ထိန့်လိုက်တဲ့အိုးစည်
နှဲကလဲ ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလဲပါသဟေ
ကြောပေါ်မှာကောဇော
အမွှေးရောသနပ်ခါး
ချိုဖျားမှာပိတောက်ပန်းတွေက
တစ်လျှမ်းလျှမ်းရွှေအဆင်း
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မယ့်ဖြစ်ခြင်းးးးး။
ဆရာဇော်ဂျီ
ယနေ့ရောက်လာ ထိုသူငါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ
Wednesday, February 10, 2010
Monday, February 1, 2010
သူငယ်ချင်းများ ၂
သူငယ်ချင်းနောက်တစ်ယောက်
နာမည်ကတော့ ကိုလွင်
သူနဲ့ကျွန်တော်နဲ့က အဖွဲ့ထဲမှာ အများဆုံးတွဲဖြစ်တယ်
အိမ်ချင်းကလဲနီးတာကိုး
ကားနှစ်ဆင့်စီးရတာ ဟီးဟီး
သူနဲ့ကျွန်တော်နဲ့က တော်တော်လေး အတွဲညီတယ်ဗျ
ငယ်ဘ၀အဖြစ်အပျက်တင်မက
ကြီးလာတဲ့အခုအရွယ်အထိ အဖြစ်အပျက်တွေက
တူနေတတ်ကြတာ
အိမ်ကိစ္စ တွေမှာလဲတူကြတယ်
မိသားစုရေးရာလဲ နဲနဲဆင်တယ်
ကုန်ကုန်ပြောရရင်
ရည်းစားရတာတောင် သိပ်မကွာဘူး အချိန်ပြောပါတယ်
ပြီးတော့ အဲ့ရည်းစားတွေနဲ့ပြတ်တော့လဲ သိပ်မကွာဘူး
ဟီးဟီးးးးး အဲ့လို
သူနဲ့ပါတ်သက်ရင်တော့ ပြောစရာရှိတာက
သူကကျောင်းမှာ ကျွန်တော်တို့နဲ့ခင်တဲ့
သူနဲ့ တစ်မြို့နယ်ထဲ သူငယ်ချင်းကောင်မလေးတစ်ယောက်ကို
ကြိုက်တယ်ဗျ
ခက်တာက ဟိုက သူငယ်ချင်းကမတက်ချင်ဘူး
အဲ့တော့ ဒီကောင်ခံစားရရော
ဟိုကောင်မလေးကလဲဘာလို့မကြိုက်လဲစဉ်းစားမရဘူးဗျ
ဒီကောင်က ကျွန်တော်တို့ထဲမှာ အဖြောင့်ဆုံးဗျ
ကျောရိုးမဟုတ်ဘူးနော်
အဟတ်
ကောလိပ်ဂျင်နေ၀င်းဒီဇိုင်းနဲ့လေ
အဲ့လောက်ဆိုမြင်လောက်ပါပြီ
အဟတ် အဟတ်
အခုတော့ ကောင်မလေးက နိုင်ဂျံဂါး အဲလေ နိုင်ငံခြားမှာ
သူကတော့မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်နေပါတယ်
တွေ့တော့တွေ့ဖြစ်တယ်ပေါ့ဗျာ
သူငယ်ချင်းတွေထဲမှာ အများဆုံးတွေ့ဖြစ်တဲ့သယ်ရင်းပေါ့
သယ်ရင်းကောလိပ်ဂျင် အတွက်
ဟီးဟီး
ထက်သူရ

Wish
Beloved!!!
Pretense is not necessory
Give me a trust
To build understanding within us
Truth is the main part
From Light Journal.
Htet Thura
Pretense is not necessory
Give me a trust
To build understanding within us
Truth is the main part
From Light Journal.
Htet Thura
Friday, January 29, 2010
အမေ
ဘာလိုလိုနဲ့ အမေကျွန်တော့ကိုခွဲသွားတာ
ငါးနှစ်ကျော် ခြောက်နှစ်ဖြစ်နေပြီနော်
အမေ့ကိုကျွန်တော်မမေ့သေးပါဘူးအမေရယ်
ကျွန်တော်အခုလို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ကြိုးစားပေးခဲ့တဲ့အမေ့ကို ကျွန်တော် သတိရနေပါတယ်ဗျာ
ကျွန်တော်အမေဆုံးတော့ ၀မ်းမနဲခဲ့ပါဘူး
ကျွန်တော့ကို အသဲမာတဲ့သူလို့ပြောကြတယ်
တကယ်က ကျွန်တော်အသဲမမာခဲ့ပါဘူး
ကြိတ်ငိုခဲ့ရတာများလို့ ကျွန်တော် မျက်ရည်ခမ်းသွားတာလဲပါမှာပေါ့လေ
ကျွန်တော်မငိုခဲ့ပါဘူး
ဘာလို့လဲဆိုတော့
ကျွန်တော် အမေ့ကို အကောင်းဆုံးလုပ်ကျွေးလိုက်နိုင်ခဲ့တယ်လေ
အမေနဲ့ပတ်သက်ပြီး ကျွန်တော်ဝမ်းနဲတာက
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အမေမရှိနိုင်တာပဲ
အမေအရမ်းမြင်ချင်ခဲ့တဲ့ ဘွဲ့ကို ကျွန်တော်ရအောင်ယူနိုင်ခဲ့တယ်
ဒါပေမဲ့ အမေနဲ့အတူ မှတ်တမ်းဓါတ်ပုံလေးတောင်
မယူခဲ့နိုင်ဘူး ဒါတော့ဝမ်းနဲတယ်ဗျာ
အခုအချိန် အမေရှိနေရင် အရမ်းကောင်းမှာပဲလို့
ကျွန်တော်တွေးမိတယ်
အမေ့ကို ကျွန်တော် အရင်ကထက်ပိုပြီးလုပ်ကျွေးနိုင်မှာပေါ့
ကျွန်တော်လဲ အရင်ကလို ချွေတာတတ်တဲ့သူအဖြစ်ပဲ
ဆက်ရှိနေမှာပေါ့လေ
ဒါပေမဲ့ ဖြစ်ပြီးတာတွေလဲဖြစ်ပြီးသွားပြီပဲ
အခုဆိုရင် လူ၉ယောက်ရှိတဲ့အိမ်မှာ
လူလေးယောက်ပဲကျန်တော့တယ်
ကျွန်တော် အိမ်ထောင်ဦးစီးတစ်ယောက်လို
အဓိကငွေရှာတဲ့သူဖြစ်နေပြီ
တစ်ခါတစ်လေတွေးမိတယ်ဗျာ
ကျွန်တော် ကိုယ့်အတွက်လူဖြစ်လာတာမဟုတ်ပဲ
မိသားစုအတွက် တစ်ခြားသူတွေအတွက်
လူဖြစ်လာရတာလားလို့
ဒါပေမဲ့ ကျွန်တော်အခုပြန်ကြည့်နေရတဲ့သူတွေကလဲ
ကျွန်တော့အပေါ်ကောင်းခဲ့ကြတာပါပဲလေ
အမေရှိရင် ကျွန်တော်လုပ်နေတာတွေနဲ့ပတ်သက်ပြီး
သာဓုခေါ်နေမှာပါ
ကျွန်တော်ကိုယ်ပိုင်ဘ၀တစ်ခုမထူထောင်ခင်မှာ
အိမ်မှာရှိတဲ့သူတွေရဲ့ဘ၀အဆင်ပြေအောင်
ကျွန်တော်အစွမ်းရှိသလောက်ကြိုးစားပေးပြီးမှ
ကျွန်တော့အတွက် ကျွန်တော့ချစ်သူ အမေ့ချွေးမလေးအတွက်
ဘ၀တစ်ခုကို တည်ထောင်သွားမှာပါ အမေရယ်
အမေ့ကို အရမ်းသတိရတယ်ဗျာ

သူငယ်ချင်းများ ၁
ကိုမျိုး အကြောင်းပဲဆက်ပြောမယ်
ဒီကောင်က အရမ်းရိုးတယ်
ကျွန်တော်တို့ထဲမှာအရိုးဆုံးပဲ
ဒီကောင်က စေသနာလည်းအရမ်းကောင်းတာ
သူငယ်ချင်းတွေအိမ်မှာအလှူရှိလို့ လာကြရင်
သူပျောက်နေတတ်တယ်
ဘယ်ပျောက်နေလဲ သွားရှာရင်
တစ်နေရာပဲရှာစရာလိုတယ်
အဲ့ဒါကတော့ ပန်းကန်ဆေးတဲ့နေရာ
လူရှိရှိ မရှိရှိ သူကဒိုင်ခံဆေးပေးနေတာ
မလုပ်နဲ့ဆိုလဲမရဘူး
ဒီတော့လဲ သူငယ်ချင်းအိမ်တွေအကုန်က ချစ်ကြတယ်ပေါ့လေ
ခက်တာက အလွဲအရမ်းလုပ်တာ
အလုပ် ၁၀ ခုလုပ်ရင် ၉ခုလောက်ကလွဲနေတတ်တာ
အဲ သူတစ်ခါလုပ်တာသူငယ်ချင်းတစ်ယောက်
တော်တော်လေးတိုင်ပတ်သွားသေးတယ်
ဘာလဲဆိုတော့
ကျောင်းခန်းထဲမှာ သူကြိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်
နာမည်ကလဲဆင်တယ်
သူက YMT ကောင်မလေးနာမည်ကလဲ YMT
ဒီတော့စကြတာပေါ့လေ
တစ်နေ့ သူ့မွေးနေ့မှာ ကောင်မလေးကို စာအုပ်လက်ဆောင်ပေးတယ်
ူသူငယ်ချင်းလဲမဟုတ်ဘာမှလဲမဟုတ်ပဲနဲ့ သွားပေးတယ်
ဘယ်လိုပေးလိုက်လဲတော့မသိဘူး
ကျွန်တော်တို့လဲမသိလိုက်ဘူးဗျ
နောက်နေ့ကျတော့ ထောက်ကြံ့မှာနေတဲ့တစ်ယောက်က
အစောကြီးကျောင်းရောက်နေတာ
ကျွန်တော်တို့လဲမရောက်သေးဘူး
အဲ့မှာ သူကြိုက်နေတဲ့ကောင်မလေးက
ကျွန်တော်တို့သူငယ်ချင်းရှေ့မှာစာအုပ်ကိုဘုန်းခနဲပစ်ချပြီး
ကိုမျိုးကိုပြောလိုက် နောက်ဘယ်တော့မှဒီိလိုမလုပ်ပါနဲ့ဆိုပြီး
ဟောက်သွားတယ်တဲ့
သူလဲဘာမှန်းမသိခံလိုက်ရတာပေါ့
ဘာမှန်းမသိပဲ တောင်းပန်လိုက်ရသေးတယ်တဲ့
ကျောင်းရောက်တော့မှသူကအကြောင်းစုံရှင်းပြတယ်
သူစာအုပ်ပေးလိုက်တယ်ပေါ့
အိမ်မှာသွားပေးတယ်ဆိုလားပဲ
အိမ်ကြောက်တဲ့သူကိုအိမ်မှာသွားပေးတယ်ဆိုတော့
ဟိုက ဒေါသထွက်တာပေါ့
အဲ့ကနေစပြီး ကောင်မလေးက သူ့ကိုလုံးဝမကြည်တော့ဘူး
အမှန်ကအစထဲကမကြည်တာ
အခုကျောင်းပြီးတဲ့အထိ သူကတော့ကြိုက်နေတုန်းပေါ့လေ
ကျွန်တော်တို့နောက်ရင်တော့ မျက်နှာငယ်လေးနဲ့
ဟိုကတော့သူ့ကို ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူး
သနားစရာတော့ကောင်းသား
ကောင်မလေး ဒီပို့စ်ဖတ်မိရင်တော့ ပြန်ကြိုက်လိုက်ပါဗျာလို့ပြောချင်တယ်ဗျ
အဟတ် အဟတ်
သူလွဲတာတွေကတော့တစ်ပုံကြီးပဲ
ကျွန်တော်သတိရတာလေးတွေကြုံရင်ကြုံသလိုရေးပေးပါမယ်
အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျ
စေသနာကောင်းလွန်းတဲ့ သူငယ်ချင်းအလွဲလေးအတွက်

Subscribe to:
Posts (Atom)