ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Friday, December 25, 2009

ချစ်သူ

ကိုယ်မင်းကိုချစ်တယ်
ပြောခဲ့ဘူးသမျှ ဒီလိုစကားလုံးတွေထဲမှာ
ပေါ့ပျက်ပျက်မပြောခဲ့ပါဘူး
မင်းဟာကိုယ့်အတွက် ရည်းစားဦးဖြစ်သလို
အချစ်ဆုံးလဲဖြစ်ပါတယ်
ကိုယ့်အပေါ်အနွံတာခံတဲ့
ကိုယ့်ရဲ့ဆိုးသွမ်းမှုတွေကို သည်းခံခဲ့တဲ့
ကိုယ့်ကိုချစ်တဲ့
မင်းကို ကိုယ်ပြောမပြတတ်အောင်ချစ်ပါတယ်ကွာ........

ထက်သူရ

No comments: