ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Monday, February 1, 2010

သူငယ်ချင်းများ ၂

သူငယ်ချင်းနောက်တစ်ယောက်
နာမည်ကတော့ ကိုလွင်
သူနဲ့ကျွန်တော်နဲ့က အဖွဲ့ထဲမှာ အများဆုံးတွဲဖြစ်တယ်
အိမ်ချင်းကလဲနီးတာကိုး
ကားနှစ်ဆင့်စီးရတာ ဟီးဟီး
သူနဲ့ကျွန်တော်နဲ့က တော်တော်လေး အတွဲညီတယ်ဗျ
ငယ်ဘ၀အဖြစ်အပျက်တင်မက
ကြီးလာတဲ့အခုအရွယ်အထိ အဖြစ်အပျက်တွေက
တူနေတတ်ကြတာ
အိမ်ကိစ္စ တွေမှာလဲတူကြတယ်
မိသားစုရေးရာလဲ နဲနဲဆင်တယ်
ကုန်ကုန်ပြောရရင်
ရည်းစားရတာတောင် သိပ်မကွာဘူး အချိန်ပြောပါတယ်
ပြီးတော့ အဲ့ရည်းစားတွေနဲ့ပြတ်တော့လဲ သိပ်မကွာဘူး
ဟီးဟီးးးးး အဲ့လို

သူနဲ့ပါတ်သက်ရင်တော့ ပြောစရာရှိတာက
သူကကျောင်းမှာ ကျွန်တော်တို့နဲ့ခင်တဲ့
သူနဲ့ တစ်မြို့နယ်ထဲ သူငယ်ချင်းကောင်မလေးတစ်ယောက်ကို
ကြိုက်တယ်ဗျ
ခက်တာက ဟိုက သူငယ်ချင်းကမတက်ချင်ဘူး
အဲ့တော့ ဒီကောင်ခံစားရရော
ဟိုကောင်မလေးကလဲဘာလို့မကြိုက်လဲစဉ်းစားမရဘူးဗျ
ဒီကောင်က ကျွန်တော်တို့ထဲမှာ အဖြောင့်ဆုံးဗျ
ကျောရိုးမဟုတ်ဘူးနော်
အဟတ်
ကောလိပ်ဂျင်နေ၀င်းဒီဇိုင်းနဲ့လေ
အဲ့လောက်ဆိုမြင်လောက်ပါပြီ
အဟတ် အဟတ်
အခုတော့ ကောင်မလေးက နိုင်ဂျံဂါး အဲလေ နိုင်ငံခြားမှာ
သူကတော့မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်နေပါတယ်
တွေ့တော့တွေ့ဖြစ်တယ်ပေါ့ဗျာ
သူငယ်ချင်းတွေထဲမှာ အများဆုံးတွေ့ဖြစ်တဲ့သယ်ရင်းပေါ့

သယ်ရင်းကောလိပ်ဂျင် အတွက်

ဟီးဟီး

ထက်သူရ

2 comments:

chocothazin said...

ကောင်မလေး တစ်ယောက်တည်းကို ၂ ယောက်ကြိုက်မိတာများလား။ တူတယ်ဆိုလို့ ပါ။

kh said...

ဟုတ်ပါဘူးဟ
တူတော့တူတယ်
ဒါပေမဲ့မတူဘူး
ပုံစံချင်း အချိန်ချင်း နဲနဲဆင်တယ်
လူတော့မတူဘူးလေ
အဲ့ဒါ