ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, December 25, 2009

အဂုၤလိမာလ

ဇါတ်တော်ထဲမှာ အဂုင်္လိမာလ ဇါတ်ကိုဖတ်တော့
စဉ်းစားမိတာလေးတွေပါ
တစ်ခုက အဂုင်္လိမာလ က ပညာတော်တယ်ပြောတယ်
ပြီးတော့ ဆရာကြီးကလဲ ပါမောက္ခ တစ်ယောက်ပဲ
သူတပါးသွေးခွဲစကားကို အစဉ်းစားမရှိ ယုံကြည်လိုက်တာက
ဘာကြောင့်လဲ သူ့မိန်းမနဲ့ သ၀န်တိုလို့ အမြင်ကန်းသွားတာလား

အဂုင်္လိမာလကရော ဆရာခိုင်းတာနဲ့ တော်၏ရော်၏ မစဉ်းစားပဲ
လုပ်သင့်လို့လား

ပညာရှိသတိဖြစ်ခဲ ဆိုသလိုဖြစ်မှာပေါ့လေ

ထားပါတော့
ကဲ အခု အင်္ဂုလိမာလ လက်ညှိုးတွေလိုက်ဖြတ်ပြီ
လူတစ်ထောင် သတ်ဖို့လိုလာပြီ........
အဲ့မှာစဉ်းစားစရာက လူမှာ လက်ညှိုးနှစ်ချောင်းပါတယ်
အဲ့ဒါဆိုရင် လက်ညှိုးတစ်ထောင်ပြည့်ဖို့ လူ 500 ပဲသတ်ဖို့လိုမယ်

ပြီးတော့ လူတွေရဲ့လက်မှာ ဖြတ်လိုက်ရင် လက်ညှိုးလား
လက်သူကြွယ်လား လက်သန်းလာ မသိနိုင်ဘူးထင်တယ်ဗျ
အဲ့တော့
လူတစ်ယောက်ဆီက လက်ညှိုးပုံစံတူ ရှစ်ခုရပြီဗျာ
အဲ့လိုဆိုရင် လူပေါင်း 125 ယောက်ပဲ သတ်စရာလိုမယ်ဗျာ

ကဲ အဲ့လောက်လူဆိုရင် တော်တော်ကွာသွားပါပြီ
ဘုရင်လဲလာဖမ်းရလောက်အောင် ဖြစ်လာမယ်မထင်ဘူးဗျ.

ပြီးတော့ လူမသတ်ပဲ လက်ပဲဖြတ်ယူလိုက်လို့ရတယ်ဗျာ
သုသာန်က သုဘရာဇာနဲ့ လက်ဝါးရိုက်ပြီးတောင် လုပ်လို့ရသေးတယ်
ဟီးဟီး

ကဲ ဆရာသမားတို့ရော ဘယ်လိုထင်တုန်းဗျ
အဟတ်

ထက်သူရ

3 comments:

kka said...

မဟုတ်ကဟုတ်က ညာဖြီးအာရွှီးဖို့ အင်ထုဖို့အကြံလိုရင် ကိုထက် ကိုသတိရပါ့မယ်ဗျား... :)

Min Khaung Htet said...

သူကအဲလိုပဲ...ကျောင်းက ဆရာမတောင်..ချွေးပြန်စေတဲ့ကောင်လေ..

kh said...

ငါက သေချာမှရစ်တာပါကွာ
ဟီးဟီး