ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ပလန်းနက်မောင်နှမများ၏တတိယမြောက်ကထိန်. Show all posts
Showing posts with label ပလန်းနက်မောင်နှမများ၏တတိယမြောက်ကထိန်. Show all posts

Tuesday, December 29, 2009

ပလန်းနက်မောင်နှမများ၏တတိယမြောက်ကထိန် ၁








ပလန်းနက်မောင်နှမများ ( www.planet.com.mm)၏ စုပေါင်း အလှူဖြစ်ပါတယ်
နှစ်စဉ်ကျင်းပလာတာ တတိယအကြိမ်တိုင်ခဲ့ပါပြီ
အလှူငွေတွေကို အွန်လိုင်းသူငယ်ချင်းများဆီမှကောက်ခံခဲ့တာပါ
တချို့တွေဆိုရင် တခါမှမမြင်ဘူးမသိဘူးတဲ့သူတွေဆီကပါ
အလှူခံလို့ရခဲ့ပါတယ်
ဒီတစ်ခေါက်မှာ စုစုပေါင်း ၈၂ သိန်းကျော်ကောက်ခံရရှိခဲ့ပါတယ်
ငွေသားသီးသန့် (၅၄၆၀၀၀၀ တိတိ) လှူဒါန်းနိုင်ခဲ့ပါတယ်
ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးစုံအောင်
လှူမယ်လို့ စဉ်းစားထားပါတယ်
ပထမအကြိမ်မှာ စစ်ကိုင်းတိုင်း
ဒုတိယအကြိမ် မန္တလေးတိုင်း
တတိယအကြိမ် မွန်ပြည်နယ်
တို့မှာ ပရဟိတ မိဘမဲ့ကလေးများ ရှိတဲ့ ကျောင်းတိုက်တွေမှာ
လှူဒါန်းခဲ့ပါတယ်
နောက်နှစ်တွေများမှာလဲ လှူဒါန်းဖို့ရှိနေတဲ့အတွက်
လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ်
ကျောင်းနေရာသိလို့ အသိပေးချင်ရင်ပဲဖြစ်ဖြစ်
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

www.planetfamily.ning.com မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်


ထက်သူရ (khthura@gmail.com)