ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, May 10, 2013

အလည်ပြန်လာတာ

ဘာလိုလိုနဲ့ စာမရေးဖြစ်တာ တော်တော်ကြာသွားပြီပဲ
အလုပ်မအားတာနဲ့ မြန်မာနိုင်ငံကွန်နက်ရှင်ကြောင့်  ဘလော့ရေးဖို့ကို
စိတ်မ၀င်စားနိုင်ဘူးဖြစ်နေတယ်
ဘလော့တွေလဲ သွားမဖတ်ဖြစ်တာကြာပြီ
အခုပြန်ဝင်ကြည့်တော့မှ စာရေးချင်စိတ်ပြန်ဖြစ်လာတယ်
ဒါပေမဲ့ ခေါင်းထဲမှာ အလုပ်ကိစ္စတွေ တန်းစီနေတော့
ရေးစရာ ဘာမှ ရေရေရာရာ ထွက်မလာဘူးရယ်

အလုပ်အကြောင်းပဲ အဆင်ပြေသလိုလေး ရေးရင်ကောင်းမလားပဲ...

ထက်သူရ

Friday, February 11, 2011

တရုတ်သို့တစ်ခေါက် ၇

မနက်အစောကြီး ဘေကျင်းဘူတာကနေ ရှီကျားရွှမ် ကိုထွက်ကြတယ်
မနက် ၅နာရီလောက်ပေါ့
ရထားက ၆နာရီကျော်လောက်မှာထွက်တယ်
ရှီကျားရွှမ်ကို မနက် ၉နာရီကျော်လောက်မှာရောက်တယ်
လာကြိုမယ့်သူတွေက မတွေ့တာလား လွဲသွားတာလားမသိဘူး
ဒါနဲ့ ဟော်တယ်တစ်ခုကိုချိတ်ပြီး သွားလိုက်ရတယ်
ဟော်တယ်ရောက်လို့ ဖုန်းဆက်ကြည့်မှ ဘူတာလွဲသွားမှန်းသိတာ
နေ့လည်လောက်ကျတော့ လာခေါ်ကြတယ်လေ
သူတို့ရုံးခန်းကိုလိုက်သွားပြီး အလုပ်ကိစ္စတွေပြောကြတယ်
ရှီကျားရွှမ်က ကျွန်တော်ရောက်တဲ့မြို့တွေထဲမှာ တည်ဆောက်ပုံအညံ့ဆုံးပဲ
ကောင်းမွန်တဲ့အဆောက်အဦးနဲတယ်
အစားအသောက်လဲ သိပ်မကြိုက်လှဘူး...
အဲ့မှာက ဘာပဲချက်ချက် ရှမ်းငရုတ်ကောင်းထည့်ချက်တယ်လေ
မစပ်ပေမဲ့ လည်ချောင်းထဲမှာ ပူပြီး စားမရဘူး
ဗိုက်ဆာတာတောင် ဘယ်နားရောက်မှန်းမသိဘူး
ရှိကျားရွှမ်မှာတစ်ညအိပ်ပြီး မနက် ဘေကျင်းကိုပြန်လာခဲ့တယ်
ဘေကျင်းမှာ ပါတနာနောက်တစ်ယောက်နဲ့တွေ့ပြီး
လေဆိပ်နားက ဟိုတယ်တစ်ခုမှာတည်းတယ်....
မနက်ကျ၇င်ကူမင်းကိုပြန်မှာလေ.........

ထက်သူရ

Wednesday, February 9, 2011

တရုတ်သို့တစ်ခေါက် ၆

မနက်ကျတော့ အေးအေးဆေးဆေးနေပြီး ၁၀ နာရီကျော်လောက်မှ ထွက်ဖြစ်တယ်
ဘေကျင်းကို ရထားနဲ့သွားတာပါ
ကြည်ဆံရထားပုံစံပေါ့
တရုတ်မှာသွားလာတာ ကုန်းကြောင်းခရီးစုံသွားတယ်
ရထား ကား metro, bus စုံတယ်
ဘေကျင်းကို ညနေပိုင်းလောက်ရောက်တယ် ရထားက ၄နာရီလောက်စီးရတယ်လေ.
ဘေကျင်းမှာ ပါတနာတစ်ယောက်လာကြိုတယ်
သူက ယူအက်စ်က ပစ္စည်းသွင်းပေးနေတဲ့သူပေါ့
သူ့အလုပ်ခန်းကိုလိုက်သွားပြီး ပစ္စည်းတွေသွားကြည့်
မမှာဖြစ်သေးတဲ့ ပစ္စည်းတွေကြည့်လာတယ်လေ
သူ့ဆီကနေ ညစာသွားစားကြတယ်
ထုံးစံအတိုင်း ဘေကျင်းရောက်တဲ့သူတွေကိုကျွေးနေကျ
western park မှာပဲပေါ့
ဘဲကင်အဓိကပေါ့လေ.....
ဒီက ဘဲကင်နဲ့ဘာကွာလဲဆိုတော့
နဲနဲပေါ့သလားလို့ ဗမာပါးစပ်နဲ့ ခံတွင်းမတွေ့လှဘူးလေ
အဲ့ညမှာတော့ အေးအေးဆေးဆေး စောစောပြန်အိပ်ကြတယ်လေ
မနက်အစောကြီး ရှီကျားရွှမ်သွားရမှာကိုး..........

ထက်သူရ

Monday, January 31, 2011

တရုတ်သို့တစ်ခေါက် ၅

မနက်ကျတော့ tower စက်ရုံကိုသွားကြည့်ကြတယ်
စက်ရုံနဲ့ မြို့နဲ့က တော်တော်ဝေးသားပဲ
၂နာရီနီးပါးသွားလိုက်ရတာ
စက်ရုံကတော့အကြီးကြီးပဲဗျ
တာဝါတိုင်နဲ့ပါတ်သက်တာတွေအကုန်လုပ်တယ်
တာဝါတိုင်အစုံပဲ လေရဟတ်နဲ့ ဓါတ်အားထုတ်တဲ့ တာဝါတိုင်တွေပါရှိတယ်
တာဝါတိုင်အကျယ်က လူတစ်ယောက်အသာလေး မတ်တပ်၇ပ်လို့ရတယ်
စက်ရုံသုံးရုံလောက် လှည့်ပတ်ကြည့်ပြီးတော့ ကျင်းတောင်ကို ပြန်လာခဲ့တယ်
ပြန်ရောက်တော့ ညနေ ၄နာရီလောက်ရှိပြီ
ကျင်းတောင်ကမ်းခြေနားက ဟိုတယ်မှာတည်းတော့
ဟိုတယ်ပေါ်ကနေကြည့်လိုက်ရင် ကမ်းခြေအလှကို သေချာမြင်ရတယ်
သူတို့ဆီက ကမ်းခြေက သဘာဝကမ်းခြေတော့မဟုတ်နိုင်ပါဘူး
သဲတွေက တစ်နေရာကသယ်လာတယ်ဆိုတာ ခန့်မှန်းလို့ရတယ်
ဒါပေမဲ့ သေချာလုပ်ထားတာ အနားယူဖို့ အမိုးကျယ်ကျယ်နဲ့
အကာမပါတဲ့ ကားဂိုဒေါင်လိုနေရာတွေ ကမ်းခြေတစ်လျှောက် လေးငါးခုလောက်ရှိမယ်
လေကတော့ တယ်အေးသကိုးးး
နေ့လည်ဘက်တောင် အနွေးထည်မချွတ်ရဲဘူး
သွားတဲ့အချိန်က နိုဝင်ဘာသိပ်မအေးသေးပေမဲ့ ညဘက်ဆို ၅ဒီဂရီလောက်ပဲရှိတာ
ညရောက်တော့ မနေ့ကများထားတာနဲ့
မသောက်ဖြစ်ကြတော့ဘူး
ကိုရီးယား အစားအစာဆိုင်မှာ ကောင်းကောင်းစားပြီးအိပ်လိုက်ကြတော့တယ်
မနက်ကျရင်ဘေကျင်းသွားရမှာလေ.....

ထက်သူရ

Thursday, January 13, 2011

ကျော်ကျော်နှင့်သူ့ချစ်သူများ (၂)

-နောက်တစ်ယောက်ကတော့ လဲ့လဲ့
သူကတော့ ခတ္တာနဲ့မတွေ့တာ ၂နှစ်လောက်ကြာပြီးမှ တွေ့ဖြစ်တာ
-သူကရော ဘယ်လိုတွေ့ပြီးဘယ်လိုဖြစ်ကြတာတုန်း
-သူက ကျွန်တော့ထက်ငယ်တယ် သုံးနှစ်လောက်
ငယ်တော့ နည်းနည်းဆိုးတယ်
သူက နွမ်းပါးတော့ သနားပြီးချစ်မိသွားတာထင်တာပဲ
သူ့ကိုချစ်တာကတော့ ရယူပိုင်ဆိုင်လိုစိတ်ပိုများတယ်ထင်တယ်
သ၀န်တိုမှုကပိုများနေတယ်
အရာရာသံသယနဲ့ကြည့်တတ်တယ်
ကြည့်တတ်အောင်လဲ သူနေထိုင်တာက သိပ်စိတ်တိုင်းမကျဘူး
အမှန်ဆိုရင် သူ့ကို တစ်သက်စာ မျှော်မှန်းခဲ့တာ
ဒါပေမဲ့သူ့မှာ ကျွန်တော်လိုချင်တဲ့ အဓိကအချက်ပါမလာဘူး
ဘာလဲဆိုတော့ သစ္စာ
အရင်က ရည်းစားတွေရှိတာသိတယ်
ဒါပေမဲ့ ကျွန်တော်နဲ့ရှိနေချိန်မှာ အရင်လူတွေကိုမပြတ်သားသေးသလို
နောက်ထပ်လူတွေလဲရှိနေသလို ကြားနေမြင်နေရတယ်
ဒါနဲ့ ပြဿနာတက်ပြီး အဆက်အသွယ်ဖြတ်လိုက်တယ်ပေါ့
တစ်ခုရှိတာက အဆက်ဖြတ်ပြီးတော့ သူ့ကို ချစ်တာ မရှိတော့တာပဲ
ဘာလို့လဲတော့မသိဘူး နာသွားလို့ဖြစ်ရင်လည်းဖြစ်မှာပေါ့လေ...