ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, January 7, 2011

တရုတ်သို့တစ်ခေါက် ၎

နောက်နေ့ နေ့လည်မှာချန်ကျန်းလေဆိပ်ကနေ ကျင်းတောင်(Qingdao)ကိုထွက်ခဲ့တယ်
လေဆိပ်မှာ နေ့လည်စာစားပေါ့လေ နေ့လည်စာကတော့ KFCကြက်ကျော် နဲ့ အအေးပေါ့
တစ်ခုမ၀တော့ နှစ်ခုပေါ့လေ...:hee::hee::hee:
တရုတ်မှာက KFC ဆိုင်တွေက နေရာတကာမှာရှိတယ် တစ်နိုင်ငံလုံးလိုလိုပါပဲ
တရုတ်တောင်ပိုင်းကနေ မြောက်ပိုင်းနီးပါး ဘေကျင်းနားဆိုတော့ တော်တော်ကြာသွားရတယ်
ကျင်းတောင်ရောက်တော့ ညနေ ၆နာရီ
တော်တော်မှောင်နေပီပဲ
ကျင်းတောင်က တာဝါစက်ရုံကလူတွေလာကြိုတယ်
သူတို့နဲ့ပဲ ညစာစားဖြစ်တယ်လေ...
တရုတ်တွေနဲ့ညစာစားရတာ တယ်မကောင်းဘူး
ဘီယာကို ကမ်းပေး လုပ်တယ်ဗျာ
တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ်
ဗိုက်ကို ကယ်ရော
ကျင်းတောင်ဘီယာတဲ့ မြန်မာဘီယာလိုအရသာပဲ တစ်ခြားတရုတ်ဘီယာတွေထက်ကောင်းတယ်
နာမည်ကြီးပဲတဲ့ ပြီးတော့ bar တစ်ခုကိုခေါ်သွားတယ်
အဲ့မှာကျတော့ ပုလင်းဖောက်
နှစ်ပင်လိမ်တော့တာပေါ့ အနော်ကတော့သိတယ်မလား
လူလည်ပဲ အမှန်အကန် serve လုပ်ပေးလိုက်တာ
သူတို့ သုံးလေးခွက်မှ ကိုယ်တစ်ခွက်ပဲ
ဟိုတယ်ရောက်တော့ မနက် ၂နာရီခွဲပြီ
မနက်မိုးလင်းရင် စက်ရုံသွားကြည့်ရဦးမှာ
ရောက်တာနဲ့ ထိုးအိပ်လိုက်ရတော့တာပဲ
လူတွေလဲ မခံနိုင်တော့ဘူးလေ.............


ထက်သူရ

No comments: