ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, March 26, 2010

ဂရိ နတ်ဘုရားများ




ဒါကတော့ Zeus နတ်မင်းကြီးပေါ့။ Jupiter လို့လဲခေါ်ကြတယ်။
နတ်ဘုရားတွေထဲမှာ တန်ခိုးအကြီးဆုံးပဲ
အမိန့်ပေးနိုင်တယ်။မကျေနပ်ရင် မိုးကြိုးပစ်နိုင်တယ်။
ကြောက်ချာကြီး။

ဒါကတော့ Hera လို့ခေါ်တဲ့ Zeus မိန်းမ Juno ပါ။
သူကတော့ လက်ထပ်ခြင်၊ကလေးတွေနဲ့ အိမ်ရဲ့ နတ်ဘုရားမ ပါ။


သူကတော့ Poseidon ပင်လယ်ရဲ့နတ်ဘုရားပေါ့။
Zeus နဲ့ ညီအကို တော်တယ်။Neptune လို့လဲခေါ်တယ်။


သူကတော့ Hades မြေအောက်လောကရဲ့နတ်ဘုရားပေါ့၊ Pluto လို့လဲသိကြတယ်။
Zeus ရဲ့ ညီအကိုတော် တစ်ယောက်ပါပဲ။


သူက God of War.Game မဟုတ်ဘူးနော်။ Ares ဒါမှမဟုတ် Mars လို့ ခေါ်တယ်။
Zeus ရဲ့သားပါ။Zeus ကတော့ သူ့သားတွေထဲမှာ ကြည့်မရဆုံးလို့ပြောတယ်တဲ့၊
ဟုတ်မဟုတ်တော့သိဘူး၊


သူကတော့ Hermes လို့ခေါ်တဲ့ Mercury။ သူကတော့ နတ်ဘုရားတွေရဲ့ စာပို့လုလင်ဆိုပါတော့၊
Zeus ရဲ့သားပါပဲ၊သူ့ရဲ့လျှင်မြန်မှုကြောင့် သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပို့ပေးနိုင်တယ်တဲ့။



သူကတော့ Zeus ရဲ့သားတစ်ယောက်ဖြစ်တဲ့ Apollo ပါ။သူက နေ၊အလင်းနဲ့ ဂီတ ရဲ့နတ်ဘုရားပါ။


သူကတော့ Artemis လို့ခေါ်တဲ့ Diana. အမဲလိုက်ခြင်းရဲ့ နတ်ဘုရားမ ပေါ့လေ။


သူက Athena လို့ခေါ်တဲ့ ဉာဏ်ပညာရဲ့ နတ်ဘုရားမ ပါ၊Minerva လို့လဲသိကြပါတယ်။


သူကတော့ Hestia သို့မဟုတ် Vesta ပါ။ သူက Hera ရဲ့ ညီမဖြစ်ပြီး ကျန်းမာခြင်းရဲ့ နတ်ဘုရားမ ဖြစ်ပါတယ်။



သူကတော့ Demeter လို့ခေါ်တဲ့ Ceres ဖြစ်ပါတယ်။ သူကတော့ Hera ရဲ့ညီမတစ်ဦးပဲဖြစ်ပြီး ကောက်ရိတ်သိမ်းခြင်းရဲ့ နတ်ဘုရားမပဲဖြစ်ပါတယ်။


သူကတော့ အများသိကြတဲ့ Venus ပါ။ဂရိနာမည်ကတော့ Aphrodite လို့ခေါ်တယ်။
ထုံးစံအတိုင်း ၀တ်လစ်စလစ်ပဲ။ အချစ်နဲ့ အလှအပ ရဲ့ နတ်သမီးပါ။


သူကတော့ Zeus ရဲ့သား Aphordite ရဲ့ ခင်ပွန်း Hephaestus ပါ။ သူ့ကို Vulcan လို့လဲခေါ်တယ်။
သူကတော့ မီးနဲ့ ပန်းပဲဖို ရဲ့ နတ်ဘုရားပါ

ဒါကတော့ ဟာကြူလီ Hercules ပါ။ဂရိနာမည်ကတော့ Heracles လို့ခေါ်တယ်တဲ့။
Zeus ရဲ့သားတစ်ယောက်ပါပဲ။သူက လူတစ်ပိုင်း နတ်တစ်ပိုင်းပေါ့
အရမ်းသန်စွမ်းပါတယ်။


သူကတော့ မြှားနတ်မောင်လို့ အများသိကြတဲ့ Cupid ခေါ် Eros ပါ။ Venus နဲ့ Hephaestus တို့ရဲ့သားပါ။
အချစ်ရဲ့ နတ်သားပေါ့လေ။


သူကတော့ Orpheus ပါ။Apollo ရဲ့သားပါ။ဂရိတွေထဲမှာ အကျော်ကြားဆုံး ဂီတသမား တစ်ယောက်ပေါ့။


သူကတော့ ပထမဆုံး လူအမျိုးသမီးဖြစ်တဲ့ Pandora. Pandora Box ဆိုတာတော့ကြားဖူးကြမှာပါ။
သူ့ကို မြေမှုန့်ကနေဖန်တီးဖို့ Hephaestus ကို Zeus ကနေ စေခိုင်းခဲ့တာလို့သိရပါတယ်။


ဒါကတော့နတ်မြင်းပျံ Pegasus လို့ခေါ်တယ်။


ဒါကတော့ခေါင်းသုံးလုံးနဲ့ Cerberus ပါ။မြေအောက်ကမ္ဘာရဲ့ တံခါးမှူးပေါ့လေ။


သူကတော့ နွားခေါင်းနဲ့ လူကိုယ်ရှိတဲ့ Minotaur ပါ။ ၀င်္ကပါ တွေရဲ့ အလယ်မှာနေထိုင်တတ်ကြတယ်လို့ သိရပါတယ်။



ဒါကတော့ The Muses လို့ခေါ်တဲ့ Zeus ရဲ့ သမီး ကိုးယောက်ပါ။
အလွန်လှပတဲ့ ဂီတတွေကို Apollo နဲ့အတူ ဖန်တီးနိုင်ကြပါတယ်။


ဘာရယ်တော့မဟုတ်ပါဘူး
ရုံးမှာ အားနေတာနဲ့ ရှာဖွေကြည့်ထားတာတွေကို
သိချင်ကြမယ်ထင်လို့ ဖော်ပြပေးတာပါ။

ထက်သူရ