ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label အမြင်မတော်တာလေးများ. Show all posts
Showing posts with label အမြင်မတော်တာလေးများ. Show all posts

Tuesday, October 19, 2010

အဝေးပြေးကားပေါ်မှ

ကျွန်တော်က ကုမ္ပဏီဝန်ထမ်းဆိုတော့
ခရီးက ခဏခဏ ထွက်ရတယ်ဗျ
တစ်ခါတစ်လေ ရုံးကားနဲ့ထွက်တာရှိသလို
တစ်ခါတစ်လေတော့လဲ အဝေးပြေးကားစီးဖြစ်ပါတယ်
အဝေးပြေးကားစီးဖြစ်တဲ့အခါ အဆင်မပြေတာလေးတွေ
အမြင်မတော်တာလေးတွေရှိတယ်ဗျ
တစ်နေ့က အဝေးပြေးကားစီးတော့
ဘေးနားကလူ အလယ်မှာ မိန်းလမ်းတော့ခြားတယ်
သူက ဘယ်လိုထိုင်နေလဲဆိုတော့
အများတစ်ကာလို နဲနဲနောက်မှီထားတယ်
ဒါပေမဲ့ အရှေ့ခုံကို ဒူးခေါင်းထောင်ပြီးထောက်ထားတယ်ဗျ
ဒီတော့အရှေ့ခုံက မှီလို့မရပဲ မတ်မတ်ကြီးပေါ့
အမှန်ဆိုရင် ဒူးကအောက်ချထားသင့်တာ
သူ့အရပ်က ကျွန်တော့လောက်မရှိပါဘူး
ကျွန်တော်တောင်လွတ်သေးတာ သူက မလွတ်တာတော့မဖြစ်နိုင်ဘူးထင်တယ်
ကားထွက်လို့ ခဏနေတော့ ရှေ့က လူက မှီဖို့အတွက် ခလုပ်ကိုနှိပ်နေတယ်
ဒါပေမဲ့ ဟိုလူ ထောက်ထားတော့ မှီလို့မရဘူးလေ
ဒါနဲ့အမြင်မတော်တာနဲ့ပဲ ကျွန်တော်ဝင်ပြောလိုက်ရတယ်
အဲ ဒါတော့ နားထောင်သားဗျ
ဖယ်ပေးလိုက်တယ် အစောထဲက သိတတ်ရင် ပြောစရာမလိုဘူးပေါ့ဗျာ
နောက်တစ်ခုက ဒူးနဲ့ထောက်ထားတာက ရှေ့ကလူအတွက် ကသိကအောင့်ဖြစ်စေတယ်
နောက်မှီထိုင်နေတဲ့အတွက် သူ့ဒူးခေါင်းက ကျောကို ထောက်ထားသလိုဖြစ်ပြီး
ခိုးလိုးခုလုနဲ့ အဆင်မပြေပါဘူး
နားလည်မှုလေးတွေတော့ရှိသင့်တယ်ထင်ပါတယ်ဗျာ..........

ထက်သူရ

Monday, October 18, 2010

please Q !!!

အခုတစ်လော အမြင်မတော်တာတွေများနေတယ်ဗျာ
ဟိုနေ့က ပုံစံ ၁၇ လုပ်ဖို့ မြို့နယ်အခွန်ရုံးသွားတယ်
လိုအပ်တဲ့ပုံစံဖြည့် လိုအပ်တာတွေပေးပေါ့ဗျာ
ပြီးတော့ စာရေးက အခွန်ဦးစီးမှူးဆိုလား သွားတွေ့ပါတဲ့
အခန်းထဲမှာ လူတစ်ယောက်ရှိတယ်
အပြင်မှာ အစ်မကြီးတစ်ယောက်ကအလှည့်စောင့်နေတယ်
ဒါနဲ့ ကျွန်တော်လဲ သူ့နောက်က၀င်မယ်ပေါ့
စောင့်နေတာ အထဲကလူကလည်း တော်တော်နဲ့မပြီးဘူး
နာရီဝက်လောက်ကြာတယ်
သူထွက်လာတော့ ကျွန်တော့ရှေ့က အစ်မကြီးဝင်သွားတယ်
သူလဲ ၁၅မိနစ်လောက်တော့ကြာမယ်
ကျွန်တော်စောင့်နေတုန်းမှာ ရှေ့က အစ်မကြီးမထွက်ခင်
လူတစ်ယောက်က စွတ်ကနဲ ၀င်သွားတယ်
ဘာမပြော ညာမပြောနဲ့
အစ်မကြီးထွက်လာတော့ ကျွန်တော်လိုက်ဝင်သွားတာပေါ့
ဒီတော့ အဲ့ဒီ အရာရှိက ပြောတယ်
အထဲမှာလူရှိသေးလို့ အပြင်မှာစောင့်ပါတဲ့
မသိရင် ကျွန်တော်ကပဲ အလိုက်မသိ ၀င်လာသလိုမျိုး
ဒါနဲ့ သူကအရှေ့ကဖြတ်ဝင်သွားတာလို့ ပြောပြီးပြန်ထွက်လာတယ်
ဖြတ်ဝင်သွားတဲ့သူလဲ ပြန်ထွက်လာတော့ ကျွန်တော့ကို လာတောင်းပန်ပါသေးတယ်
ဒါပေမဲ့ မဖြစ်သင့်ဘူးလေ
ကျွန်တော်တစ်ယောက်ထည်းစောင့်နေတာဆိုလဲ မသိတာထား
ကျွန်တော့အနောက်မှာ လူသုံးယောက်လောက်ရှိသေးတာ
ဒါကို မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား
ရုံးတွေကိုလာတဲ့သူတွေတိုင်း အိမ် ဒါမှမဟုတ် အလုပ်မှာ အရေးကြီးကိစ္စရှိနိုင်ကြတာပဲလေ
ကိုယ်တစ်ယောက်ထည်းအရေးကြီးတယ်ရယ်လို့ ဘယ်ဟုတ်နိုင်ပါ့မလဲ
လူတွေဘာလို့ ကိုယ်ကျိုးပဲကြည့်ပြီး တစ်ခြားလူတွေကို ထည့်မတွက်ကြတာလဲ
တန်းစီလိုက်ရင် ပိုအဆင်ပြေနိုင်တာကို ဘာကြောင့် တိုးခွေ့နေကြမှာလဲ
ကျေးဇူးပြုပြီး တန်းစီပေးကြပါခင်ဗျာ.......


ထက်သူရ