ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Thursday, January 13, 2011

ကျော်ကျော်နှင့်သူ့ချစ်သူများ (၁)

သူ့နာမည်က ကျော်နိုင်စိုး
ကျွန်တော်တို့လမ်းထဲက လူငယ်တစ်ယောက်ပါပဲ
လူကတော့ လူအေး တစ်ခါတစ်လေတော့ ဆိုးတတ်တယ်
ဘယ်လို ဝေဖန်ရမှန်းမသိတဲ့ လူတစ်ယောက်ပေါ့
သူက ကျွန်တော့ကို တိုင်ပင်တတ်တယ်
အကြောင်းကိစ္စတော်တော်များများပေါ့လေ............

သူကလည်းလူငယ်တစ်ယောက်ဖြစ်နေတော့ သူ့မှာချစ်သူရှိတယ်
သူ့ချစ်သူတွေအကြောင်းရေးပြချင်လို့ပါ
တစ်နေ့သူကျွန်တော့်ဆီရောက်လာတဲ့အခါမှာပြောဖြစ်တာလေးတွေပါ

-ကျော်ကျော် အခြေအနေဘယ်လိုလဲကွ
-ဘာကိုမေးတာလဲ အစ်ကိုရ
-အကုန်ပေါ့ကွာ
-အဆင်ပြေပါတယ် ဘာမှထူးထူးခြားခြားမရှိပါဘူး
-ကောင်းပါတယ်ကွာ ဒါနဲ့ ဘယ်တော့အိမ်ထောင်ပြုမှာတုန်း
-အိမ်ထောင်လား
လိုပါသေးတယ်ဗျာ နောက်နှစ်နှစ်လောက်ပေါ့
-အခုကောင်မလေးနဲ့အဆင်ပြေတယ်ပေါ့
-ပြေပါတယ်
ဘာကြောင့်လဲဆိုတော့ အဓိကကတော့ နားလည်မှုပေါ့ဗျာ...
-အရင်က ကောင်မလေးတွေကရော
မင်းရည်းစားသုံးယောက်ရှိတယ်မလား
-ဟားဟား ဟုတ်ပါဘူးဗျာ
နှစ်ယောက်ထည်းပါ
တစ်ယောက်က နားလည်မှုလွဲနေကြတာ
-ဆိုစမ်းပါဦး အဲ့တစ်ယောက်အကြောင်း
-သူ့နာမည်က ခတ္တာတဲ့
သူက ကျွန်တော့သူငယ်ချင်းပေါ့
အထက်တန်းကျောင်းပြီးကာစမှာတွေ့တာပေါ့လေ
တော်တော်လေးတွဲဖြစ်ကြတော့ အထင်လွဲကြတာ မဆန်းလှပါဘူး
အမှန်ဆိုရင်တော့ ကျွန်တော်သူ့ကို ချစ်တယ်ဗျ
သူ့ကိုလဲပြောပြဖူးပါတယ်
သူကတော့ သူငယ်ချင်းထက် ဘယ်တုန်းကမှ မပိုခဲ့ပါဘူးဗျာ
သူ့ကိုချစ်တဲ့အချစ်က ဖြူစင်တယ်
ရယူပိုင်ဆိုင်လိုမှုရှိတယ်ဆိုပေမဲ့ ပေးဆပ်လိုစိတ်က ပိုများတယ်ဗျ
သူစိတ်ချမ်းသာရင်ပြီးရော အကုန်လုပ်ပေးချင်တာ
ဒါကစိတ်ထဲကပေါ့
အပြင်မှာတော့ အယူအဆမတူတာတွေမှာ အငြင်းသန်တတ်တဲ့သူအချင်းချင်း
ငြင်းခုန်တာတွေရှိတာပေါ့လေ
ကျွန်တော်သူ့ကိုစောင့်တယ်
သူပြန်ချစ်လာနိုင်တဲ့နေ့ကိုပေါ့
အချိန်ကြာလာတာနဲ့အမျှသိလာတာက
သူက သူငယ်ချင်းထက်ဘယ်တော့မှမပိုနိုင်တော့တာပဲ
သူ့မှာ သူ့ချစ်သူရှိလာတယ်
ဘယ်လိုမှမဖြစ်နိုင်တာသေချာတော့မှ ကျွန်တော် လက်လွတ်လိုက်တာ
အခုချိန်အထိတော့ ချစ်နေဆဲပါ ငယ်ကချစ်အနှစ်တစ်ရာ ဆိုသလိုပေါ့လေ...

No comments: