ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ကျော်ကျော်နှင့်သူ၏အသဲကွဲဇာတ်လမ်းများ. Show all posts
Showing posts with label ကျော်ကျော်နှင့်သူ၏အသဲကွဲဇာတ်လမ်းများ. Show all posts

Sunday, December 27, 2009

အသဲကွဲဇာတ်လမ်း ၃

ကောင်မလေး(၃)က ၉တန်းမှာတွေ့တာဗျ
နှစ်ကြိမ်ကွဲပြီးကာစပေါ့ဗျာ
အဲ့အချိန်က သူငယ်ချင်းတွေက ကောင်မလေးကိုယ်စီဖြစ်နေပြီ
ကျော်ကျော်တစ်ကောင်တည်း ငေါင်တောင်တောင်ဖြစ်နေတဲ့အချိန်ပေါ့.....
ကောင်မလေး(၃)က ကျူရှင်တူတယ်ကျော်ကျော်ထက် အသက်တစ်နှစ်ကြီးတယ် မမပေါ့ဗျာ....
ကောင်မလေး(၃)ရဲ့ မောင်နဲ့လည်းခင်တယ်...
အဲ့မှာ ကောင်မလေး(၃)ရဲ့မောင်နဲ့လည်း ခင်တယ်...
အဲ့မှာ ကျော်ကျော် ကောင်မလေး(၃)ကို ကြိုက်တယ်...
ဘာမှတော့မဆိုင်ဘူး ဘယ်လိုကြိုက်သွားမှန်းလည်းမသိဘူး
ဒါနဲ့ ဒီတစ်ခါ ဘာလုပ်လည်းဆိုတော့
ကောင်မလေး(၃)ဆီက စာအုပ်ငှားတယ်
အဲ့ထဲမှာ ချစ်ကြောင်းတွေကို ခဲတံနဲ့ရေးပေးလိုက်တယ်.....
ကျွန်တော် ဒီစာအုပ်ကို နောက်တစ်ခေါက်ထပ်ငှားမယ်..
ကျွန်တော်အချစ်ကိုလက်ခံရင် ရေးထားတာတွေကို မဖျက်ပါနဲ့...လက်မခံရင် ဖျက်ပစ်လိုက်ပါပေါ့.......
ပြန်ပေးလိုက်တယ်...စာအုပ်ကို....၂ရက် ၃ ရက်လောက်နေတော့ ထပ်ငှားတယ်...
ငှားပါတယ်...ဒါပေမယ့်...ဖျက်ထားလား မဖျက်ထားလား ပရိသတ်ကြီး စဉ်းစားကြည့်ပေတော့....ဘယ်သူထင်လို့လည်း ကျော်ကျော်လေ...အသည်းကွဲကျော်လေဗျာ....
ဗေထိ...ကွဲသဗျို့....ဘယ်လိုကွဲလည်း ပြောပြဦးမယ်....သူငယ်ချင်းတွေနဲ့အရက်သောက် ကောင်မလေးအိမ်ရှေ့မှာ ထိုင်...ကောင်မလေး(၃)ရဲ့နာမည်ကိုမြေကြီးမှာ ရေးပြီး...
ချစ်တယ်မျက်စေ့မှိတ်အော်နေတာ....ကျော်ကျော်က အဲံ့အိမ်ရှေ့မှာ တညလုံးနေမလို့ဗျ...အဲ့တာ ဘယ်သူတွဲပြီး ပို့ရတယ်ထင်တုန်း....ကောင်မလေး(၃)ရဲ့မောင် ကျော်ကျော်သူငယ်ချင်းလိုက်ပို့ရတယ်....အဲ့လို အသည်းကွဲတာ အပီပဲ....မနက်ရောက်တော့ စဉ်းစားပြီးရှက်လို့ ဆရာကျော်ကျော်တို့ နောက်ထပ်မူးပြီး အသဲမကွဲရဲတော့ဘူး...လိမ်မာသွားတယ်...ဆိုလိုတာက အရက်သောက်ပြီး မကွဲတော့တာ...အဲ့လို အဲ့လို ရှင်းပါတယ်နော်....

wkthu

အသဲကွဲဇာတ်လမ်း ၂

ကောင်မလေး(၂)က ကောင်မလေး(၁)နဲ့ပြဿနာတက်ပြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့
ကျော်ကျော်အလုပ်လုပ်တယ် ကျောင်းပိတ်ရင်
မလုပ်လို့လည်း မဖြစ်ဘူးလေ အိမ်က မိသားစုများပြီး ကျောင်းသားတွေချည်းပဲကိုး
အဲ့တော့ ကျော်ကျော်တို့မောင်နှမတွေအားလုံး ကျောင်းပိတ်ရင် အလုပ်လုပ်ကြတယ်....
အဲ့မှာတွေ့တာ ကောင်မလေး(၂)က
ဒီတစ်ခါတော့ စာမပေးဘူးဗျ
ပါးစပ်နဲ့ပြောတာ(အင်းလေ ပါးစပ်နဲ့ပဲပြောလို့ရတာကိုး)
ကောင်မလေး(၂)ရဲ့ တစ်အိမ်လုံးနဲ့လည်းခင်တယ်ဆိုတော့ သူအမေကိုယ်တိုင်ကကောင်မလေး(၂)ကိုလိုက်ပို့ခိုင်းတာဗျ ပစ္စည်းတစ်ခုဝယ်ဖို့
အဲ့မှာဖွင့်ပြောတာ..."နင့်ကိုငါချစ်တယ်"ပေါ့.....ဒါပဲပြောတတ်တာ...အဲတော့ ကောင်မလေး(၂)က "အင်"တဲ့...နင်ကိုယုံလို့ ငါ့အမေက ငါ့ကို နင်နဲ့ထည့်လိုက်တာ နင်က ရည်းစားစကားပြောရသလားတဲ့...."အဲ...အဲ့လိုလည်း ဟုတ်ပါဘူးဟာ ဒီလိုမှမပြောရင် ပြောဖြစ်မှာမဟုတ်လို့ ပြောရတာပါဆိုပြီး တောင်းပန်တယ်....အင်း..နင်ကိုငါ သူငယ်ချင်းလိုပဲ ခင်တယ်တဲ့ နင်စာတော်တယ် စာကြိုးစားပါ အိမ်ကိုလည်း ကူညီပေါ့တဲ့...ငါတို့အသက်ငယ်ငယ်လေးပဲရှိသေးတာ..အိမ်အတွက်ပဲ ကြည့်ပါဟာတဲ့....ဒီတစ်ခါတော့ ကောင်မလေး(၁)လောက်တော့ အသဲမကွဲဘူးဗျ...ဒါပေမယ့် သူငယ်ချင်းအဆင့်ကနေ မတက်တော့ ကျော်ကျော်ခင်ဗျာမှာ အပီအပြင်အသဲမကွဲနိုင်ရှာဘူးပေါ့ဗျာ........

ကောင်မလေး(၁)နှင့်နောက်ဆက်တွဲဖြစ်ရပ်များ

ကောင်မလေး(၁)နှင့်နောက်ဆက်တွဲဖြစ်ရပ်များ
==============================


ကျော်ကျော် ကောင်မလေး(၁)ကို တကယ်ချစ်ခဲ့တာဗျ
ခုတော့ ချစ်လို့မဖြစ်ဘူးလေ
ယောကျာ်းရပြီးလို့ ကလေးတောင်မွေးပေါ့
နောက်ထပ်မလှုပ်ရှားဘူးလားဆိုတော့ လှုပ်ရှားသေးတယ်ဗျ...
ဆယ်တန်းအောင်ပြီးမှ ပြန်လှုပ်ရှားတယ်
ကောင်မလေး(၁)တို့ တက္ကသိုလ်ကို သွားသွားလည်တယ်...
အဲ့ချိန်မှတော့ အဆင်ပြေတယ်ဗျ
သူငယ်ချင်းလို့ လက်ခံစကားပြောတယ်
ဒါပေမယ့် ကောင်မလေး(၁)က မချစ်ဘူး
ကောင်မလေး(၁) ရည်းစားရရော ကျော်ကျော်လည်းမေ့လိုက်တယ်
မမေ့လို့လည်းမဖြစ် ကောင်မလေး(၁)ရဲ့ရည်းစားနဲ့လည်း သိတော့ မလှုပ်ရှားဖြစ်တော့ဘူးပေါ့ဗျာ
ကောင်မလေး(၂)အကြောင်းလား လာမယ်လေဗျာ ဖြည်းဖြည်းပေါ့...

wkthu

အသဲကွဲဇာတ်လမ်း ၁

ကျော်ကျော်
နာမည်ကျော်မကျော်တော့မသိ
အသည်းကွဲတဲ့နေရာတော့ တော်တော့တော်တော်ကို ကွဲနိုင်ပါ၏
နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံမခံတော့မပြောတတ် တိုက်ကြီးတစ်တိုက်စာလောက် ခံနေတယ်ထင်တာပဲ...
ဘာလို့လည်း ဗေထိဆို ကွဲပြီးသားပဲ အသည်းပြောတာ အသည်း........
ကွဲသလားမမေးနဲ့ ၀က်ဝက်ကို ကွဲတာ....အသည်းပြောတာ မကြောက်ပါနဲ့......
အချစ်ဆိုတာ ဘာလည်းတော့မသိ ချစ်တော့ချစ်နေကြတာပဲ....အဲ့လိုပဲ...ကျော်ကျော်လည်းအသည်းကွဲတာပဲ အကြိမ်ကြိမ်...ဆိုင်မဆိုင်တော့ မသိဘူးပေါ့လေ......အဟတ်ဟတ်....
ကဲစမယ်....ပထမဇာတ်လမ်း....
ကောင်မလေးနာမည်လား....ပြောတော့ဘူးဗျ.....ကောင်မလေး(၁)လို့မှတ်လိုက်ဗျာ.....နာမည်ထည့်ရင် ရှုပ်ကုန်မှာစိုးလို့....သူလိုလို ကိုယ်ယောင်ယောင် ဖြစ်နေဦးမယ်....
ကိုယ့်ဘာသာ အသည်းကွဲံတာ ဇာတ်ရှုပ်တော့ မခံနိုင်ဘူးဗျာ.....
ဟုတ်ကဲ့ ကောင်မလေး(၁)....ကျော်ကျော်ရဲ့ အသည်းကို ပထမဦးဆုံးစခွဲခွင့်ရသူဆိုပါတော့....
ကျော်ကျော်က ၈တန်းပေါ့...ကောင်မလေးလည်း ၈ တန်း တစ်ခန်းတည်းပဲ...လူပျိုပေါက်...အမြီးပေါက်ချင်တဲ့အရွယ်....မိန်းကလေးဆို မြီးကောင်ပေါက်မအရွယ် ယောကျာ်းလေးဆိုတော့ မြီးကောင်ထီးအရွယ်ကပေါ့လေ............
ကျော်ကျော်ရည်းစားစာ ရေးတယ်...အပျံစားပဲ...သီချင်းတွေထဲက ဟိုဟာကူးချ...၀တ္ထုတွေက ဒီဟာခိုးချ....ကဗျာတွေ ဖြတ်ညှပ်ကပ်ထည့်...ကိုယ့်ဟာကိုယ်ဖတ်ကြည့်တော့ အမိုက်စားပဲ...
ကောင်မလေး ကြွေမကြွေတော့မသိ...ကိုယ်ကတော့ လက်တော့တော်တော်ညောင်း၏....စာပေးမယ်ဆိုတော့ ဘယ်လိုပေးရမယ် စဉ်းစားရပြီ...ဒီအတိုင်းလိုက်မပေးရဲ...အဲတော့ ဘယ်လိုလုပ်တယ်ထင်လည်း.....ကိုယ်စာအုပ်ထဲ ကိုယ်ပြန်ညှပ်...ကျောင်းအဆင်း...ကောင်မလေးစက်ဘီးရှေ့မှာ ခြင်းပါတယ်....အဲထဲထည့်ပြီး စာအုပ်ယူထားလိုက်ရော့ဆို ထည့်ပြီး ပြေးတာဗျို့........စာကတော့ ရောက်သွားပြီ သူ့ခြင်းထဲဆိုပြီး ရင်တွေဘာတွေခုန်လို့....စာထဲမှာ ကိုယ့်ကိုယ်ချစ်ရင် နှင်းဆီပန်းအနီလေး ပန်လာပါလို့ ရေးထားတယ်.....နောက်နေ့ကျောင်းမတက်ရဲ...သူငယ်ချင်းကို ကြည့်ခိုင်းတယ်....နှင်းဆီပန်းအနီပန်လာလားလို့.....ပန်လာတယ်တဲ့....ဒါပေမယ့် အဖြူကွတဲ့....သေရော....ဘာလုပ်ရမှန်းမသိ...နောက်နေ့ကြောက်ကြောက်နဲ့ ကျောင်းပြန်တက်....အဲဒီနေ့လည်း ပန်းပန်လာတယ်...နှင်းဆီပန်းတော့မဟုတ်ဘူး အနီတော့အနီ...စိန်ပန်းနီ....
ဘယ်လိုခံစားရမယ်မသိ....ပျော်ရမလား ငိုရမလားတွေးမရ....ဒါနဲ့ စာသင်တာ စာထဲအာရုံမရောက် တောင်တွေးမြောက်တွေး ကိုယ်လိုရာဆွဲတွေးတာနဲ့ စာသင်ချိန်ကုန်သွားတယ်...အတန်းပိုင်ဆရာမအချိန်ရောက်မှ ခံရတေှာု့တယ်.....နင် တစ်နေ့က ဘာလုပ်လည်းခေါ်မေးတယ်....သား ဘာမှမလုပ်ပါဘူးပေါ့ ဗြောင်လိမ်တယ်...နင့် ငါကို မလိမ်နဲ့ ကိုယ်လုပ်တာကိုယ်သိ ကျောင်းနေတုန်းမှာ ဒါတွေ မစဉ်းစားရဘူး စာကြိုးစား ကြားလား....နောက်မကြားချင်ဘူး ဒါ ဖတ်စ်ဝမ်နင်ပဲတဲ့...ဟုတ်ကဲ့ပါ ဆရာမဆိုပြီး ရှက်ရှက်နဲ့ ကိုယ်ခုံမှာ ကိုယ်ပြန်ထိုင်ပြီးငြိမ်သွားတယ်....သူငယ်ချင်းတစ်ယောက်လက်လာတို့တယ်...ဟေ့ရောင် မင်းစာအုပ်မို့လား...ရော့ ....တဲ့.....လားလား ဟုတ်ပါ့ ဒီအတိုင်းပဲ စာနဲ့ စာအုပ်က..မင်းတို့ ဖတ်ကြည့်သေးလားဆိုတော့ မကြည့်ဘူးတဲ့…ငါကောက်ရလို့ သိမ်းထားပါတဲ့…မင်းနာမည်ပါလို့ မင်းစာအုပ်ပဲ ဆိုပြီး ပြန်ပေးတာပါကွ..တဲ့….အော် တော်သေးတယ်ပေါ့…ဆိုပြီး သက်ပြင်းချနိုင်တယ်….ခဏနေမှ ကောင်းကောင်းအရှက်ကွဲတာဗျို့…အတန်းထဲက ယောကျာ်းလေးတွေ တစ်ယောက်ပြီးတစ်ယောက် ကျော်ကျော်ရေးထားတဲစာထဲကအတိုင်း ရွတ်တာဗျ….တစ်ကြောင်းပြီးတစ်ကြောင်း…ငိုချင်သွားတယ်..ဘာမှပြန်မပြောနိုင်ဘူး….လည်ပင်းဖက်သူငယ်ချင်းက ပခုံးဖက်လာနှစ်သိမ့်တယ်…မင်းကိုချစ်လို့စကြတာပါကွာ…တဲ့…စိတ်တွေ လေထဲလွင့်နေပြီ….ဘာမှမကြားတော့ဘူး…စာရော စာအုပ်ကိုရော ယုပြီး အတန်းရှေ့က ရေမြောင်းရှေ့မှာရပ်..အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လို စာရွက်တစ်ရွက်ပြီးတစ်ရွက်ဆုတ်ဖြဲပစ်နေမိတယ်…..ကျော်ကျော်ရှက်ချက်ကတော့ နောက်ကောင်မလေးကို ဘယ်တော့မှ ရင်မဆိုင်တော့ဘူး..ကောင်မလေးနဲ့ထိပ်တိုက်တိုးရင် ခေါင်းကိုငုံ့လျှောက် …အဝေးကတွေ့ရင် နီးရာတိုင်နဲ့ကွယ်ရပ်…နောက်ထပ်လုံးဝမလှုပ်ရှားတော့ဘူး….စာပဲဖိလုပ်တော့တယ်…..တော်တော်လိမ်မာသွားတယ်…၈ တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်သွားတယ်….ကျေးဇူးပါ ကောင်မလေး(၁)ရေ…နင်အဲ့လိုလုပ်လိုက်လို့ ငါစာကြည့်ဖြစ်သွားတာပါ…လို့………အဟား….

ပလန်းနက်မှ အကိုကြီး wkthu ၏ဇာတ်လမ်းများကို ကူးယူဖော်ပြတာပါ
ကူးယူခွင့်ပြုသော အကိုကြီး ကိုယ်ဝန်ကြီးနဲ့ကျော်သူ အဲလေ wkthu ကိုကျေးဇူးအထူးတင်ကြောင်း