ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, January 7, 2011

တရုတ်သို့တစ်ခေါက် ၂

နောက်နေ့ ဖူကျင်းမှာရှိတဲ့ စက်ရုံကိုသွားကြည့်တယ်
ACSR Cable တွေလုပ်တဲ့စက်ရုံပေါ့
စက်ရုံဧရိယာကတော့ တော်တော်ကျယ်တယ်
မြို့ကနေ ၁နာရီကျော်ကျော်လောက်သွားရတယ်
စက်မှုဇုံက ဝေးတယ်လေ..
ညနေကျတော့ ချန်ကျန်း(Shenzhen) ကို ဘတ်စ်ကားစီးသွားတယ်
အဝေးပြေးကားပုံစံပါပဲ
သုံးနာရီလောက်အကြာမှာ ည ၈နာရီခွဲလောက်ပေါ့ ချန်ကျန်းရောက်တယ်
ဟိုတယ်ရှာ အိတ်တွေထားပြီး ညစာထွက်စားကြတယ်
ဟိုတယ်မှာစားရတာ စားမကောင်းလို့ လမ်းဘေးဆိုင်မှာသွားစားကြတာ
နောက်တော့ မြို့ထဲပတ်ပြီး ပြန်ရောက်တော့အိပ်ပေါ့
မြို့တွေကတော့ တည်ဆောက်ပုံတကယ်ကောင်းပါတယ်
မီးရောင်ထိန်ထိန်လင်းပေါ့လေ
ဟောင်ကောင်နဲ့ နယ်နိမိတ်ကပ်နေတော့ တိုးတက်တာ ပိုမြန်တာလဲပါတာပေါ့

နောက်နေ့ရောက်တော့ ဟောင်ကောင်ကို သွားကြတယ်
ဟိုတယ်မှာ ကားစီးလုံငှားလို့ရတယ်လေ
ချန်ကျန်းနဲ့ဟောင်ကောင်ကျွန်း ကားနဲ့ တစ်နာရီလောက်သွားရတယ်
ဒါပေမဲ့ နယ်ခြားဂိတ်မှာ တစ်နာရီလောက်ကြာတော့
နှစ်နာရီကြာသွားတယ်
ဟောင်ကောင်ရောက်တော့ ပါတနာတစ်ယောက်နဲ့တွေ့
နေ့လည်စာစားပြီးတော့ ဟောင်ကောင်ရဲ့အမြင့်ဆုံးနေရာကိုသွားကြတယ်
Peak Tower တဲ့ ကျွန်းအလယ်က တောင်ပေါ်မှာ ရှိတာ
ရထားနဲ့တက်လဲရတယ် ကျွန်တော်တို့က ကားငှားထားတော့ ကားနဲ့တက်ပေါ့
ကားနဲ့တက်တဲ့လမ်းက တောင်ကြီးတက်တဲ့လမ်းပုံစံမျိုးပဲ
လမ်းကတော့ သိပ်မကျယ်ဘူး လမ်းမှာတွေ့ရတဲ့ကားတွေကတော့
၇န်ကုန်မှာတွေ့နေကျကားတွေနဲ့ လားလားမှမဆိုင်ဘူး
ပြောင်လက်နေတာပဲ
Audi, Mazda, Crown, Lanboganni (စားလုံးပေါင်းမှားရင်လဲမှားမယ်hee) အစရှိသဖြင့်ပေါ့
စုံနေတာပဲ စုံမှာပေါ့ အဲ့မှာက အကုန် Duty free လေ
ကမ်းနားလမ်းလိုနေရာမှာ ကား brand အစုံ showroom တွေတန်းစီလို့.....
ဒီလိုနဲ့ Peak tower ကိုရောက်ကြတယ်ပေါ့ဗျာ...

ထက်သူရ

No comments: