ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Thursday, December 24, 2009

ဆန့်ကျင်ဖက်

“ကောင်းတာတွေ့ရဲ့နဲ့ မစားတာ
အငတ်ခံချင်လို့
လမ်းတွေ့ပါရဲ့နဲ့ မသွားတာ
ခရီးမတွင်ချင်လို့”
ဒီလို ဆရာတော်တပါးဟောဖူးတယ်တဲ့
အဲ့စကားစုလေး တွေ့ပြီးတဲ့အခါမှာ
ကျွန်တော်အတွေးတစ်ခုဝင်လာတယ်
ကောင်းတာတွေ့တိုင်း စားသင့်သလား
လမ်းတွေ့တိုင်းရော သွားသင့်သလား
အစားအစာတစ်ခုဟာ လူတစ်ယောက်အတွက်
အဟာရဖြစ်ပေမဲ့ တခြားတစ်ယောက်အတွက်
အဆိပ်ဖြစ်နေနိုင်တယ်လေ
လမ်းတစ်ခုဟာလဲ တစ်ယောက်အတွက်
နတ်လမ်းဖြစ်သည့်တိုင်အောင်
တခြားတစ်ယောက်အတွက် ငရဲလမ်း မဖြစ်နိုင်ဘူးလား
ဒါကြောင့်
ကိုယ်နဲ့တည့်တာစားပြီး
ကိုယ်နဲ့လိုက်ဖက်သင့်တော်မယ့် လမ်းကိုလျှောက်တာ
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်......

သင့်တော်သလို ဝေဖန်ဆွေးနွေးနိုင်ပါတယ်

ထက်သူရ

2 comments:

Anonymous said...

ထောက်ခံပါတယ်။း)

kh said...

တစ်မဲရပြီ
ဟေ့ ဟေ့