ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Wednesday, August 4, 2010

ငါလိုချင်တာ

ငါလိုချင်တာ ဘာလဲ
ပုံမှန်လစာတစ်ခုလား
အခုလဲ ရနေတာပဲ
အခုရနေတာက မိသားစုတစ်ခုအတွက်
လုံလောက်နိုင်တယ်
ဒါပေမဲ့
ငါ အလုပ်မလုပ်နိုင်တဲ့အချိန်တွေမှာ
ဘာနဲ့နေမှာလဲ

ငါတကယ်တမ်းဖြစ်ချင်တာဘာလဲ
ကိုယ်ပိုင်အလုပ်လား
ဟုတ်တယ်
ငါကိုယ်ပိုင်အလုပ်လုပ်ချင်တယ်

ဘာတွေလိုအပ်လဲ
အရင်းအနှီး
ငွေကြေး နဲ့ စီးပွားရေးအမြင်
ငွေကြေးကတော့ ရှာရဦးမယ်
စုရဦးမယ်
စီးပွားရေးအမြင်ကရော

အခုလောလောဆယ် လုပ်နေတဲ့အလုပ်မှာ
စီးပွားရေးအမြင်တိုးတက်နိုင်တယ်
တိုးတက်အောင်လဲ လုပ်နေတယ်...
ငွေကြေးအရင်းအနှီးအတွက်ကလည်း
ဒီကနေ ရနိုင်တယ်

လက်ရှိလုပ်နေတဲ့ လုပ်ငန်းပေါ်မှာ
အကောင်းဆုံးလုပ်နေရင်
ငါလိုချင်တာဖြစ်ဖို့
လိုအပ်တဲ့ အရာတွေ ရနိုင်တယ်

ေ၀၀ါးနေတဲ့စိတ်တွေကို
တည်ငြိမ်အောင်ထိန်းဖို့ပဲလိုတယ်..

ထက်သူရ
မင်းလုပ်နိုင်ပါတယ်............

5 comments:

chocothazin said...

ထက်သူရ
မင်းလုပ်နိုင်ပါတယ်...

kh said...

သေချာတာပေါ့
ကျေးဇူး သယ်ရင်း

ထက်သူရ

အဖြူရောင်နတ်သမီး said...

“မင်း လုပ်နိုင်ပါတယ်...”...
ဝေဝါးနေတဲ့စိတ်တွေကို တည်ငြိမ်အောင်ထိန်းဖို့ပဲလိုတယ်...

kh said...

ဟုတ်ကဲ့ပါ အစ်မရေ
ကျေးဇူးပါ....

ခိုင်နုငယ် said...

ေ၀၀ါးနေတဲ့စိတ်တွေကို
တည်ငြိမ်အောင်ထိန်းလိုက်ပါ။
မဖြစ်နိုင်ဘူးဆိုတာမရှိ..မလုပ်လို့မဖြစ်သေးတာ
လုပ်ရင်ဖြစ်တယ်။ စိတ်တွေမယိုင်မလဲနဲ့ ပန်တိုင်းဆိုတာရှိတယ်။
ကိုကြီးထက်သူရရေ..ကျေးဇူးပါတော်..
နောက်ဆိုစာလုံးပေါင်းသတ်ပုံမှန်အောင်ကြိုးစားပါ့မယ်။


ခင်တဲ့
ခိုင်နုငယ်