မနက်အစောကြီး ဘေကျင်းဘူတာကနေ ရှီကျားရွှမ် ကိုထွက်ကြတယ်
မနက် ၅နာရီလောက်ပေါ့
ရထားက ၆နာရီကျော်လောက်မှာထွက်တယ်
ရှီကျားရွှမ်ကို မနက် ၉နာရီကျော်လောက်မှာရောက်တယ်
လာကြိုမယ့်သူတွေက မတွေ့တာလား လွဲသွားတာလားမသိဘူး
ဒါနဲ့ ဟော်တယ်တစ်ခုကိုချိတ်ပြီး သွားလိုက်ရတယ်
ဟော်တယ်ရောက်လို့ ဖုန်းဆက်ကြည့်မှ ဘူတာလွဲသွားမှန်းသိတာ
နေ့လည်လောက်ကျတော့ လာခေါ်ကြတယ်လေ
သူတို့ရုံးခန်းကိုလိုက်သွားပြီး အလုပ်ကိစ္စတွေပြောကြတယ်
ရှီကျားရွှမ်က ကျွန်တော်ရောက်တဲ့မြို့တွေထဲမှာ တည်ဆောက်ပုံအညံ့ဆုံးပဲ
ကောင်းမွန်တဲ့အဆောက်အဦးနဲတယ်
အစားအသောက်လဲ သိပ်မကြိုက်လှဘူး...
အဲ့မှာက ဘာပဲချက်ချက် ရှမ်းငရုတ်ကောင်းထည့်ချက်တယ်လေ
မစပ်ပေမဲ့ လည်ချောင်းထဲမှာ ပူပြီး စားမရဘူး
ဗိုက်ဆာတာတောင် ဘယ်နားရောက်မှန်းမသိဘူး
ရှိကျားရွှမ်မှာတစ်ညအိပ်ပြီး မနက် ဘေကျင်းကိုပြန်လာခဲ့တယ်
ဘေကျင်းမှာ ပါတနာနောက်တစ်ယောက်နဲ့တွေ့ပြီး
လေဆိပ်နားက ဟိုတယ်တစ်ခုမှာတည်းတယ်....
မနက်ကျ၇င်ကူမင်းကိုပြန်မှာလေ.........
ထက်သူရ
ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label trip. Show all posts
Showing posts with label trip. Show all posts
Friday, February 11, 2011
Wednesday, February 9, 2011
တရုတ်သို့တစ်ခေါက် ၆
မနက်ကျတော့ အေးအေးဆေးဆေးနေပြီး ၁၀ နာရီကျော်လောက်မှ ထွက်ဖြစ်တယ်
ဘေကျင်းကို ရထားနဲ့သွားတာပါ
ကြည်ဆံရထားပုံစံပေါ့
တရုတ်မှာသွားလာတာ ကုန်းကြောင်းခရီးစုံသွားတယ်
ရထား ကား metro, bus စုံတယ်
ဘေကျင်းကို ညနေပိုင်းလောက်ရောက်တယ် ရထားက ၄နာရီလောက်စီးရတယ်လေ.
ဘေကျင်းမှာ ပါတနာတစ်ယောက်လာကြိုတယ်
သူက ယူအက်စ်က ပစ္စည်းသွင်းပေးနေတဲ့သူပေါ့
သူ့အလုပ်ခန်းကိုလိုက်သွားပြီး ပစ္စည်းတွေသွားကြည့်
မမှာဖြစ်သေးတဲ့ ပစ္စည်းတွေကြည့်လာတယ်လေ
သူ့ဆီကနေ ညစာသွားစားကြတယ်
ထုံးစံအတိုင်း ဘေကျင်းရောက်တဲ့သူတွေကိုကျွေးနေကျ
western park မှာပဲပေါ့
ဘဲကင်အဓိကပေါ့လေ.....
ဒီက ဘဲကင်နဲ့ဘာကွာလဲဆိုတော့
နဲနဲပေါ့သလားလို့ ဗမာပါးစပ်နဲ့ ခံတွင်းမတွေ့လှဘူးလေ
အဲ့ညမှာတော့ အေးအေးဆေးဆေး စောစောပြန်အိပ်ကြတယ်လေ
မနက်အစောကြီး ရှီကျားရွှမ်သွားရမှာကိုး..........

Monday, January 31, 2011
တရုတ်သို့တစ်ခေါက် ၅
မနက်ကျတော့ tower စက်ရုံကိုသွားကြည့်ကြတယ်
စက်ရုံနဲ့ မြို့နဲ့က တော်တော်ဝေးသားပဲ
၂နာရီနီးပါးသွားလိုက်ရတာ
စက်ရုံကတော့အကြီးကြီးပဲဗျ
တာဝါတိုင်နဲ့ပါတ်သက်တာတွေအကုန်လုပ်တယ်
တာဝါတိုင်အစုံပဲ လေရဟတ်နဲ့ ဓါတ်အားထုတ်တဲ့ တာဝါတိုင်တွေပါရှိတယ်
တာဝါတိုင်အကျယ်က လူတစ်ယောက်အသာလေး မတ်တပ်၇ပ်လို့ရတယ်
စက်ရုံသုံးရုံလောက် လှည့်ပတ်ကြည့်ပြီးတော့ ကျင်းတောင်ကို ပြန်လာခဲ့တယ်
ပြန်ရောက်တော့ ညနေ ၄နာရီလောက်ရှိပြီ
ကျင်းတောင်ကမ်းခြေနားက ဟိုတယ်မှာတည်းတော့
ဟိုတယ်ပေါ်ကနေကြည့်လိုက်ရင် ကမ်းခြေအလှကို သေချာမြင်ရတယ်
သူတို့ဆီက ကမ်းခြေက သဘာဝကမ်းခြေတော့မဟုတ်နိုင်ပါဘူး
သဲတွေက တစ်နေရာကသယ်လာတယ်ဆိုတာ ခန့်မှန်းလို့ရတယ်
ဒါပေမဲ့ သေချာလုပ်ထားတာ အနားယူဖို့ အမိုးကျယ်ကျယ်နဲ့
အကာမပါတဲ့ ကားဂိုဒေါင်လိုနေရာတွေ ကမ်းခြေတစ်လျှောက် လေးငါးခုလောက်ရှိမယ်
လေကတော့ တယ်အေးသကိုးးး
နေ့လည်ဘက်တောင် အနွေးထည်မချွတ်ရဲဘူး
သွားတဲ့အချိန်က နိုဝင်ဘာသိပ်မအေးသေးပေမဲ့ ညဘက်ဆို ၅ဒီဂရီလောက်ပဲရှိတာ
ညရောက်တော့ မနေ့ကများထားတာနဲ့
မသောက်ဖြစ်ကြတော့ဘူး
ကိုရီးယား အစားအစာဆိုင်မှာ ကောင်းကောင်းစားပြီးအိပ်လိုက်ကြတော့တယ်
မနက်ကျရင်ဘေကျင်းသွားရမှာလေ.....

Friday, January 7, 2011
တရုတ်သို့တစ်ခေါက် ၎
နောက်နေ့ နေ့လည်မှာချန်ကျန်းလေဆိပ်ကနေ ကျင်းတောင်(Qingdao)ကိုထွက်ခဲ့တယ်
လေဆိပ်မှာ နေ့လည်စာစားပေါ့လေ နေ့လည်စာကတော့ KFCကြက်ကျော် နဲ့ အအေးပေါ့
တစ်ခုမ၀တော့ နှစ်ခုပေါ့လေ...:hee::hee::hee:
တရုတ်မှာက KFC ဆိုင်တွေက နေရာတကာမှာရှိတယ် တစ်နိုင်ငံလုံးလိုလိုပါပဲ
တရုတ်တောင်ပိုင်းကနေ မြောက်ပိုင်းနီးပါး ဘေကျင်းနားဆိုတော့ တော်တော်ကြာသွားရတယ်
ကျင်းတောင်ရောက်တော့ ညနေ ၆နာရီ
တော်တော်မှောင်နေပီပဲ
ကျင်းတောင်က တာဝါစက်ရုံကလူတွေလာကြိုတယ်
သူတို့နဲ့ပဲ ညစာစားဖြစ်တယ်လေ...
တရုတ်တွေနဲ့ညစာစားရတာ တယ်မကောင်းဘူး
ဘီယာကို ကမ်းပေး လုပ်တယ်ဗျာ
တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ်
ဗိုက်ကို ကယ်ရော
ကျင်းတောင်ဘီယာတဲ့ မြန်မာဘီယာလိုအရသာပဲ တစ်ခြားတရုတ်ဘီယာတွေထက်ကောင်းတယ်
နာမည်ကြီးပဲတဲ့ ပြီးတော့ bar တစ်ခုကိုခေါ်သွားတယ်
အဲ့မှာကျတော့ ပုလင်းဖောက်
နှစ်ပင်လိမ်တော့တာပေါ့ အနော်ကတော့သိတယ်မလား
လူလည်ပဲ အမှန်အကန် serve လုပ်ပေးလိုက်တာ
သူတို့ သုံးလေးခွက်မှ ကိုယ်တစ်ခွက်ပဲ
ဟိုတယ်ရောက်တော့ မနက် ၂နာရီခွဲပြီ
မနက်မိုးလင်းရင် စက်ရုံသွားကြည့်ရဦးမှာ
ရောက်တာနဲ့ ထိုးအိပ်လိုက်ရတော့တာပဲ
လူတွေလဲ မခံနိုင်တော့ဘူးလေ.............

တရုတ်သို့တစ်ခေါက် ၃
Peak Tower ပေါ်က ကြည့်ရင် ဟောင်ကောင်ကျွန်းတစ်ခုလုံးနဲ့ ပတ်လည်ကကျွန်းတွေတွေ့ရတယ်
ဟောင်ကောင်က ကျွန်းရယ် တရုတ်နဲ့ထိနေတဲ့အပိုင်းရယ် နှစ်ခုရှိတယ်
အဲ့နှစ်ခုကို ဆက်ထားတာက တံတား မဟုတ်ဘူး ရေအောက်ဥမင်နဲ့ဗျ
တာဝါပေါ်မှာဓါတ်ပုံရိုက် ဟိုကြည့်ဒီကြည့် ခဏနေပြီး ပြန်ဆင်းလာတယ်
တာဝါရဲ့ ဒုတိယထပ်မှာ ဖယောင်းရုပ်တွေ ရှိတယ်
ဘရုစ်လီ၊ဂျက်ကီချမ်း၊ ဂျက်လီ၊ တို့ပုံတွေရှိတယ်
တာဝါ၇ဲ့ဘေးနားမှာတောလမ်းလေးတစ်ခု၇ှိတယ်
ဈေးသည်တွေရှိတယ်လေ..
ဖော်၇ိန်းနာတွေအများကြီးလျှောက်နေကြတာ
ဒေဥထွက်တွေေ၇ာင်းမှာပေါ့
ပထမတော့ တောလမ်းလေးကို လျှောက်ဦးမလို့ပါပဲ
အချိန်မရတာနဲ့ ပြန်လာခဲ့ရတယ်
ဟောင်ကောင်မှာမတည်းဖြစ်ဘူးလေ
ဟိုမှာက ပစ္စည်းအမှန်တွေဈေးသက်သာပေမဲ့
နေစရိတ်ဈေးကြီးတယ် ချန်ကျန်းရဲ့ နှစ်ဆလောက်ကုန်မှာ
အဲ့မှာရှိတဲ့ပါတနာကပြောတယ် ဒီမှာ iphone တစ်လုံး ဒါမှမဟုတ် ipad တစ်ခုဝယ်သွား
ချန်ကျန်းမှာပြန်ရောင်းရင် ယွမ်၁၀၀၀ မြတ်တယ်တဲ့
ဈေးက အဲ့လိုကွာတာ....
ဝယ်ရောင်းတော့မလုပ်ဖြစ်လိုက်ပါဘူးလေ
ချန်ကျန်းကိုပြန်ရောက်တော့ ၇နာရီ ဟိုတယ်ခဏပြန်
ပြန်ထွက် ညစာသွားစား လျှောက်လည် ပြန် အိပ်....
နောက်ရက် ကျင်းတောင်(Qingdao) သွားရဦးမယ်လေ...

တရုတ်သို့တစ်ခေါက် ၂
နောက်နေ့ ဖူကျင်းမှာရှိတဲ့ စက်ရုံကိုသွားကြည့်တယ်
ACSR Cable တွေလုပ်တဲ့စက်ရုံပေါ့
စက်ရုံဧရိယာကတော့ တော်တော်ကျယ်တယ်
မြို့ကနေ ၁နာရီကျော်ကျော်လောက်သွားရတယ်
စက်မှုဇုံက ဝေးတယ်လေ..
ညနေကျတော့ ချန်ကျန်း(Shenzhen) ကို ဘတ်စ်ကားစီးသွားတယ်
အဝေးပြေးကားပုံစံပါပဲ
သုံးနာရီလောက်အကြာမှာ ည ၈နာရီခွဲလောက်ပေါ့ ချန်ကျန်းရောက်တယ်
ဟိုတယ်ရှာ အိတ်တွေထားပြီး ညစာထွက်စားကြတယ်
ဟိုတယ်မှာစားရတာ စားမကောင်းလို့ လမ်းဘေးဆိုင်မှာသွားစားကြတာ
နောက်တော့ မြို့ထဲပတ်ပြီး ပြန်ရောက်တော့အိပ်ပေါ့
မြို့တွေကတော့ တည်ဆောက်ပုံတကယ်ကောင်းပါတယ်
မီးရောင်ထိန်ထိန်လင်းပေါ့လေ
ဟောင်ကောင်နဲ့ နယ်နိမိတ်ကပ်နေတော့ တိုးတက်တာ ပိုမြန်တာလဲပါတာပေါ့
နောက်နေ့ရောက်တော့ ဟောင်ကောင်ကို သွားကြတယ်
ဟိုတယ်မှာ ကားစီးလုံငှားလို့ရတယ်လေ
ချန်ကျန်းနဲ့ဟောင်ကောင်ကျွန်း ကားနဲ့ တစ်နာရီလောက်သွားရတယ်
ဒါပေမဲ့ နယ်ခြားဂိတ်မှာ တစ်နာရီလောက်ကြာတော့
နှစ်နာရီကြာသွားတယ်
ဟောင်ကောင်ရောက်တော့ ပါတနာတစ်ယောက်နဲ့တွေ့
နေ့လည်စာစားပြီးတော့ ဟောင်ကောင်ရဲ့အမြင့်ဆုံးနေရာကိုသွားကြတယ်
Peak Tower တဲ့ ကျွန်းအလယ်က တောင်ပေါ်မှာ ရှိတာ
ရထားနဲ့တက်လဲရတယ် ကျွန်တော်တို့က ကားငှားထားတော့ ကားနဲ့တက်ပေါ့
ကားနဲ့တက်တဲ့လမ်းက တောင်ကြီးတက်တဲ့လမ်းပုံစံမျိုးပဲ
လမ်းကတော့ သိပ်မကျယ်ဘူး လမ်းမှာတွေ့ရတဲ့ကားတွေကတော့
၇န်ကုန်မှာတွေ့နေကျကားတွေနဲ့ လားလားမှမဆိုင်ဘူး
ပြောင်လက်နေတာပဲ
Audi, Mazda, Crown, Lanboganni (စားလုံးပေါင်းမှားရင်လဲမှားမယ်hee) အစရှိသဖြင့်ပေါ့
စုံနေတာပဲ စုံမှာပေါ့ အဲ့မှာက အကုန် Duty free လေ
ကမ်းနားလမ်းလိုနေရာမှာ ကား brand အစုံ showroom တွေတန်းစီလို့.....
ဒီလိုနဲ့ Peak tower ကိုရောက်ကြတယ်ပေါ့ဗျာ...

Friday, December 10, 2010
တရုတ်သို့တစ်ခေါက်
နိုဝင်ဘာလ ၁၀ ရက်နေ့က ပထမဦးဆုံးအကြိမ် ကိုယ့်နိုင်ငံအပြင်ဘက်ထွက်ဖြစ်တယ်
တ၇ုတ်ကိုဆိုပါတော့ အလုပ်ကိစ္စပါပဲ
သွားရင်းလာရင်း တွေ့ခဲ့မြင်ခဲ့တာတွေနဲ့ ခရီးသွားမှတ်တမ်းလေးသဘောရေးမလို့ပါ
ရန်ကုန်ကနေ မနက် ၉ နာရီခွဲလောက်စထွက်တယ်
ကူမင်းကို နေ့လည် ၁၂နာရီလောက်ရောက်တယ် သူတို့အချိန်ဆိုရင် ၁နာရီခွဲပေါ့
သွားရတဲ့လေယျာဉ်က မီးခြစ်ဆံလောက်ပဲရှိတယ်
သေးသေးလေးရယ် မတ်တပ်ရပ်ရင် ခေါင်းမလွတ်ချင်ဘူး အလယ်မိန်းလမ်းမှာပြောတာ
အဲ့ဒီ ကူမင်းကနေမှ ညနေ ၄နာရီခွဲကျရင် ကွမ်ကျိုးကိုထွက်မယ့်လေယျာဉ်ကိုပြောင်းစီးရမှာ
ညနေ လေးနာရီလောက်ကျတော့ လေယျာဉ်စောင့်နေတယ်
စောင့်နေခိုက် လေယျာဉ် delay တဲ့ ၆နာရီမှ ထွက်ရမယ်လို့ပြောလာတယ်
ကွမ်ကျိုးမှာချိတ်ထားတဲ့သူကို ပြန်ပြော လေဆိပ်က ဆိုင်တစ်ဆိုင်မှာထိုင်နေရတယ်
ရန်ကုန်လေဆိပ်နဲ့ကွာတာက boarding pass လုပ်တဲ့နားမှာ ဆိုင်တွေရှိတယ်
ဆိုင်တွေမှာ ကွန်ပြူတာတွေချထားပေးတယ်
အလကားသုံးပဲ ခက်တာက ကွန်နက်ရှင်က မြန်မာနိုင်ငံထက်မြန်ပေမဲ့
ပိတ်ထားတဲ့ဆိုဒ်က မြန်မာနိုင်ငံထက်တောင်များဦးမယ်
ဖေ့ဘွတ်သုံးမရ ပရောက်စီ ကျော်မရ စိတ်ကိုလေရော
ဒီလိုစောင့်ရင်းနဲ့ ညနေ ၆နာရီထိုးတော့ လေယျာဉ်ပေါ်တက်
ကွမ်ကျိုးကိုထွက်လာတယ် ဒီလေယျာဉ်ကတော့ ကြီးသား
ကွမ်ကျိုးကို ၈နာရီလောက်မှရောက်တယ်
လာကြိုတဲ့သူနဲ့တွေ့တော့ သွားကြည့်ရမယ့်စက်ရုံက ဖူကျင်းမှာတဲ့
ကွမ်ကျိုးမှာ အာရှအားကစားပွဲရှိလို့ ဟိုတယ်တွေမရဘူးတဲ့
ဖူကျင်းကိုဒီည သွားမှဖြစ်မယ်လို့ပြောလို့ metro စီသွားကြတယ်
သုံးဆင့်လောက်စီးပြီးမှ ဖူကျင်းရောက်တယ်
နောက်ဆုံးရထားလို့တောင်ပြောတာပဲ
ဖူကျင်းရောက်တော့ ညဆယ့်တစ်နာရီထိုးတော့မယ်
ဖူကျင်းက ဟော်တယ်မှာညစာစား ပြီးတော့ အိပ်ပေါ့ဗျာ....
ဆက်လက်ရေးသားပါဦးမယ်

Monday, March 29, 2010
ထက်သူရ ခရီးသွားနေသည်
ဒီ 2010 ကတော့ ကျွန်တော့အတွက် ခရီးသွားနှစ်ဖြစ်မယ်ထင်တယ်ဗျ။
နှစ်စထဲကသွားလိုက်ရတဲ့ခရီး
အရင်က တစ်လမှ နှစ်ခါလောက်သွားရတာ
ဒီနှစ်ထဲမှာ တစ်ပါတ် နှစ်ခါလောက်သွားနေရတာ
မြန်မာနိုင်ငံလဲ နေရာစုံတော့မယ်။
ပထမဦးဆုံးသွားရတာက နေပြည်တော်ပေါ့လေ
နှစ်လအတွင်း ငါးခေါက်လောက်ရောက်တယ်။
အလုပ်နဲ့ဆိုတော့လဲ ဘယ်မှသိပ်မရောက်ဖြစ်ဘူးဗျ။
ရွှေတိဂုံဘုရား ပုံစံတူ ဥပ္ပါတသန္တိ ဘုရားတော့ရောက်ဖြစ်ပါတယ်။
ဘုရားဆိုပေမဲ့ ပုထိုး လို့ပြောရင်ပိုမှန်မယ်ထင်တယ်.
အတွင်းမှာ လှိုဏ်ဂူပါတာကိုး
နောက်တစ်နေရာကတော့
မန္တလေး ၃ခေါက်လောက်ရောက်တယ်။
မန်းလေး မှာတော့ မဟာမြတ်မုနိဘုရား
နန်းတွင်းနဲ့ မန်းလေးတောင်ပေါ်ရောက်ဖြစ်တယ်ဗျ။
နောက် မန်းလေးကမှ စစ်ကိုင်းတိုင်း မြို့တော် မုံရွာကိုသွားဖြစ်တယ်။
နေ့ဝက်ပဲရောက်တော့ ဘယ်မှမရောက်ဖြစ်လိုက်ဘူး။
ပြီးတော့ရန်ကုန်ပြန်လာတယ်ဗျာ
နောက်နှစ်ရက်လောက်နေတော့
ဧရာဝတီတိုင်း ပုသိမ်မြို့ကိုသွားဖြစ်တယ်။
နောက်သုံးရက်လောက်ကြာတော့ နေပြည်တော်တက်
အဲ့ဒီကမှ တောင်ကြီးတက်တယ်ဗျာ။
တောင်ကြီးအတက်လမ်းက ပြေတော့ပြေတယ်။
ဒါပေမဲ့ ဆိုးလိုက်တဲ့လမ်းဗျာ။
နေ့လည် 11 နာရီလောက်က နေပြည်တော်ကထွက်လာတာ။
ညဘက် 10 နာရီခွဲလောက်မှ တောင်ကြီးရောက်တယ်။
လမ်းကလဲ ဖုန်တွေချည်းပဲ။
ညမှောင်လာတော့ ကားမီးထိုးတာ အရှေ့လမ်းမမြင်ရပဲ
ဖုန်တွေပဲမြင်ရလို့ ကားမီးပိတ်ပြီး မောင်းရတယ်။
အဲ့သလိုကောင်းတာ လမ်းက။
တောင်ကြီးမှာ သုံးရက်လောက်ကြာတယ်။

တောင်ကြီးအပြန်မှာတွေ့ခဲ့တဲ့ပွဲပါ ကထိန်လှည့်သလိုပဲဗျ။
ထူးခြားတာက အကုန်လုံးတူညီဝတ်စုံနဲ့ ရိုးရာအ၀တ်အစားတွေပဲဝတ်ထားကြတာ။
ကောင်းမွန်တဲ့ ဓလေ့လေးပေါ့လေ။
အဲ တောင်ကြီးမှာ ဒုတိယရက်ရောက်တော့
အလုပ်သိပ်မရှိတာနဲ့ အင်းလေးသွားဖြစ်တယ်ဗျ။
ရွှေညောင်နဲ့ ညောင်ရွှေကြားမှာ မြေပြန့်မှာ သွားနေရသလိုပဲ
ငါးမွေးတဲ့ကန်တွေလဲရှိတယ်
ငါးမွေးတဲ့ကန်တွေအပေါ်မှာ ငါးကင်ဆိုင်လေးတွေမှ တန်းစီနေတာပဲ။
လတ်လတ်ဆတ်ဆတ် ရတယ်ပေါ့လေ
စိတ်ကူးလေးတွေ ကောင်းသားပဲဗျ။
တောင်ကြီးက ကိစ္စလေးတွေပြီးတော့
နေပြည်တော်ပြန် အဲ့ကနေမှ
တောင်ညို-တောင်တွင်းလမ်းအတိုင်း မကွေးကိုသွားဖြစ်တယ်။
လမ်းကတော့ သိပ်မဆိုးလှပါဘူး
ဒါပေမဲ့ ရိုးမထဲဖြတ်ဖောက်ထားတာဆိုတော့
လမ်းတစ်ခုလုံးမှာ ကိုယ့်ကားတစ်စီးထဲရှိသလားမှတ်ရတယ်။
ဒမြသာထွက်တိုက်လို့ကတော့ အခုလိုစာတောင်ရေးနိုင်တော့မှာမဟုတ်ဘူး။
မကွေးက အလုပ်ပြီးတော့မှ ရန်ကုန်-ပြည်-မန်းလေး ကားလမ်းအတိုင်းပြန်ခဲ့ပါတယ်။
လမ်းမှာတော့ ပြည်ကိုဝင်တယ်ပေါ့လေ။
နှစ်လအတွင်းမှာ မြန်မာနိုင်ငံက တိုင်းမြို့တော်တွေ အကုန်နီးပါးလောက် ရောက်ဖြစ်ခဲ့ပါတယ်
တနင်္သာရီတိုင်းပဲမရောက်ဖြစ်တာ။
သင်္ကြန်နားနီးလို့ ခရီးထွက်တာ နားထားပါတယ်
သင်္ကြန်ပြီးရင်တော့ ရှမ်းမြောက် မူဆယ် ဘက်တက်ပြီး
ကြယ်ခေါင် ရွှေလီ ကူမင်း အထိသွားဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျာ။
ပြန်လာရင် ထပ်ရေးပါဦးမယ်။
ဓါတ်ပုံတွေ ထပ်တင်ဖို့ရှိပါသေးတယ်။
ကွန်နက်ရှင်မကောင်းသေးလို့ပါ။
အခုတော့ဒီလောက်ပါပဲ
ကျေးဇူးတင်ပါတယ်။

Monday, December 28, 2009
ကျိုက်ထီးရိုးတစ်ခေါက် ၂
တောင်ပေါ်မှာမိုးလေကင်းတုန်းဓါတ်ပုံတွေရိုက်ကြတယ်ဗျ
သွားတဲ့သူများပေမဲ့ နေရာတွေကွဲကုန်တော့
အကုန်စုပြီးတော့မရိုက်ဖြစ်ကြဘူး
ဒီလိုနဲ့ တောင်ပေါ်မှာ နေ့ဝက်လောက်ကဲပြီးတော့(အဲလေ) ဘုရားဖူးပြီးတော့
ပြန်ဆင်းလာကြတယ်
အဲ့မှာ ကိုရွှေမိုး စပါလေရော
ကျွန်တော်တို့အဆင်းကိုများစောင့်နေသလားမှတ်ရတယ်
ရွာလိုက်တဲ့မိုး
တောင်အောက်အရောက် အကုန်ကြွက်စုတ်ပဲ
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုကိုဖြစ်တာ
အဟတ် အဟတ်
တောင်အောက်ရောက်တော့ မိုးအတိတ် ကွက်တိပဲ
အဲ့လာနဲ့ အ၀တ်အစားတွေလဲ အပြန်လက်ဆောင်တွေဝယ်
ပြီးတော့ အကုန်စုပြီး ကားရှေ့မှာဓါတ်ပုံရိုက်ကြတယ်ဗျ
ပြီးတော့လဲ ရန်ကုန်ပြန်ကြတယ်ပေါ့လေ
အမှတ်ရစရာ စိတ်ခံစားမှုများစွာနဲ့ပေါ့လေ....................
တတိယမြောက်ကထိန်အကြောင်းလဲ ရေးပေးပါဦးမယ်
ဆက်လက်အားပေးကြပါလို့..........
ထက်သူရ
ကျိုက်ထီးရိုးတစ်ခေါက် ၁
www.planet.com.mm ကမောင်နှမများနဲ့ကျိုက်ထိုမှာကထိန်ခင်းရင်း
ကျိုက်ထီးရိုးပါတစ်ခါတည်းဆက်တက်ဖြစ်သွားခဲ့ပါတယ်
အချိန်က အောက်တိုဘာလ သီတင်းကျွတ်လပြည့်နေ့ကပါ
တောင်ပေါ်အတက်ရွာလိုက်တဲ့မိုးဆိုတာ
ပါသမျှအားလုံးကြွက်စုတ်တွေကိုဖြစ်ရော
တောင်ပေါ်ရောက်တဲ့အထိ မိုးကမတိတ်နိုင်ဘူး
အခန်းကြိုစီစဉ်ထားပေမဲ့
လမ်းကြောင်းရှိလို့ဆိုလား
အခန်းကမရဘူးဗျ
စီစဉ်ပေးတဲ့ သယ်ရင်းဆို တစ်ကိုယ်လုံးအေးနေရတဲ့ကြားထဲ
မျက်နှာတစ်ခုထဲကွက် ပူနေတယ်ဆိုလား
အဲ့ဒါနဲ့ တည်းဖို့လုံးပန်းလိုက်ရတယ်
ညဘက်မှထွက်တာပေါ့
မိုးကအဲ့အချိန်တိတ်ပီဗျ
အဲ ဒါပေမဲ့ ကျွန်တော်တို့များစောင့်နေလားသိပါဘူး
ကျွန်တော်တို့အဆောင်ထဲမှနေတုန်းကတိတ်နေတဲ့မိုး
အပြင်ထွက်လို့ ရင်ပြင်တော်ပေါ်ရောက်ရင် သည်းပြီ
အဲ့လို ကံကောင်းတာ
အဟတ်
လပြည့်နေ့ ဆီမီးလည်း မထွန်းလိုက်ရဘူးဆိုပါတော့
နောက်နေ့မနက်ကျတော့ မိုးကရွာတော့ဘူးဗျ
အဲ့ဒါနဲ့ အေးအေးဆေးဆေးဖူးရတာပေါ့လေ
သို့ပေမဲ့ မြူတွေကတော့နဲဖူးပဲ
အဟတ်
ကျွန်တော်ကိုယ်တိုင်လက်စွမ်းပြလာတာပါ
သိပ်တော့မထင်ရှားဘူးဗျ
မြူတွေပိတ်နေတာကိုးးး
နောက်မှပဲ ဆက်ရေးတော့မယ်ဗျာ...
Subscribe to:
Posts (Atom)