ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, July 30, 2010

ညစ်ပေသွားသော အဖြူ

ငယ်စဉ်တောင်ကျေး
ကလေးဘ၀က
အရာရာကို
အကောင်းမြင်ကာ
လောဘမတွယ်
ဒေါသဖယ်သည့်
အဖြူရောင်လေးဖြစ်ခဲ့သည်။

ကြီးပြင်းလာရ
လူ့ဘ၀တွင်
ဒေါသကြီးမား
လောဘများ၍
မောဟတွယ်တာ
လူများစွာနှင့်
ကြုံတွေ့ရသည်
အဖြူရောင်လေး
ညစ်ခဲ့ပြီ.....


ထက်သူရ

2 comments:

chocothazin said...

အညစ်တော့မခံနဲ့ အရောင်ပြောင်းပလိုက်။
နောက်ထပ် အရောင်သစ်နဲ့ သစ်လွင်ပစ်လိုက်စမ်းပါ။

kh said...

အပြာရောင်လွင်လွင်လေး ပြောင်းရင်ကောင်းမလားပဲ
အဟတ်