမှာ ကွန်ပြူတာတွေချထားပေးတယ်
အလကားသုံးပဲ ခက်တာက ကွန်နက်ရှင်က မြန်မာနိုင်ငံထက်မြန်ပေမဲ့
ပိတ်ထားတဲ့ဆိုဒ်က မြန်မာနိုင်ငံထက်တောင်များဦးမယ်
ဖေ့ဘွတ်သုံးမရ ပရောက်စီ ကျော်မရ စိတ်ကိုလေရော
ဒီလိုစောင့်ရင်းနဲ့ ညနေ ၆နာရီထိုးတော့ လေယျာဉ်ပေါ်တက်
ကွမ်ကျိုးကိုထွက်လာတယ် ဒီလေယျာဉ်ကတော့ ကြီးသား
ကွမ်ကျိုးကို ၈နာရီလောက်မှရောက်တယ်
လာကြိုတဲ့သူနဲ့တွေ့တော့ သွားကြည့်ရမယ့်စက်ရုံက ဖူကျင်းမှာတဲ့
ကွမ်ကျိုးမှာ အာရှအားကစားပွဲရှိလို့ ဟိုတယ်တွေမရဘူးတဲ့
ဖူကျင်းကိုဒီည သွားမှဖြစ်မယ်လို့ပြောလို့ metro စီသွားကြတယ်
သုံးဆင့်လောက်စီးပြီးမှ ဖူကျင်းရောက်တယ်
နောက်ဆုံးရထားလို့တောင်ပြောတာပဲ
ဖူကျင်းရောက်တော့ ညဆယ့်တစ်နာရီထိုးတော့မယ်
ဖူကျင်းက ဟော်တယ်မှာညစာစား ပြီးတော့ အိပ်ပေါ့ဗျာ....

ဆက်လက်ရေးသားပါဦးမယ်

သို့.....

ချစ်သူရယ်
ဘ၀အရေးတွေကြောင့်
ကဗျာအတွေးတွေလဲ မထွက်တာကြာပေါ့
ခဏလေးတွေးရင်တောင်
ပြပြလေး ရေးရေးပေါ်လာတာ
လှလှလေး မင်းမျက်နှာပါလားကွာ......