ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, February 11, 2011

တရုတ်သို့တစ်ခေါက် ၇

မနက်အစောကြီး ဘေကျင်းဘူတာကနေ ရှီကျားရွှမ် ကိုထွက်ကြတယ်
မနက် ၅နာရီလောက်ပေါ့
ရထားက ၆နာရီကျော်လောက်မှာထွက်တယ်
ရှီကျားရွှမ်ကို မနက် ၉နာရီကျော်လောက်မှာရောက်တယ်
လာကြိုမယ့်သူတွေက မတွေ့တာလား လွဲသွားတာလားမသိဘူး
ဒါနဲ့ ဟော်တယ်တစ်ခုကိုချိတ်ပြီး သွားလိုက်ရတယ်
ဟော်တယ်ရောက်လို့ ဖုန်းဆက်ကြည့်မှ ဘူတာလွဲသွားမှန်းသိတာ
နေ့လည်လောက်ကျတော့ လာခေါ်ကြတယ်လေ
သူတို့ရုံးခန်းကိုလိုက်သွားပြီး အလုပ်ကိစ္စတွေပြောကြတယ်
ရှီကျားရွှမ်က ကျွန်တော်ရောက်တဲ့မြို့တွေထဲမှာ တည်ဆောက်ပုံအညံ့ဆုံးပဲ
ကောင်းမွန်တဲ့အဆောက်အဦးနဲတယ်
အစားအသောက်လဲ သိပ်မကြိုက်လှဘူး...
အဲ့မှာက ဘာပဲချက်ချက် ရှမ်းငရုတ်ကောင်းထည့်ချက်တယ်လေ
မစပ်ပေမဲ့ လည်ချောင်းထဲမှာ ပူပြီး စားမရဘူး
ဗိုက်ဆာတာတောင် ဘယ်နားရောက်မှန်းမသိဘူး
ရှိကျားရွှမ်မှာတစ်ညအိပ်ပြီး မနက် ဘေကျင်းကိုပြန်လာခဲ့တယ်
ဘေကျင်းမှာ ပါတနာနောက်တစ်ယောက်နဲ့တွေ့ပြီး
လေဆိပ်နားက ဟိုတယ်တစ်ခုမှာတည်းတယ်....
မနက်ကျ၇င်ကူမင်းကိုပြန်မှာလေ.........

ထက်သူရ

No comments: