ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ကျောင်း နှင့် သူငယ်ချင်းများ. Show all posts
Showing posts with label ကျောင်း နှင့် သူငယ်ချင်းများ. Show all posts

Monday, February 1, 2010

သူငယ်ချင်းများ ၂

သူငယ်ချင်းနောက်တစ်ယောက်
နာမည်ကတော့ ကိုလွင်
သူနဲ့ကျွန်တော်နဲ့က အဖွဲ့ထဲမှာ အများဆုံးတွဲဖြစ်တယ်
အိမ်ချင်းကလဲနီးတာကိုး
ကားနှစ်ဆင့်စီးရတာ ဟီးဟီး
သူနဲ့ကျွန်တော်နဲ့က တော်တော်လေး အတွဲညီတယ်ဗျ
ငယ်ဘ၀အဖြစ်အပျက်တင်မက
ကြီးလာတဲ့အခုအရွယ်အထိ အဖြစ်အပျက်တွေက
တူနေတတ်ကြတာ
အိမ်ကိစ္စ တွေမှာလဲတူကြတယ်
မိသားစုရေးရာလဲ နဲနဲဆင်တယ်
ကုန်ကုန်ပြောရရင်
ရည်းစားရတာတောင် သိပ်မကွာဘူး အချိန်ပြောပါတယ်
ပြီးတော့ အဲ့ရည်းစားတွေနဲ့ပြတ်တော့လဲ သိပ်မကွာဘူး
ဟီးဟီးးးးး အဲ့လို

သူနဲ့ပါတ်သက်ရင်တော့ ပြောစရာရှိတာက
သူကကျောင်းမှာ ကျွန်တော်တို့နဲ့ခင်တဲ့
သူနဲ့ တစ်မြို့နယ်ထဲ သူငယ်ချင်းကောင်မလေးတစ်ယောက်ကို
ကြိုက်တယ်ဗျ
ခက်တာက ဟိုက သူငယ်ချင်းကမတက်ချင်ဘူး
အဲ့တော့ ဒီကောင်ခံစားရရော
ဟိုကောင်မလေးကလဲဘာလို့မကြိုက်လဲစဉ်းစားမရဘူးဗျ
ဒီကောင်က ကျွန်တော်တို့ထဲမှာ အဖြောင့်ဆုံးဗျ
ကျောရိုးမဟုတ်ဘူးနော်
အဟတ်
ကောလိပ်ဂျင်နေ၀င်းဒီဇိုင်းနဲ့လေ
အဲ့လောက်ဆိုမြင်လောက်ပါပြီ
အဟတ် အဟတ်
အခုတော့ ကောင်မလေးက နိုင်ဂျံဂါး အဲလေ နိုင်ငံခြားမှာ
သူကတော့မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်နေပါတယ်
တွေ့တော့တွေ့ဖြစ်တယ်ပေါ့ဗျာ
သူငယ်ချင်းတွေထဲမှာ အများဆုံးတွေ့ဖြစ်တဲ့သယ်ရင်းပေါ့

သယ်ရင်းကောလိပ်ဂျင် အတွက်

ဟီးဟီး

ထက်သူရ

Friday, January 29, 2010

သူငယ်ချင်းများ ၁

ကိုမျိုး အကြောင်းပဲဆက်ပြောမယ်
ဒီကောင်က အရမ်းရိုးတယ်
ကျွန်တော်တို့ထဲမှာအရိုးဆုံးပဲ
ဒီကောင်က စေသနာလည်းအရမ်းကောင်းတာ
သူငယ်ချင်းတွေအိမ်မှာအလှူရှိလို့ လာကြရင်
သူပျောက်နေတတ်တယ်
ဘယ်ပျောက်နေလဲ သွားရှာရင်
တစ်နေရာပဲရှာစရာလိုတယ်
အဲ့ဒါကတော့ ပန်းကန်ဆေးတဲ့နေရာ
လူရှိရှိ မရှိရှိ သူကဒိုင်ခံဆေးပေးနေတာ
မလုပ်နဲ့ဆိုလဲမရဘူး
ဒီတော့လဲ သူငယ်ချင်းအိမ်တွေအကုန်က ချစ်ကြတယ်ပေါ့လေ

ခက်တာက အလွဲအရမ်းလုပ်တာ
အလုပ် ၁၀ ခုလုပ်ရင် ၉ခုလောက်ကလွဲနေတတ်တာ

အဲ သူတစ်ခါလုပ်တာသူငယ်ချင်းတစ်ယောက်
တော်တော်လေးတိုင်ပတ်သွားသေးတယ်
ဘာလဲဆိုတော့
ကျောင်းခန်းထဲမှာ သူကြိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်
နာမည်ကလဲဆင်တယ်
သူက YMT ကောင်မလေးနာမည်ကလဲ YMT
ဒီတော့စကြတာပေါ့လေ
တစ်နေ့ သူ့မွေးနေ့မှာ ကောင်မလေးကို စာအုပ်လက်ဆောင်ပေးတယ်
ူသူငယ်ချင်းလဲမဟုတ်ဘာမှလဲမဟုတ်ပဲနဲ့ သွားပေးတယ်
ဘယ်လိုပေးလိုက်လဲတော့မသိဘူး
ကျွန်တော်တို့လဲမသိလိုက်ဘူးဗျ
နောက်နေ့ကျတော့ ထောက်ကြံ့မှာနေတဲ့တစ်ယောက်က
အစောကြီးကျောင်းရောက်နေတာ
ကျွန်တော်တို့လဲမရောက်သေးဘူး
အဲ့မှာ သူကြိုက်နေတဲ့ကောင်မလေးက
ကျွန်တော်တို့သူငယ်ချင်းရှေ့မှာစာအုပ်ကိုဘုန်းခနဲပစ်ချပြီး
ကိုမျိုးကိုပြောလိုက် နောက်ဘယ်တော့မှဒီိလိုမလုပ်ပါနဲ့ဆိုပြီး
ဟောက်သွားတယ်တဲ့
သူလဲဘာမှန်းမသိခံလိုက်ရတာပေါ့
ဘာမှန်းမသိပဲ တောင်းပန်လိုက်ရသေးတယ်တဲ့
ကျောင်းရောက်တော့မှသူကအကြောင်းစုံရှင်းပြတယ်
သူစာအုပ်ပေးလိုက်တယ်ပေါ့
အိမ်မှာသွားပေးတယ်ဆိုလားပဲ
အိမ်ကြောက်တဲ့သူကိုအိမ်မှာသွားပေးတယ်ဆိုတော့
ဟိုက ဒေါသထွက်တာပေါ့
အဲ့ကနေစပြီး ကောင်မလေးက သူ့ကိုလုံးဝမကြည်တော့ဘူး
အမှန်ကအစထဲကမကြည်တာ
အခုကျောင်းပြီးတဲ့အထိ သူကတော့ကြိုက်နေတုန်းပေါ့လေ
ကျွန်တော်တို့နောက်ရင်တော့ မျက်နှာငယ်လေးနဲ့
ဟိုကတော့သူ့ကို ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူး
သနားစရာတော့ကောင်းသား
ကောင်မလေး ဒီပို့စ်ဖတ်မိရင်တော့ ပြန်ကြိုက်လိုက်ပါဗျာလို့ပြောချင်တယ်ဗျ
အဟတ် အဟတ်

သူလွဲတာတွေကတော့တစ်ပုံကြီးပဲ
ကျွန်တော်သတိရတာလေးတွေကြုံရင်ကြုံသလိုရေးပေးပါမယ်

အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျ

စေသနာကောင်းလွန်းတဲ့ သူငယ်ချင်းအလွဲလေးအတွက်

ထက်သူရ

ကျောင်းတက်စဉ်အမှတ်တရ

ကျောင်းဆိုတဲ့အထဲမှာ ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းတွေကတော့
သိပ်များများရေးစရာမရှိဘူးဗျ
ဘာလို့လဲဆိုတော့ အလကားနေ ဆော့နေတာနဲ့
စာကြည့်နေတာပဲရှိတာကိုး
ကျောင်းအကြောင်းရေးမယ်စဉ်းစားတော့
အထက်တန်းပြီး ကောလိပ်တက်တဲ့အကြောင်း
ကောလိပ်ကသူငယ်ချင်းတွေအကြောင်းရေးဖို့ စဉ်းစားမိတယ်
ကောလိပ်ဆိုတာကလဲ ဂျစ်ပစီ တေလေဂျပိုး စန်တာ လို့ ခေါ်ကြတဲ့
ဂျီတီစီ (GTC) ပါ
တက်ရတာကတော့ ရန်ကုန်မြို့နဲ့သိပ်မဝေးလှတဲ့
မှော်ဘီအလွန်လေးတင်ပါ
သိပ်မရှိပါဘူး ၃၃ မိုင်နဲ့ ၇ ဖာလုံ ထဲရှိတာပါ
မှော်ဘီမှာဆိုရင် နာမည်ရှိတဲ့ မှော်ဘီ အထက (၁) ရှိပါတယ်
ကျွန်တော်တို့ကျောင်းက ထ ၁ ထက်သာတယ်ဗျ
စုတ်တဲ့နေရာမှာ ဟီးဟီး
ဒီလိုပဲလေ လက်သမားကောင်း အိမ်ကောင်းမနေဘူး ဆိုသလိုပေါ့
ကျောင်းကသာမကောင်းတာဗျ
ကျောင်းက ဆရာတွေ ဆရာမတွေကတော့ တယ်ကောင်းတာ
တကယ်ပါ ဆရာ ဆရာမတွေ တကယ်စာသင်ကြပါတယ်
သူတို့ ကောင်းကောင်းသင်ပေးလို့
ကျွန်တော်တို့တွေ ကျူရှင်မလိုပဲ အောင်လာကြတာပါ
တကယ့်ကိုကျေးဇူးတင်ထိုက်သူတွေပါ။
သူတို့ကတော့သေချာသင်ပေးလိုက်တယ်
ကျွန်တော်တို့ကအသုံးမကျလေတော့
စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားခဲ့မိတယ်လေ
ဒီတော့ကာ အခုတော့ ကျောင်းစာတွေ
ကျောင်းပြန်ကုန်တာပေါ့လေ
ဒီလိုနဲ့ ဂျီတီစီတက်ရင်း ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေအများကြီးပေါ့လေ
တော်တော်လေးခင်တာကတော့
ကျွန်တော်တို့ ယောင်္ကျားလေးချည်းပဲ ၁၀ ယောက်ရှိတယ်
တစ်ယောက်တမျိုးစီ အလွဲအချော် လေးတွေနဲ့ဆိုတော့
အူကြောင်ကြောင်အဖွဲ့လေးဖြစ်နေတာပေါ့လေ

အကြီးဆုံးတစ်ယောက် နာမည်က ကိုမျိုး
အသက်ကြီးသလောက် အပေါဆုံးလို့လဲပြောလို့ရတယ်
အမှန်က ရိုးလွန်းတာ
သူများအပေါ်ကူညီချင်စိတ်အရမ်းများတယ်
ဒါပေမဲ့ လုပ်လိုက်ရင်အမြဲတမ်းနီးပါး တလွဲ
တစ်ခါက ကျွန်တော်တို့အပြင်သွားကြရင်း
သူနဲ့ နောက်နှစ်ယောက်ကို ဒန်ပေါက်ဝယ်ခိုင်းလိုက်တယ်
အားလုံးစားဖို့ ကျွန်တော်တို့က ကားဂိတ်မှာစောင့်နေတယ်
ခဏနေတော့
သူနဲ့လိုက်သွားတဲ့နှစ်ကောင် ခွက်ထိုးခွက်လန်ရယ်ပြီးပြန်လာတယ်
သူကတော့ အနောက်ကနေ မျက်နှာကြီးကိုရဲလို့
ဘာများဖြစ်တာလဲ ဆိုပြီးမေးကြည့်တော့
ကားစောင့်နေတုန်း ရေအိုးစင်မှာ ရေ၀င်သောက်တယ်တဲ့
ဟိုနှစ်ကောင်သောက်ပြီးသူသောက်နေတုန်း
ကားလာတော့ပြေးတက်ကြတာ
သူက လက်ထဲမှာရေခွက်တစ်ဖက် ရေခွက်တင်တဲ့ ပန်းကန်တစ်ဖက်နဲ့
ခေါင်းမှာလဲ ရေအိုးအဖုံးကဆောင်းထားသေးတယ်
ကားပေါ်ရောက်လို့ စပယ်ရာပြောမှ သတိထားမိလို့
အောက်ဆင်းပြီးပြန်ထားရတယ်တဲ့
ကားတစ်စီးလုံး အပြင် ကားဂိတ်ကလူတွေပါ
ဝိုင်းဟားလိုက်ကြတော့ ဒီကောင်တော်တော်ရှက်သွားတယ်


နောက်မှထပ်ရေးမယ်ဗျာ


ထက်သူရ