ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Showing posts with label ဖြစ်ချင်တာတွေ. Show all posts
Showing posts with label ဖြစ်ချင်တာတွေ. Show all posts

Wednesday, August 25, 2010

အိမ်

လူ၇ယ်လို့ဖြစ်လာပြီဆို၇င်
စားဝတ်နေေ၇းအတွက်ကြိုးစားကြ၇တာပဲလေ
ဒီထဲကမှ နေထိုင်ဖို့အတွက် နားခို၇ာ အိမ်လေးတစ်လုံးတော့
လူတိုင်းနီးပါးလိုချင်ကြတာပဲမဟုတ်လား
ကျွန်တော်လဲ အခုလောလောဆယ်
အိမ်တစ်လုံးလိုချင်နေတယ်
ဖြစ်ချင်တာတော့ကြာပါပြီ
ဒါပေမဲ့ အခုတော့ တကယ်ကို လိုချင်နေမိတယ်ဗျာ
ဒီတော့ မေးစ၇ာ၇ှိလာတယ်
အခု ကျွန်တော်ဘယ်မှာနေနေသလဲလို့
ဟုတ်ကဲ့ ကျွန်တော်အခုလဲ အိမ်တစ်လုံးမှာပဲနေနေတာပါ
ငှားထားတဲ့အိမ်လား????
မဟုတ်ပါဘူး အပိုင်ပါ
ဒါပေမဲ့ ဘိုးဘွားပိုင်ဆိုပါတော့
ဒီအိမ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာရပိုင်ခွင့်ရှိပါတယ်
ပြောရရင် တစ်ဝက်ကို ကျွန်တော်ပိုင်တယ်
ဒါပေမဲ့ ဒါကို ကျွန်တော် မမက်ဘူး
ကျွန်တော်လိုချင်တာက ကိုယ်ပိုင်အစွမ်းနဲ့ ရထားတဲ့ အိမ်
ကျွန်တော်ကိုယ်တိုင် ရှာဖွေလို့ရတဲ့ အိမ်
ဖြစ်လာအောင်တော့လုပ်နေတယ်
အခက်အခဲတော့ရှိတာပေါ့ဗျာ
ဘယ်လောက်ကြာဦးမလဲဆိုတာလဲ မသိသေးဘူးဗျ
တစ်နေ့တော့ဖြစ်လာမှာပါ
အကြာကြီးအချိန်ဆွဲထားမှာလဲမဟုတ်ပါဘူး
ကျွန်တော်တောင့်တတာက
ကိုယ်ပိုင်တဲ့အိမ်လေးမှာ ကိုယ်ပိုင်မိသားစုလေးနဲ့
နွေးထွေးတဲ့ဘ၀လေးတစ်ခုကို တည်ဆောက်ချင်တာပါပဲ...

ကျွန်တော်စိတ်ထဲရှိတာကို အချိန်ပေးဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်....


ထက်သူရ