ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Monday, March 29, 2010

ရည်းစားစာ

ရည်းစားစာ

မဆုံတွေ့ခင် အချိန်တွေမှာ
တည်ငြိမ်စွာနဲ့ နေခဲ့တယ်။

မင်းနဲ့တွေ့ရ တစ်ခဏမှာ
တည်ငြိမ်မှုတွေ ပျောက်ခဲ့တယ်။

ဆောက်တည်မရ ဖြစ်ခဲ့ရလို့
ကိုယ့်ကိုကိုယ်လဲ အံ့သြတယ်။

ရင်မှာမင်းသာ စိုးမိုးတာကြောင့်
အမြဲတမ်းပဲ လွမ်းမိတယ်။

မင်းအပြုံးတွေ မြင်ရစဉ်မှာ
အားလုံးကိုလဲ မေ့သွားတယ်။

ဖွင့်ပြောရမှာ မ၀ံ့တာကြောင့်
ကဗျာတွေပဲ ရေးမိတယ်။

ကဗျာရေးကာ တွေးမိတာက
မင်းအကြောင်းပဲ ဖြစ်နေတယ်။

စာပေးလိုက်ရင် ကောင်းမယ်ထင်လို့
စာလေးတစ်စောင် ရေးမိတယ်။

စာရွက်ထဲမှာ ရေးမိတာက
မင်းကိုငါလေ သိပ်ချစ်တယ်။

ပထမဦးဆုံးရေးဖြစ်တဲ့ကဗျာပါ။
သိပ်မရေးတတ်တော့ လေးလုံးစပ် ပုံစံနဲ့ပဲရေးထားတာ
ဖတ်လို့ အဆင်ပြေမယ်ထင်ပါတယ်။

ထက်သူရ

2 comments:

kka said...

ရေးပြီးရင်လေ ပေးလိုက်ပါတော့
သူ့ခမျာမှာ မျှော်ရော့မယ်။
မျှော်ရော့မယ်.. မျှော်ရော့မယ်.. :D

kh said...

ပေးလိုက်တာကြာပီဟ
အခြေအနေကတော့ ကောင်းဝူး
ဟီးဟီး

ထက်သူရ