ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label အမေ. Show all posts
Showing posts with label အမေ. Show all posts

Friday, January 29, 2010

အမေ

ဘာလိုလိုနဲ့ အမေကျွန်တော့ကိုခွဲသွားတာ
ငါးနှစ်ကျော် ခြောက်နှစ်ဖြစ်နေပြီနော်
အမေ့ကိုကျွန်တော်မမေ့သေးပါဘူးအမေရယ်
ကျွန်တော်အခုလို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ကြိုးစားပေးခဲ့တဲ့အမေ့ကို ကျွန်တော် သတိရနေပါတယ်ဗျာ
ကျွန်တော်အမေဆုံးတော့ ၀မ်းမနဲခဲ့ပါဘူး
ကျွန်တော့ကို အသဲမာတဲ့သူလို့ပြောကြတယ်
တကယ်က ကျွန်တော်အသဲမမာခဲ့ပါဘူး
ကြိတ်ငိုခဲ့ရတာများလို့ ကျွန်တော် မျက်ရည်ခမ်းသွားတာလဲပါမှာပေါ့လေ
ကျွန်တော်မငိုခဲ့ပါဘူး
ဘာလို့လဲဆိုတော့
ကျွန်တော် အမေ့ကို အကောင်းဆုံးလုပ်ကျွေးလိုက်နိုင်ခဲ့တယ်လေ
အမေနဲ့ပတ်သက်ပြီး ကျွန်တော်ဝမ်းနဲတာက
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အမေမရှိနိုင်တာပဲ
အမေအရမ်းမြင်ချင်ခဲ့တဲ့ ဘွဲ့ကို ကျွန်တော်ရအောင်ယူနိုင်ခဲ့တယ်
ဒါပေမဲ့ အမေနဲ့အတူ မှတ်တမ်းဓါတ်ပုံလေးတောင်
မယူခဲ့နိုင်ဘူး ဒါတော့ဝမ်းနဲတယ်ဗျာ
အခုအချိန် အမေရှိနေရင် အရမ်းကောင်းမှာပဲလို့
ကျွန်တော်တွေးမိတယ်
အမေ့ကို ကျွန်တော် အရင်ကထက်ပိုပြီးလုပ်ကျွေးနိုင်မှာပေါ့
ကျွန်တော်လဲ အရင်ကလို ချွေတာတတ်တဲ့သူအဖြစ်ပဲ
ဆက်ရှိနေမှာပေါ့လေ
ဒါပေမဲ့ ဖြစ်ပြီးတာတွေလဲဖြစ်ပြီးသွားပြီပဲ
အခုဆိုရင် လူ၉ယောက်ရှိတဲ့အိမ်မှာ
လူလေးယောက်ပဲကျန်တော့တယ်
ကျွန်တော် အိမ်ထောင်ဦးစီးတစ်ယောက်လို
အဓိကငွေရှာတဲ့သူဖြစ်နေပြီ
တစ်ခါတစ်လေတွေးမိတယ်ဗျာ
ကျွန်တော် ကိုယ့်အတွက်လူဖြစ်လာတာမဟုတ်ပဲ
မိသားစုအတွက် တစ်ခြားသူတွေအတွက်
လူဖြစ်လာရတာလားလို့
ဒါပေမဲ့ ကျွန်တော်အခုပြန်ကြည့်နေရတဲ့သူတွေကလဲ
ကျွန်တော့အပေါ်ကောင်းခဲ့ကြတာပါပဲလေ
အမေရှိရင် ကျွန်တော်လုပ်နေတာတွေနဲ့ပတ်သက်ပြီး
သာဓုခေါ်နေမှာပါ
ကျွန်တော်ကိုယ်ပိုင်ဘ၀တစ်ခုမထူထောင်ခင်မှာ
အိမ်မှာရှိတဲ့သူတွေရဲ့ဘ၀အဆင်ပြေအောင်
ကျွန်တော်အစွမ်းရှိသလောက်ကြိုးစားပေးပြီးမှ
ကျွန်တော့အတွက် ကျွန်တော့ချစ်သူ အမေ့ချွေးမလေးအတွက်
ဘ၀တစ်ခုကို တည်ထောင်သွားမှာပါ အမေရယ်

အမေ့ကို အရမ်းသတိရတယ်ဗျာ

ထက်သူရ