ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, January 7, 2011

တရုတ်သို့တစ်ခေါက် ၃

Peak Tower ပေါ်က ကြည့်ရင် ဟောင်ကောင်ကျွန်းတစ်ခုလုံးနဲ့ ပတ်လည်ကကျွန်းတွေတွေ့ရတယ်
ဟောင်ကောင်က ကျွန်းရယ် တရုတ်နဲ့ထိနေတဲ့အပိုင်းရယ် နှစ်ခုရှိတယ်
အဲ့နှစ်ခုကို ဆက်ထားတာက တံတား မဟုတ်ဘူး ရေအောက်ဥမင်နဲ့ဗျ
တာဝါပေါ်မှာဓါတ်ပုံရိုက် ဟိုကြည့်ဒီကြည့် ခဏနေပြီး ပြန်ဆင်းလာတယ်
တာဝါရဲ့ ဒုတိယထပ်မှာ ဖယောင်းရုပ်တွေ ရှိတယ်
ဘရုစ်လီ၊ဂျက်ကီချမ်း၊ ဂျက်လီ၊ တို့ပုံတွေရှိတယ်
တာဝါ၇ဲ့ဘေးနားမှာတောလမ်းလေးတစ်ခု၇ှိတယ်
ဈေးသည်တွေရှိတယ်လေ..
ဖော်၇ိန်းနာတွေအများကြီးလျှောက်နေကြတာ
ဒေဥထွက်တွေေ၇ာင်းမှာပေါ့
ပထမတော့ တောလမ်းလေးကို လျှောက်ဦးမလို့ပါပဲ
အချိန်မရတာနဲ့ ပြန်လာခဲ့ရတယ်
ဟောင်ကောင်မှာမတည်းဖြစ်ဘူးလေ
ဟိုမှာက ပစ္စည်းအမှန်တွေဈေးသက်သာပေမဲ့
နေစရိတ်ဈေးကြီးတယ် ချန်ကျန်းရဲ့ နှစ်ဆလောက်ကုန်မှာ
အဲ့မှာရှိတဲ့ပါတနာကပြောတယ် ဒီမှာ iphone တစ်လုံး ဒါမှမဟုတ် ipad တစ်ခုဝယ်သွား
ချန်ကျန်းမှာပြန်ရောင်းရင် ယွမ်၁၀၀၀ မြတ်တယ်တဲ့
ဈေးက အဲ့လိုကွာတာ....
ဝယ်ရောင်းတော့မလုပ်ဖြစ်လိုက်ပါဘူးလေ
ချန်ကျန်းကိုပြန်ရောက်တော့ ၇နာရီ ဟိုတယ်ခဏပြန်
ပြန်ထွက် ညစာသွားစား လျှောက်လည် ပြန် အိပ်....
နောက်ရက် ကျင်းတောင်(Qingdao) သွားရဦးမယ်လေ...

ထက်သူရ

1 comment:

White Dream said...

ရွှေပြည်ကြီးမှာလဲ အကောက်အခွန်က သိပ်မများပါဘူးကွယ်။အဲ....အကောက်အခွန်ဆောင်ပြီးကြောင်း လက်မှတ်က ဈေးနဲနဲ ကြီးသပေါ့။
ကားနဲတော့ လေထုညစ်ညမ်းမှု သက်သာတာပေါ့ကွယ်။ နိုင်ငံတော် အစိုးရရဲ့စေတနာကို မြင်အောင်ကြည့်မှပေါ့။