ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Thursday, December 31, 2009

2009-2010

2009
လက်ပြနှုတ်ဆက်
ကြေကွဲ ၀မ်းနဲ လွမ်းဆွေး တသ
ပျော်ရွှင် ကြည်နူး အောင်မြင် တိုးတက်
ကျဆုံး လွင့်ပါး
အမျိုးမျိုးသော ခံစားချက်တွေ
အမျိုးမျိုးသော ဖြစ်တည်မှုတွေ
အမျိုးမျိုးသော ပြောင်းလဲမှုတွေ
အမျိုးမျိုးသော............................အရာရာ
ကျန်နေခဲ့တော့မယ်..

ရှေ့မှာ........2010
ဘာတွေဖြစ်လာဦးမလဲ
ဘာတွေကြုံတွေ့ရဦးမလဲ
ဘယ်လိုဒဏ်ရာတွေ
ဘယ်လို အောင်ပွဲတွေ
ဘယ်လိုခံစားမှုတွေ
ဘယ်လိုပြောင်းလဲမှုတွေ
ကြုံတွေ့ ခံစား ရဦးမလဲ
ဘာတွေပဲလာလာ
ကျော်ဖြတ်နိုင်ဖို့ အားမွေးထားတယ်..................

Tuesday, December 29, 2009

ပလန်းနက်မောင်နှမများ၏တတိယမြောက်ကထိန် ၁








ပလန်းနက်မောင်နှမများ ( www.planet.com.mm)၏ စုပေါင်း အလှူဖြစ်ပါတယ်
နှစ်စဉ်ကျင်းပလာတာ တတိယအကြိမ်တိုင်ခဲ့ပါပြီ
အလှူငွေတွေကို အွန်လိုင်းသူငယ်ချင်းများဆီမှကောက်ခံခဲ့တာပါ
တချို့တွေဆိုရင် တခါမှမမြင်ဘူးမသိဘူးတဲ့သူတွေဆီကပါ
အလှူခံလို့ရခဲ့ပါတယ်
ဒီတစ်ခေါက်မှာ စုစုပေါင်း ၈၂ သိန်းကျော်ကောက်ခံရရှိခဲ့ပါတယ်
ငွေသားသီးသန့် (၅၄၆၀၀၀၀ တိတိ) လှူဒါန်းနိုင်ခဲ့ပါတယ်
ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးစုံအောင်
လှူမယ်လို့ စဉ်းစားထားပါတယ်
ပထမအကြိမ်မှာ စစ်ကိုင်းတိုင်း
ဒုတိယအကြိမ် မန္တလေးတိုင်း
တတိယအကြိမ် မွန်ပြည်နယ်
တို့မှာ ပရဟိတ မိဘမဲ့ကလေးများ ရှိတဲ့ ကျောင်းတိုက်တွေမှာ
လှူဒါန်းခဲ့ပါတယ်
နောက်နှစ်တွေများမှာလဲ လှူဒါန်းဖို့ရှိနေတဲ့အတွက်
လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ်
ကျောင်းနေရာသိလို့ အသိပေးချင်ရင်ပဲဖြစ်ဖြစ်
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

www.planetfamily.ning.com မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်


ထက်သူရ (khthura@gmail.com)

Monday, December 28, 2009

ကျိုက်ထီးရိုးတစ်ခေါက် ၂












































တောင်ပေါ်မှာမိုးလေကင်းတုန်းဓါတ်ပုံတွေရိုက်ကြတယ်ဗျ
သွားတဲ့သူများပေမဲ့ နေရာတွေကွဲကုန်တော့
အကုန်စုပြီးတော့မရိုက်ဖြစ်ကြဘူး
ဒီလိုနဲ့ တောင်ပေါ်မှာ နေ့ဝက်လောက်ကဲပြီးတော့(အဲလေ) ဘုရားဖူးပြီးတော့
ပြန်ဆင်းလာကြတယ်
အဲ့မှာ ကိုရွှေမိုး စပါလေရော
ကျွန်တော်တို့အဆင်းကိုများစောင့်နေသလားမှတ်ရတယ်
ရွာလိုက်တဲ့မိုး
တောင်အောက်အရောက် အကုန်ကြွက်စုတ်ပဲ
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုကိုဖြစ်တာ
အဟတ် အဟတ်
တောင်အောက်ရောက်တော့ မိုးအတိတ် ကွက်တိပဲ
အဲ့လာနဲ့ အ၀တ်အစားတွေလဲ အပြန်လက်ဆောင်တွေဝယ်
ပြီးတော့ အကုန်စုပြီး ကားရှေ့မှာဓါတ်ပုံရိုက်ကြတယ်ဗျ
















ပြီးတော့လဲ ရန်ကုန်ပြန်ကြတယ်ပေါ့လေ
အမှတ်ရစရာ စိတ်ခံစားမှုများစွာနဲ့ပေါ့လေ....................

တတိယမြောက်ကထိန်အကြောင်းလဲ ရေးပေးပါဦးမယ်
ဆက်လက်အားပေးကြပါလို့..........


ထက်သူရ

ကျိုက်ထီးရိုးတစ်ခေါက် ၁















www.planet.com.mm ကမောင်နှမများနဲ့ကျိုက်ထိုမှာကထိန်ခင်းရင်း
ကျိုက်ထီးရိုးပါတစ်ခါတည်းဆက်တက်ဖြစ်သွားခဲ့ပါတယ်
အချိန်က အောက်တိုဘာလ သီတင်းကျွတ်လပြည့်နေ့ကပါ
တောင်ပေါ်အတက်ရွာလိုက်တဲ့မိုးဆိုတာ
ပါသမျှအားလုံးကြွက်စုတ်တွေကိုဖြစ်ရော
တောင်ပေါ်ရောက်တဲ့အထိ မိုးကမတိတ်နိုင်ဘူး
အခန်းကြိုစီစဉ်ထားပေမဲ့
လမ်းကြောင်းရှိလို့ဆိုလား
အခန်းကမရဘူးဗျ
စီစဉ်ပေးတဲ့ သယ်ရင်းဆို တစ်ကိုယ်လုံးအေးနေရတဲ့ကြားထဲ
မျက်နှာတစ်ခုထဲကွက် ပူနေတယ်ဆိုလား
အဲ့ဒါနဲ့ တည်းဖို့လုံးပန်းလိုက်ရတယ်
ညဘက်မှထွက်တာပေါ့
မိုးကအဲ့အချိန်တိတ်ပီဗျ
အဲ ဒါပေမဲ့ ကျွန်တော်တို့များစောင့်နေလားသိပါဘူး
ကျွန်တော်တို့အဆောင်ထဲမှနေတုန်းကတိတ်နေတဲ့မိုး
အပြင်ထွက်လို့ ရင်ပြင်တော်ပေါ်ရောက်ရင် သည်းပြီ
အဲ့လို ကံကောင်းတာ
အဟတ်
လပြည့်နေ့ ဆီမီးလည်း မထွန်းလိုက်ရဘူးဆိုပါတော့
နောက်နေ့မနက်ကျတော့ မိုးကရွာတော့ဘူးဗျ
အဲ့ဒါနဲ့ အေးအေးဆေးဆေးဖူးရတာပေါ့လေ
သို့ပေမဲ့ မြူတွေကတော့နဲဖူးပဲ
အဟတ်



















ကျွန်တော်ကိုယ်တိုင်လက်စွမ်းပြလာတာပါ
သိပ်တော့မထင်ရှားဘူးဗျ
မြူတွေပိတ်နေတာကိုးးး

နောက်မှပဲ ဆက်ရေးတော့မယ်ဗျာ...

Sunday, December 27, 2009

အသဲကွဲဇာတ်လမ်း ၃

ကောင်မလေး(၃)က ၉တန်းမှာတွေ့တာဗျ
နှစ်ကြိမ်ကွဲပြီးကာစပေါ့ဗျာ
အဲ့အချိန်က သူငယ်ချင်းတွေက ကောင်မလေးကိုယ်စီဖြစ်နေပြီ
ကျော်ကျော်တစ်ကောင်တည်း ငေါင်တောင်တောင်ဖြစ်နေတဲ့အချိန်ပေါ့.....
ကောင်မလေး(၃)က ကျူရှင်တူတယ်ကျော်ကျော်ထက် အသက်တစ်နှစ်ကြီးတယ် မမပေါ့ဗျာ....
ကောင်မလေး(၃)ရဲ့ မောင်နဲ့လည်းခင်တယ်...
အဲ့မှာ ကောင်မလေး(၃)ရဲ့မောင်နဲ့လည်း ခင်တယ်...
အဲ့မှာ ကျော်ကျော် ကောင်မလေး(၃)ကို ကြိုက်တယ်...
ဘာမှတော့မဆိုင်ဘူး ဘယ်လိုကြိုက်သွားမှန်းလည်းမသိဘူး
ဒါနဲ့ ဒီတစ်ခါ ဘာလုပ်လည်းဆိုတော့
ကောင်မလေး(၃)ဆီက စာအုပ်ငှားတယ်
အဲ့ထဲမှာ ချစ်ကြောင်းတွေကို ခဲတံနဲ့ရေးပေးလိုက်တယ်.....
ကျွန်တော် ဒီစာအုပ်ကို နောက်တစ်ခေါက်ထပ်ငှားမယ်..
ကျွန်တော်အချစ်ကိုလက်ခံရင် ရေးထားတာတွေကို မဖျက်ပါနဲ့...လက်မခံရင် ဖျက်ပစ်လိုက်ပါပေါ့.......
ပြန်ပေးလိုက်တယ်...စာအုပ်ကို....၂ရက် ၃ ရက်လောက်နေတော့ ထပ်ငှားတယ်...
ငှားပါတယ်...ဒါပေမယ့်...ဖျက်ထားလား မဖျက်ထားလား ပရိသတ်ကြီး စဉ်းစားကြည့်ပေတော့....ဘယ်သူထင်လို့လည်း ကျော်ကျော်လေ...အသည်းကွဲကျော်လေဗျာ....
ဗေထိ...ကွဲသဗျို့....ဘယ်လိုကွဲလည်း ပြောပြဦးမယ်....သူငယ်ချင်းတွေနဲ့အရက်သောက် ကောင်မလေးအိမ်ရှေ့မှာ ထိုင်...ကောင်မလေး(၃)ရဲ့နာမည်ကိုမြေကြီးမှာ ရေးပြီး...
ချစ်တယ်မျက်စေ့မှိတ်အော်နေတာ....ကျော်ကျော်က အဲံ့အိမ်ရှေ့မှာ တညလုံးနေမလို့ဗျ...အဲ့တာ ဘယ်သူတွဲပြီး ပို့ရတယ်ထင်တုန်း....ကောင်မလေး(၃)ရဲ့မောင် ကျော်ကျော်သူငယ်ချင်းလိုက်ပို့ရတယ်....အဲ့လို အသည်းကွဲတာ အပီပဲ....မနက်ရောက်တော့ စဉ်းစားပြီးရှက်လို့ ဆရာကျော်ကျော်တို့ နောက်ထပ်မူးပြီး အသဲမကွဲရဲတော့ဘူး...လိမ်မာသွားတယ်...ဆိုလိုတာက အရက်သောက်ပြီး မကွဲတော့တာ...အဲ့လို အဲ့လို ရှင်းပါတယ်နော်....

wkthu

အသဲကွဲဇာတ်လမ်း ၂

ကောင်မလေး(၂)က ကောင်မလေး(၁)နဲ့ပြဿနာတက်ပြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့
ကျော်ကျော်အလုပ်လုပ်တယ် ကျောင်းပိတ်ရင်
မလုပ်လို့လည်း မဖြစ်ဘူးလေ အိမ်က မိသားစုများပြီး ကျောင်းသားတွေချည်းပဲကိုး
အဲ့တော့ ကျော်ကျော်တို့မောင်နှမတွေအားလုံး ကျောင်းပိတ်ရင် အလုပ်လုပ်ကြတယ်....
အဲ့မှာတွေ့တာ ကောင်မလေး(၂)က
ဒီတစ်ခါတော့ စာမပေးဘူးဗျ
ပါးစပ်နဲ့ပြောတာ(အင်းလေ ပါးစပ်နဲ့ပဲပြောလို့ရတာကိုး)
ကောင်မလေး(၂)ရဲ့ တစ်အိမ်လုံးနဲ့လည်းခင်တယ်ဆိုတော့ သူအမေကိုယ်တိုင်ကကောင်မလေး(၂)ကိုလိုက်ပို့ခိုင်းတာဗျ ပစ္စည်းတစ်ခုဝယ်ဖို့
အဲ့မှာဖွင့်ပြောတာ..."နင့်ကိုငါချစ်တယ်"ပေါ့.....ဒါပဲပြောတတ်တာ...အဲတော့ ကောင်မလေး(၂)က "အင်"တဲ့...နင်ကိုယုံလို့ ငါ့အမေက ငါ့ကို နင်နဲ့ထည့်လိုက်တာ နင်က ရည်းစားစကားပြောရသလားတဲ့...."အဲ...အဲ့လိုလည်း ဟုတ်ပါဘူးဟာ ဒီလိုမှမပြောရင် ပြောဖြစ်မှာမဟုတ်လို့ ပြောရတာပါဆိုပြီး တောင်းပန်တယ်....အင်း..နင်ကိုငါ သူငယ်ချင်းလိုပဲ ခင်တယ်တဲ့ နင်စာတော်တယ် စာကြိုးစားပါ အိမ်ကိုလည်း ကူညီပေါ့တဲ့...ငါတို့အသက်ငယ်ငယ်လေးပဲရှိသေးတာ..အိမ်အတွက်ပဲ ကြည့်ပါဟာတဲ့....ဒီတစ်ခါတော့ ကောင်မလေး(၁)လောက်တော့ အသဲမကွဲဘူးဗျ...ဒါပေမယ့် သူငယ်ချင်းအဆင့်ကနေ မတက်တော့ ကျော်ကျော်ခင်ဗျာမှာ အပီအပြင်အသဲမကွဲနိုင်ရှာဘူးပေါ့ဗျာ........

ကောင်မလေး(၁)နှင့်နောက်ဆက်တွဲဖြစ်ရပ်များ

ကောင်မလေး(၁)နှင့်နောက်ဆက်တွဲဖြစ်ရပ်များ
==============================


ကျော်ကျော် ကောင်မလေး(၁)ကို တကယ်ချစ်ခဲ့တာဗျ
ခုတော့ ချစ်လို့မဖြစ်ဘူးလေ
ယောကျာ်းရပြီးလို့ ကလေးတောင်မွေးပေါ့
နောက်ထပ်မလှုပ်ရှားဘူးလားဆိုတော့ လှုပ်ရှားသေးတယ်ဗျ...
ဆယ်တန်းအောင်ပြီးမှ ပြန်လှုပ်ရှားတယ်
ကောင်မလေး(၁)တို့ တက္ကသိုလ်ကို သွားသွားလည်တယ်...
အဲ့ချိန်မှတော့ အဆင်ပြေတယ်ဗျ
သူငယ်ချင်းလို့ လက်ခံစကားပြောတယ်
ဒါပေမယ့် ကောင်မလေး(၁)က မချစ်ဘူး
ကောင်မလေး(၁) ရည်းစားရရော ကျော်ကျော်လည်းမေ့လိုက်တယ်
မမေ့လို့လည်းမဖြစ် ကောင်မလေး(၁)ရဲ့ရည်းစားနဲ့လည်း သိတော့ မလှုပ်ရှားဖြစ်တော့ဘူးပေါ့ဗျာ
ကောင်မလေး(၂)အကြောင်းလား လာမယ်လေဗျာ ဖြည်းဖြည်းပေါ့...

wkthu

အသဲကွဲဇာတ်လမ်း ၁

ကျော်ကျော်
နာမည်ကျော်မကျော်တော့မသိ
အသည်းကွဲတဲ့နေရာတော့ တော်တော့တော်တော်ကို ကွဲနိုင်ပါ၏
နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံမခံတော့မပြောတတ် တိုက်ကြီးတစ်တိုက်စာလောက် ခံနေတယ်ထင်တာပဲ...
ဘာလို့လည်း ဗေထိဆို ကွဲပြီးသားပဲ အသည်းပြောတာ အသည်း........
ကွဲသလားမမေးနဲ့ ၀က်ဝက်ကို ကွဲတာ....အသည်းပြောတာ မကြောက်ပါနဲ့......
အချစ်ဆိုတာ ဘာလည်းတော့မသိ ချစ်တော့ချစ်နေကြတာပဲ....အဲ့လိုပဲ...ကျော်ကျော်လည်းအသည်းကွဲတာပဲ အကြိမ်ကြိမ်...ဆိုင်မဆိုင်တော့ မသိဘူးပေါ့လေ......အဟတ်ဟတ်....
ကဲစမယ်....ပထမဇာတ်လမ်း....
ကောင်မလေးနာမည်လား....ပြောတော့ဘူးဗျ.....ကောင်မလေး(၁)လို့မှတ်လိုက်ဗျာ.....နာမည်ထည့်ရင် ရှုပ်ကုန်မှာစိုးလို့....သူလိုလို ကိုယ်ယောင်ယောင် ဖြစ်နေဦးမယ်....
ကိုယ့်ဘာသာ အသည်းကွဲံတာ ဇာတ်ရှုပ်တော့ မခံနိုင်ဘူးဗျာ.....
ဟုတ်ကဲ့ ကောင်မလေး(၁)....ကျော်ကျော်ရဲ့ အသည်းကို ပထမဦးဆုံးစခွဲခွင့်ရသူဆိုပါတော့....
ကျော်ကျော်က ၈တန်းပေါ့...ကောင်မလေးလည်း ၈ တန်း တစ်ခန်းတည်းပဲ...လူပျိုပေါက်...အမြီးပေါက်ချင်တဲ့အရွယ်....မိန်းကလေးဆို မြီးကောင်ပေါက်မအရွယ် ယောကျာ်းလေးဆိုတော့ မြီးကောင်ထီးအရွယ်ကပေါ့လေ............
ကျော်ကျော်ရည်းစားစာ ရေးတယ်...အပျံစားပဲ...သီချင်းတွေထဲက ဟိုဟာကူးချ...၀တ္ထုတွေက ဒီဟာခိုးချ....ကဗျာတွေ ဖြတ်ညှပ်ကပ်ထည့်...ကိုယ့်ဟာကိုယ်ဖတ်ကြည့်တော့ အမိုက်စားပဲ...
ကောင်မလေး ကြွေမကြွေတော့မသိ...ကိုယ်ကတော့ လက်တော့တော်တော်ညောင်း၏....စာပေးမယ်ဆိုတော့ ဘယ်လိုပေးရမယ် စဉ်းစားရပြီ...ဒီအတိုင်းလိုက်မပေးရဲ...အဲတော့ ဘယ်လိုလုပ်တယ်ထင်လည်း.....ကိုယ်စာအုပ်ထဲ ကိုယ်ပြန်ညှပ်...ကျောင်းအဆင်း...ကောင်မလေးစက်ဘီးရှေ့မှာ ခြင်းပါတယ်....အဲထဲထည့်ပြီး စာအုပ်ယူထားလိုက်ရော့ဆို ထည့်ပြီး ပြေးတာဗျို့........စာကတော့ ရောက်သွားပြီ သူ့ခြင်းထဲဆိုပြီး ရင်တွေဘာတွေခုန်လို့....စာထဲမှာ ကိုယ့်ကိုယ်ချစ်ရင် နှင်းဆီပန်းအနီလေး ပန်လာပါလို့ ရေးထားတယ်.....နောက်နေ့ကျောင်းမတက်ရဲ...သူငယ်ချင်းကို ကြည့်ခိုင်းတယ်....နှင်းဆီပန်းအနီပန်လာလားလို့.....ပန်လာတယ်တဲ့....ဒါပေမယ့် အဖြူကွတဲ့....သေရော....ဘာလုပ်ရမှန်းမသိ...နောက်နေ့ကြောက်ကြောက်နဲ့ ကျောင်းပြန်တက်....အဲဒီနေ့လည်း ပန်းပန်လာတယ်...နှင်းဆီပန်းတော့မဟုတ်ဘူး အနီတော့အနီ...စိန်ပန်းနီ....
ဘယ်လိုခံစားရမယ်မသိ....ပျော်ရမလား ငိုရမလားတွေးမရ....ဒါနဲ့ စာသင်တာ စာထဲအာရုံမရောက် တောင်တွေးမြောက်တွေး ကိုယ်လိုရာဆွဲတွေးတာနဲ့ စာသင်ချိန်ကုန်သွားတယ်...အတန်းပိုင်ဆရာမအချိန်ရောက်မှ ခံရတေှာု့တယ်.....နင် တစ်နေ့က ဘာလုပ်လည်းခေါ်မေးတယ်....သား ဘာမှမလုပ်ပါဘူးပေါ့ ဗြောင်လိမ်တယ်...နင့် ငါကို မလိမ်နဲ့ ကိုယ်လုပ်တာကိုယ်သိ ကျောင်းနေတုန်းမှာ ဒါတွေ မစဉ်းစားရဘူး စာကြိုးစား ကြားလား....နောက်မကြားချင်ဘူး ဒါ ဖတ်စ်ဝမ်နင်ပဲတဲ့...ဟုတ်ကဲ့ပါ ဆရာမဆိုပြီး ရှက်ရှက်နဲ့ ကိုယ်ခုံမှာ ကိုယ်ပြန်ထိုင်ပြီးငြိမ်သွားတယ်....သူငယ်ချင်းတစ်ယောက်လက်လာတို့တယ်...ဟေ့ရောင် မင်းစာအုပ်မို့လား...ရော့ ....တဲ့.....လားလား ဟုတ်ပါ့ ဒီအတိုင်းပဲ စာနဲ့ စာအုပ်က..မင်းတို့ ဖတ်ကြည့်သေးလားဆိုတော့ မကြည့်ဘူးတဲ့…ငါကောက်ရလို့ သိမ်းထားပါတဲ့…မင်းနာမည်ပါလို့ မင်းစာအုပ်ပဲ ဆိုပြီး ပြန်ပေးတာပါကွ..တဲ့….အော် တော်သေးတယ်ပေါ့…ဆိုပြီး သက်ပြင်းချနိုင်တယ်….ခဏနေမှ ကောင်းကောင်းအရှက်ကွဲတာဗျို့…အတန်းထဲက ယောကျာ်းလေးတွေ တစ်ယောက်ပြီးတစ်ယောက် ကျော်ကျော်ရေးထားတဲစာထဲကအတိုင်း ရွတ်တာဗျ….တစ်ကြောင်းပြီးတစ်ကြောင်း…ငိုချင်သွားတယ်..ဘာမှပြန်မပြောနိုင်ဘူး….လည်ပင်းဖက်သူငယ်ချင်းက ပခုံးဖက်လာနှစ်သိမ့်တယ်…မင်းကိုချစ်လို့စကြတာပါကွာ…တဲ့…စိတ်တွေ လေထဲလွင့်နေပြီ….ဘာမှမကြားတော့ဘူး…စာရော စာအုပ်ကိုရော ယုပြီး အတန်းရှေ့က ရေမြောင်းရှေ့မှာရပ်..အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လို စာရွက်တစ်ရွက်ပြီးတစ်ရွက်ဆုတ်ဖြဲပစ်နေမိတယ်…..ကျော်ကျော်ရှက်ချက်ကတော့ နောက်ကောင်မလေးကို ဘယ်တော့မှ ရင်မဆိုင်တော့ဘူး..ကောင်မလေးနဲ့ထိပ်တိုက်တိုးရင် ခေါင်းကိုငုံ့လျှောက် …အဝေးကတွေ့ရင် နီးရာတိုင်နဲ့ကွယ်ရပ်…နောက်ထပ်လုံးဝမလှုပ်ရှားတော့ဘူး….စာပဲဖိလုပ်တော့တယ်…..တော်တော်လိမ်မာသွားတယ်…၈ တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်သွားတယ်….ကျေးဇူးပါ ကောင်မလေး(၁)ရေ…နင်အဲ့လိုလုပ်လိုက်လို့ ငါစာကြည့်ဖြစ်သွားတာပါ…လို့………အဟား….

ပလန်းနက်မှ အကိုကြီး wkthu ၏ဇာတ်လမ်းများကို ကူးယူဖော်ပြတာပါ
ကူးယူခွင့်ပြုသော အကိုကြီး ကိုယ်ဝန်ကြီးနဲ့ကျော်သူ အဲလေ wkthu ကိုကျေးဇူးအထူးတင်ကြောင်း

Friday, December 25, 2009

ချစ်သူ

ကိုယ်မင်းကိုချစ်တယ်
ပြောခဲ့ဘူးသမျှ ဒီလိုစကားလုံးတွေထဲမှာ
ပေါ့ပျက်ပျက်မပြောခဲ့ပါဘူး
မင်းဟာကိုယ့်အတွက် ရည်းစားဦးဖြစ်သလို
အချစ်ဆုံးလဲဖြစ်ပါတယ်
ကိုယ့်အပေါ်အနွံတာခံတဲ့
ကိုယ့်ရဲ့ဆိုးသွမ်းမှုတွေကို သည်းခံခဲ့တဲ့
ကိုယ့်ကိုချစ်တဲ့
မင်းကို ကိုယ်ပြောမပြတတ်အောင်ချစ်ပါတယ်ကွာ........

ထက်သူရ

ရည်းစားစာ

စာရွက်ပုလ္လင်ပေါ်
ညာလက်တင်ကာရေးမိတာက
ဘာအတွက်ပင်မသိ
မင်းကိုမှချစ်မိနေတဲ့အကြောင်းရယ်ပါ........


နွေ

ညှို့ပိုင်ရှင်

ချစ်ခင်စွဲမက်
နှစ်သက်မြတ်နိုး
ဆထက်တိုးလို့
ချစ်ကြိုးနှောင်ဖွဲ့
ချစ်မိခဲ့ပြီ
ရိုးသားပွင့်လင်း
အပြစ်ကင်းစင်
ညှို့ပိုင်ရှင်ရယ်

နွေ

ကျေနပ်တယ်

အမရာ ကိန္နရီ မဒ္ဒီ သမ္ဗူလ
တော်လေးဝ မ၀င်လည်းနေပါစေ
စူဠသုဘဒ္ဒါလို အစွယ်ချိုးဖြတ်
မရက်စက်တတ်ရင်
ကျေနပ်တယ်...

အကိုတစ်ယောက်ရဲ့ စာအုပ်ထဲမှာရေးထားတာ
ကြိုက်လွန်းလို့ တခါဖတ်တာနဲ့ ရသွားတာ

အဂုၤလိမာလ

ဇါတ်တော်ထဲမှာ အဂုင်္လိမာလ ဇါတ်ကိုဖတ်တော့
စဉ်းစားမိတာလေးတွေပါ
တစ်ခုက အဂုင်္လိမာလ က ပညာတော်တယ်ပြောတယ်
ပြီးတော့ ဆရာကြီးကလဲ ပါမောက္ခ တစ်ယောက်ပဲ
သူတပါးသွေးခွဲစကားကို အစဉ်းစားမရှိ ယုံကြည်လိုက်တာက
ဘာကြောင့်လဲ သူ့မိန်းမနဲ့ သ၀န်တိုလို့ အမြင်ကန်းသွားတာလား

အဂုင်္လိမာလကရော ဆရာခိုင်းတာနဲ့ တော်၏ရော်၏ မစဉ်းစားပဲ
လုပ်သင့်လို့လား

ပညာရှိသတိဖြစ်ခဲ ဆိုသလိုဖြစ်မှာပေါ့လေ

ထားပါတော့
ကဲ အခု အင်္ဂုလိမာလ လက်ညှိုးတွေလိုက်ဖြတ်ပြီ
လူတစ်ထောင် သတ်ဖို့လိုလာပြီ........
အဲ့မှာစဉ်းစားစရာက လူမှာ လက်ညှိုးနှစ်ချောင်းပါတယ်
အဲ့ဒါဆိုရင် လက်ညှိုးတစ်ထောင်ပြည့်ဖို့ လူ 500 ပဲသတ်ဖို့လိုမယ်

ပြီးတော့ လူတွေရဲ့လက်မှာ ဖြတ်လိုက်ရင် လက်ညှိုးလား
လက်သူကြွယ်လား လက်သန်းလာ မသိနိုင်ဘူးထင်တယ်ဗျ
အဲ့တော့
လူတစ်ယောက်ဆီက လက်ညှိုးပုံစံတူ ရှစ်ခုရပြီဗျာ
အဲ့လိုဆိုရင် လူပေါင်း 125 ယောက်ပဲ သတ်စရာလိုမယ်ဗျာ

ကဲ အဲ့လောက်လူဆိုရင် တော်တော်ကွာသွားပါပြီ
ဘုရင်လဲလာဖမ်းရလောက်အောင် ဖြစ်လာမယ်မထင်ဘူးဗျ.

ပြီးတော့ လူမသတ်ပဲ လက်ပဲဖြတ်ယူလိုက်လို့ရတယ်ဗျာ
သုသာန်က သုဘရာဇာနဲ့ လက်ဝါးရိုက်ပြီးတောင် လုပ်လို့ရသေးတယ်
ဟီးဟီး

ကဲ ဆရာသမားတို့ရော ဘယ်လိုထင်တုန်းဗျ
အဟတ်

ထက်သူရ

Thursday, December 24, 2009

ဆန့်ကျင်ဖက်

“ကောင်းတာတွေ့ရဲ့နဲ့ မစားတာ
အငတ်ခံချင်လို့
လမ်းတွေ့ပါရဲ့နဲ့ မသွားတာ
ခရီးမတွင်ချင်လို့”
ဒီလို ဆရာတော်တပါးဟောဖူးတယ်တဲ့
အဲ့စကားစုလေး တွေ့ပြီးတဲ့အခါမှာ
ကျွန်တော်အတွေးတစ်ခုဝင်လာတယ်
ကောင်းတာတွေ့တိုင်း စားသင့်သလား
လမ်းတွေ့တိုင်းရော သွားသင့်သလား
အစားအစာတစ်ခုဟာ လူတစ်ယောက်အတွက်
အဟာရဖြစ်ပေမဲ့ တခြားတစ်ယောက်အတွက်
အဆိပ်ဖြစ်နေနိုင်တယ်လေ
လမ်းတစ်ခုဟာလဲ တစ်ယောက်အတွက်
နတ်လမ်းဖြစ်သည့်တိုင်အောင်
တခြားတစ်ယောက်အတွက် ငရဲလမ်း မဖြစ်နိုင်ဘူးလား
ဒါကြောင့်
ကိုယ်နဲ့တည့်တာစားပြီး
ကိုယ်နဲ့လိုက်ဖက်သင့်တော်မယ့် လမ်းကိုလျှောက်တာ
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်......

သင့်တော်သလို ဝေဖန်ဆွေးနွေးနိုင်ပါတယ်

ထက်သူရ

နာမည်ပြောင်များ

လူတွေမှာ အခေါ်ခံရတဲ့နာမည် တော်တော်များကြတယ်ဗျ
ကျွန်တော်ဆိုရင် ကိုယ့်နာမည်တောင် တခါတလေ မှားတယ်
နစ်နိမ်းတွေများလွန်းလို့
ငယ်ငယ်က အိမ်မှာတော့ ထက်ထက် လို့ခေါ်တယ်ဗျ
အိမ်နားကလူတွေကပါ လိုက်ခေါ်တယ်ပေါ့ဗျာ
ကျောင်းတက်တော့ သူငယ်ချင်းတွေက ကိုထက် တဲ့ ထက်ကြီး တဲ့
ကြီးလာတော့ တဖြည်းဖြည်းနဲ့ နံမည်တွေများလာလိုက်တာဗျာ
ပြောမပြောချင်ဘူး (အမှန်ကပြောချင်လို့ရေးတာ ဟီးဟီး)
လမ်းလျှောက်တာမြန်ပြီး ဘေးဘီမကြည့်တတ်လို့
ကောလိပ်တက်တော့ စစ်ဗိုလ်ကြီးတဲ့ Robot တဲ့
နောက်ကွယ်ခေါ်ကြတာပါ
ရင်းနှီးတဲ့သူငယ်ချင်းတွေက ထက်ထက် လို့ခေါ်တယ်
မိန်းကလေးတွေများတယ်
ယောင်္ကျားလေးတွေကတော့ ဘာမှန်းမသိ မိထက် တဲ့
လူကို ဘာဖြစ်သွားမှန်းကိုမသိတာ အဟတ် အဟတ်
သူငယ်ချင်းတစ်ယောက်က ထူးထူးဆန်းဆန်း
အင်မတန်မှစကားနဲတဲ့ ကျွန်တော့ကို donald duck တဲ့
အငြင်းသန်လို့ဆိုလားးး
ဟုတ်တော့ဟုတ်တယ်ဗျ
ကျွန်တော်ကလဲ စကားသာနဲတာ ကိုယ်မှန်တယ်ထင်ရင်
ဘာပိတ်ပြီးငြင်းတယ်ဆိုလား
အဲ့လိုကို ငြင်းတာ
အဟတ် အဟတ်
ကျန်သေးတယ်ဗျ ဆယ်တန်းအောင်လို့ Guide လုပ်တော့
လမ်းထဲကလူတွေက ကျောင်းဆရာ တဲ့
နောက်ကျတော့ဘယ်လိုဖြစ်တယ်မသိ ဆရာကျောင်း ဖြစ်သွားရော
ကျွန်တော်ကတော့ ကိုယ့်ကိုဘယ်လိုခေါ်ခေါ် သိပ်တော့ဂရုမစိုက်လှဘူးဗျ
အဲ ဒါပေမဲ့ တချို့လူတွေ တွေ့ဘူးတယ်
ကိုယ့်ကို နာမည်ပြောင်ခေါ်ရင်မကြိုက်ကြဘူး
နာမည်ပြောင်က ဆိုးနေရင်တော့သိဘူးလေ
ကျွန်တော့သူငယ်ချင်းတွေထဲမှာ နာမည်ပြောင်တွေရှိတယ်
တစ်ယောက်ဆို သူ့ကောင်မလေးနာမည်က ဘေဘီတဲ့
အဲ့တော့ သူ့ကို ဘေကြီး လို့ခေါ်တယ် ကောင်းရော
ဘာမှန်းကိုမသိတာ
ဒီလိုပဲ ဒါးလှီးမုန့် တို့ လဘက်ခြောက် တို့
ဂေါ်ဖီထုပ်တို့ ခြုံပုတ် တို့
ခေါ်ကြတာတွေအများကြီးပဲ
အဲ့နာမည်တွေကတော့ ဘယ်ကောင်းမလဲ နော့
တချို့ဆိုရင် များသောအားဖြင့် လူကြီးတွေပေါ့ဗျာ
နာမည်ပြောင်မဟုတ်ပဲနဲ့ အိမ်ခေါ်နာမည် ခေါ်ရင်တောင်
မကြိုက်ချင်ကြဘူး
သူတို့ကို တန်းတူဆက်ဆံတယ်ဆိုပြီးပေါ့လေ
ဥပမာ ဗျာ လူကြီးတစ်ယောက် အိမ်မှာရော
အသိတွေကပါ ကိုအောင် လို့ခေါ်တယ်ဆိုပါတော့
သူ့နာမည်အရင်းကိုမခေါ်ပဲ ကိုအောင်လို့ခေါ်တာ
သူမကြိုက်ဘူးဗျ
အဖျားဆွတ်ခေါ်တာက သူ့ကိုထိခိုက်စေတယ်ဆိုပဲ
အမယ် နိုင်ငံခြားတွေဘာတွေတပ်ပြီးပြောသေးတာဗျ
အဟတ် ရယ်ချင်လိုက်တာဗျာ
အမှန်က နာမည်ဆိုတာ ပညတ် တစ်ခုဆိုတာ သူမှမသိတာဗျာ
ကဲ ထားလိုက်ပါတော့
ခင်ဗျားတို့ရော နာမည်ပြောင်ခေါ်ဖူးလား
အခေါ်ခံရရင်ရောကြိုက်လား မကြိုက်ဘူးလားဗျ
အဲ့ဒါလေးသိချင်လို့ပါ...........

အပင်ပန်းခံဖတ်ပေးတဲ့အတွက်ကျေးဇူးပါ

ထက်သူရ

ကျွန်တော့အကြောင်း

အရင်ဆုံးရေးချင်တာကတော့ ကျွန်တော့အကြောင်းလေးပေါ့ဗျာ
ကျွန်တော့နာမည်က ထက်သူရ လို့ခေါ်တယ်
နာမည်ကသာ ထက်တာဗျ လူက ခပ်အအ ရယ်
လောလောဆယ်တော့ လူပျိုကြီးပေါ့ဗျာ (ကြော်ငြာဝင်တာ ဟဲဟဲ)
နောင်တော့လဲ မပြောတတ်ဘူးပေါ့ဗျာ
ဒီဘလော့လေးကိုအခုမှစထောင်ကာစဆိုတော့
အမှားပါရင်လဲခွင့်လွတ်ကြပေါ့
အခုကစပြီး အင်တာနက်ပေါ်မှာ ရေးချင်တာလေးတွေ
လျှောက်ရေးတော့မှာဖြစ်ကြောင်း
အသိပေးတာပါ
သည်းခံပြီးဖတ်ပေးကြပါဗျ နော့

ထက်သူရ